မန်ယူအသင်း ညာနောက်ခံကစားသမားဟောင်း ဝက်စ် ဘရွန်က လက်ရှိ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ (၁၉၉၉) ခုနှစ်က ပရီးမီးယားလိဂ် ဖလား၊ အက်ဖ်အေဖလား နဲ့ ချန်ပီယံ လိဂ် ဖလားတို့ကို ရရှိခဲ့တဲ့ နည်းပြ ဖာဂူဆန်ရဲ့ မန်ယူအသင်းကို မယှဉ်နိုင်ဘူးလို့ ပြောပါတယ်။ မန်ယူအသင်းဟာ နည်းပြ ဖာဂူဆန်ရဲ့ လက်ထက်က (၁၉၉၉) ခုနှစ်မှာ ပရီးမီးယားလိဂ် ဖလား၊ အက်ဖ်အေ ဖလား နဲ့ ချန်ပီယံလိဂ် ဖလားတို့ကို ရရှိနိုင်တာကြောင့် မန်ယူအသင်းရဲ့ သမိုင်းမှာ အအောင်မြင်ဆုံး ခုနှစ် အဖြစ် သတ်မှတ်ခံရပြီး တကယ်လည်း အောင်မြင်မှု ကြီးမားခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ (၂၀၁၉) ခုနှစ်မှာ ချန်ပီယံလိဂ် ဖလား၊ စူပါဖလား နှင့် ကလပ်ကမ္ဘာ့ဖလားတို့ကို ရရှိခဲ့ပြီး လက်ရှိရာသီမှာ (၂၀၂၀) ခုနှစ်မှာလည်း နှစ် (၃၀) ကြာ မရနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ အလွန် သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံး ပရီးမီးယားလိဂ် အသင်းအဖြစ် သတ်မှတ်ခံထားနေရပေမဲ့ မန်ယူအသင်းရဲ့ ညာနောက်ခံ ကစားသမားဟောင်း ဝက်စ် ဘရွန်က (၁၉၉၉) ခုနှစ်က မန်ယူအသင်းကိုတော့ မယှဉ်နိုင်ပါဘူးလို့ ပြောသွားပါတယ်

Photo Credit: Goal

မန်ယူ နောက်ခံ ကစားသမားဟောင်း ဝက်စ် ဘရွန်က “လက်ရှိ လီဗာပူးလ်အသင်းက အလွန် ကောင်းမွန်တဲ့ အသင်းပါ။ သူတို့ဟာ လက်ရှိရာသီမှာ လိဂ်ပြိုင်ပွဲကို စိုးမိုးထားပါတယ်။ ဒါပေမဲ့ ဆုဖလား (၃) ခု ရရှိခဲ့တဲ့ မန်ယူအသင်းနဲ့တော့ ယှဉ်လို့ကို မရပါဘူး။ ဒါက ကျွန်တော့်အတွက် ပြောစရာတောင် မလိုတဲ့ အရာပါပဲ။ တစ်သင်းသင်းက ဆုဖလား (၃) ခု ရရှိနိုင်တဲ့ အချိန်မှာပဲ ယှဉ်လို့ ရမှာပါ။ ဆုဖလား (၃) ခု ရတာက တကယ် ခက်ခဲတဲ့ အရာပါပဲ”လို့ ပြောသွားပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ (၁၉၉၉) ခုနှစ်က မန်ယူအသင်းရဲ့ ဆုဖလား (၃) ခု အောင်မြင်မှုကို မယှဉ်နိုင်ကောင်း မယှဉ်နိုင်ဘူးလို့ သတ်မှတ်နိုင်ပြီး လက်ရှိမှာကတော့ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းအနေနဲ့ လီဗာပူးလ်အသင်းရဲ့ အောင်မြင်မှုကို ယှဉ်နိုင်ဖို့ မလွယ်လျက် ရှိပါတယ်။