လီဗာပူးလ် အသင်းခေါင်းဆောင် ဟန်ဒါဆန်က အင်္ဂလန် လက်ရွေးစင် အသင်းဖော် နဲ့ ဒေါ့မွန်တောင်ပံ ကစားသမား ဆန်ချိုဟာ နောက်ခံလူတွေကို အလွယ်အကူ ကျော်ဖြတ်နိုင်တယ်လို့ ပြောခဲ့ပြီး ဆန်ချိုအတွက်တော့ ကောင်းကင်ကပဲ အကန့်အသတ် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဆန်ချိုဟာ လက်ရှိရာသီမှာ ဂျာမနီဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက ဒေါ့မွန်အသင်းအတွက် ပွဲစဉ် (၄၀) ကစားခဲ့ရာမှာ သွင်းဂိုး (၂၀) သွင်းယူထားခဲ့ပြီး နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန် လက်ရွေးစင်အသင်းမှာလည်း ပွဲထွက် ကစားနိုင်ဖို့ ပုံမှန် နေရာရနေတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: Goal

တောင်ပံ ကစားသမား ဆန်ချိုဟာ အရင်က ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကစားခဲ့ပြီး လက်ရှိမှာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကနေ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြန်လာချင်နေတာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်ယူအသင်း နဲ့ ချဲလ်ဆီးအသင်းက သူ့ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေပါတယ်။ ဆန်ချိုကတော့ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်စီးတီးအသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းသွားခဲ့ပြီး လီဗာပူးလ် နဲ့ အင်္ဂလန် နောက်ခံလူ ဟန်ဒါဆန်ကတော့ ကောင်းကင်ကပဲ ဆန်ချိုအတွက် အကန့်အသတ် ဖြစ်တယ်လို့ ချီးကျူး ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

ဟန်ဒါဆန်က “လူတွေ များစွာက ဆန်ချို အကြောင်းကို ပြောနေကြတယ်။ သူကတော့ ထိပ်သီး ကစားသမား နဲ့ စပယ်ရှယ် ကစားသမားပါပဲ။ သူက လေ့ကျင့်ရေးကွင်းမှာ ဆိုရင် ခြားနားတယ်။ သူက ထက်မြက်တော့ နောက်ခံ ကစားသမားတွေကို အလွယ်အကူ ကျော်ဖြတ်ကစားနိုင်တယ်။ သူက တကယ် ထက်မြက်ပြီး ထူးချွန်တယ်။ သူက ဘောလုံးကို ချစ်တယ်။ တိုးတတ်ချင်တယ်။ စကားနားထောင်တယ်။ သင်ယူတယ်။ ဒါကြောင့် တကယ်လို့ သူကသာ ဒီပုံစံအတိုင်း ဆက်ပြီး ကစားနိုင်မယ် ဆိုရင် သူ့အတွက်တော့ ကောင်းကင်ကပဲ အကန့်အသက် ဖြစ်ပါတယ်။ သူ ဆက် ကြိုးစားဖို့ နဲ့ သူရဲ့ ဘေးနားက လူတွေရဲ့ စကားကို နားထောင်ဖို့ လိုတယ်။ သူ ကစားနေတဲ့ ပုံစံ အတိုင်း ဆက်ကစားရမယ်။ သူက အင်္ဂလန် နဲ့ ဒေါ့မွန်အတွက် ထူးချွန်ပါတယ်”လို့ ပြောသွားပါတယ်။