MySport Myanmar

၁၆နှစ်အရွယ် ဆဲလ်တစ်လူငယ်ကြယ်ပွင့် ဘန်ဒေါ့ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ လီဗာပူး

GLASGOW, SCOTLAND - FEBRUARY 02: Ben Doak in action for Celtic during a cinch Premiership match between Celtic and Rangers at Celtic Park, on February 02, 2022, in Glasgow, Scotland. (Photo by Alan Harvey/SNS Group via Getty Images)

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးဟာ စကော့တလန် ထိပ်သီးကလပ် ဆဲလ်တစ်ရဲ့ လူငယ်ကြယ်ပွင့် ကစားသမား ဘန်ဒေါ့ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ ဘန်ဒေါ့ဟာ ဆဲလ်တစ်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး တောင်ပံတိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဘန်ဒေါ့ဟာ အသက် ၁၆နှစ်သာ ရှိသေးပေမယ့် ယခုနှစ် ဘောလုံးရာသီမှာပဲ ဆဲလ်တစ် အတွက် သူ့ရဲ့ ပထမဦးဆုံး ပွဲဦးထွက်ကို ပါဝင် ကစားပေးခွင့် ရခဲ့သလို ကစားခွင့် ရထားတဲ့ ၂၅မိနစ် အတွင်းမှာလည်း သူ့ရဲ့ အကြောက်အလန့် ကင်းတဲ့ ကစားဟန်ကို ကောင်းကောင်းကြီး ထုတ်ပြထားနိုင်သူပါ။

ဒါကြောင့်ပဲ လီဗာပူးရဲ့ ကင်းထောက်တွေက ဘန်ဒေါ့ကို ခေါ်ယူဖို့ စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးဟာ ဘန်ဒေါ့ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်ထားသလို ဘန်ဒေါ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကိုလည်း ပေးချေဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

Photo Credit: Express

ဆဲလ်တစ်နဲ့ ပရော်ဖက်ရှင်နယ်စာချုပ် မချုပ်ဆိုရသေးတဲ့ ဘန်ဒေါ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၁သိန်းခွဲ ဝန်းကျင် ရှိပြီး လီဗာပူးရဲ့ တာဝန်ရှိသူတွေက ဘန်ဒေါ့ကို အနာဂတ်ရဲ့ ကြယ်ပွင့်တဦး အဖြစ် သတ်မှတ်ထားတာကြောင့် ဘန်ဒေါ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေဖို့ ပြင်ဆင်နေကြောင်း လီဗာပူးနဲ့ နီးစပ်သူတွေကပါ အတည်ပြုထားကြပါတယ်။

Exit mobile version