ေလာ္ရစ္ကာရီးယက္စ္လုိ႔ ေျပာလုိက္တာနဲ႔ လီဗာပူးလ္ပရိသတ္ေတြရဲ႕ စိတ္အာရုံထဲမွာ ရီးရဲလ္မက္ဒရစ္ကို ရွုံးနိမ့္ၿပီး ခ်န္ပိယံလိဂ္ဖုိင္နယ္မွာ ဒုတိယေနရာနဲ႔ ေက်နပ္လုိက္ရတဲ႔ ပုံရိပ္ဆုိးေတြကုိ ျပန္လည္ျမင္ေယာင္ေစရၿပီး ရင္နာေစခဲ႔ရပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဒီပြဲမွာ ဂုိးသမားကာရီးယက္စ္က မျပဳလုပ္သင့္တဲ႔ အမွားေတြကုိ က်ဴးလြန္ခဲ႔လုိ႔ လီဗာပူးလ္အသင္းမွာ ေပးဆပ္မႈ ႀကီးမားသြားခဲ႔ရပါတယ္။ အဲ႔ဒီအခ်ိန္ကေနစၿပီး ကာရီးယက္စ္ကုိ လီဗာပူးလ္မွာ ဆက္လက္ျမင္ေတြ႔ရျခင္းမရွိေတာ့ပဲ ကာရီးယက္စ္မရွိေတာ့တဲ႔ ေနာက္မွာပဲ လီဗာပူးလ္အသင္းကလည္း သူတုိ႔မပုိင္ဆုိင္လုိက္ရတဲ႔ ခ်န္ပီယံလိဂ္ဖလားကုိ ျပန္လည္ရယူႏိုင္ခဲ႔ပါတယ္။

Photo Credit : Getty Images

ေဘာလုံးသမားဆုိတာ လူသားတစ္ေယာက္လုိ႔ ျဖစ္ေနတာေၾကာင့္ သူတုိ႔လည္း အမွားနဲ႔မကင္းႏုိင္ဘူးလုိ႔ သတ္မွတ္ႏုိင္ေပမယ့္ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲေနရာမွာ မွားယြင္းခဲ႔တာမ်ိဳးၾကေတာ့ ဒီအမွားေတြကုိ ကုစားႏုိင္ဖိ႔ု လစ္လ်ဴရွုေပးႏုိင္ဖုိ႔က ေတာ္ရုံနဲ႔မလြယ္ပါဘူး။ ဒါေၾကာင့္ လီဗာပူးလ္အသင္းက အယ္လီဆင္ဘတ္ကာကုိ ရုိးမားအသင္းကေန ေစ်းႀကီးေပးေခၚယူခဲ႔သလုိ ကာရီးယက္စ္ကုိလည္း တူရကီထိပ္သီးကလပ္ ဘက္ရွီးတက္စ္အသင္းဆီ ၂ရာသီအငွားနဲ႔ အငွားခ်ခဲ႔ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာ လီဗာပူးလ္က ဂုိးသမားမလုံေလာက္တဲ႔ ျပသာနာႀကံဳေနခ်ိန္မုိ႔ ကာရီးယက္စ္ကုိ ျပန္လည္ေခၚယူမလားဆုိၿပီး ေမွ်ာ္လင့္ခဲ႔ၾကပါတယ္။

Photo Credit : Getty Images

လီဗာပူးလ္အသင္းရဲ႕ နံပါတ္တစ္ဂုိးသမား အယ္လီဆင္က ပရီးမီးယားလိဂ္အဖြင့္ပြဲမွာပဲ ဒဏ္ရာရရွိသြားခဲ႔လုိ႔ လာမယ့္ရက္သတၱပတ္၄ပတ္ေလာက္ အနားယူသြားရမွာျဖစ္လုိ႔ ဘရုေဂးအသင္းဆီ ေျပာင္းေရႊ႔သြားခဲ႔တဲ႔ မစ္ဂႏုိလက္ေနရာမွာ အစားဝင္လာခဲ့တဲ႔ ဂုိးသမားသစ္ အက္ဒရီယန္က ပြဲထြက္ဂုိးသမားအျဖစ္ ေဆာင္ရႊက္ရမွာျဖစ္ေပမယ့္လည္း အရန္ဂုိးသမားေနရာအတြက္ လက္ရွိအရန္ဂုိးသမားေတြက ဒဏ္ရာရရွိေနလုိ႔ အသင္းလက္မဲ႔ျဖစ္ေနတဲ႔ ဝါရင့္ဂုိးသမားႀကီး အန္ဒီေလာ့နီဂန္ကုိ ေျပာင္းေရႊ႔ေၾကးမဲ႔နဲ႔ ေခၚယူခဲ႔ပါတယ္။ ေလာ့နီဂန္က လီဗာပူးလ္ရဲ႕ ရာသီႀကိဳေျခစမ္းပြဲေတြမွာကတည္းက အသင္းနဲ႔ လာေရာက္ပူးေပါင္းခဲ႔တဲ႔ အသက္၃၅ႏွစ္အရႊယ္ ဂုိးသမားႀကီးျဖစ္ပါတယ္။

Photo Credit : Getty Images

ေလာ့နီဂန္ဟာ ပရီးမီးယားလိဂ္ ထိပ္သီးအသင္းေတြမွာ မကစားခဲ႔ဖူးပဲ လိဂ္ခ်န္ပီယံရွစ္ေတြမွာသာ က်င္လည္ခဲ႔ဖူးတဲ႔ ဂုိးသမားျဖစ္လုိ႔ သူ႔လုိ Low Profile ျဖစ္ေနတဲ႔ ဂုိးသမားထက္ ကာရီးယက္စ္ကုိ ျပန္ေခၚေစခ်င္တာျဖစ္ပါတယ္။ ဒါေပမယ့္ လီဗာပူးလ္ဟာ ဒီ အသက္၂၆ႏွစ္အရႊယ္ ဂုိးသမားေဟာင္းကုိ အသင္းဆီ ျပန္လည္မေခၚယူခဲ႔ရတာက ဘက္ရွီးတက္စ္အသင္းနဲ႔ ခ်ဳပ္ဆုိထားတဲ႔ စာခ်ဳပ္ပါအခ်က္အလက္ေၾကာင့္ျဖစ္ၿပီး စာခ်ဳပ္ထဲမွာ အငွားသက္တမ္း၂ႏွစ္တာအတြင္း အသင္းဆီ ျပန္လည္ေခၚေဆာင္ျခင္း မျပဳရလုိ႔ ထည့္သြင္းခ်ဳပ္ဆုိထားခဲ႔တာေၾကာင့္ ကာရီးယက္စ္ကုိ ျပန္ေခၚဖုိ႔ထက္ ေလာ့နီဂန္ကုိသာ ေခၚယူလုိက္ရတာပဲျဖစ္ပါတယ္။

(Unicode)

လော်ရစ်ကာရီးယက်စ်လို့ ပြောလိုက်တာနဲ့ လီဗာပူးလ်ပရိသတ်တွေရဲ့ စိတ်အာရုံထဲမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ချန်ပိယံလိဂ်ဖိုင်နယ်မှာ ဒုတိယနေရာနဲ့ ကျေနပ်လိုက်ရတဲ့ ပုံရိပ်ဆိုးတွေကို ပြန်လည်မြင်ယောင်စေရပြီး ရင်နာစေခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပွဲမှာ ဂိုးသမားကာရီးယက်စ်က မပြုလုပ်သင့်တဲ့ အမှားတွေကို ကျူးလွန်ခဲ့လို့ လီဗာပူးလ်အသင်းမှာ ပေးဆပ်မှု ကြီးမားသွားခဲ့ရပါတယ်။ အဲ့ဒီအချိန်ကနေစပြီး ကာရီးယက်စ်ကို လီဗာပူးလ်မှာ ဆက်လက်မြင်တွေ့ရခြင်းမရှိတော့ပဲ ကာရီးယက်စ်မရှိတော့တဲ့ နောက်မှာပဲ လီဗာပူးလ်အသင်းကလည်း သူတို့မပိုင်ဆိုင်လိုက်ရတဲ့ ချန်ပီယံလိဂ်ဖလားကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဘောလုံးသမားဆိုတာ လူသားတစ်ယောက်လို့ ဖြစ်နေတာကြောင့် သူတို့လည်း အမှားနဲ့မကင်းနိုင်ဘူးလို့ သတ်မှတ်နိုင်ပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲနေရာမှာ မှားယွင်းခဲ့တာမျိုးကြတော့ ဒီအမှားတွေကို ကုစားနိုင်ဖို့ လစ်လျူရှုပေးနိုင်ဖို့က တော်ရုံနဲ့မလွယ်ပါဘူး။ ဒါကြောင့် လီဗာပူးလ်အသင်းက အယ်လီဆင်ဘတ်ကာကို ရိုးမားအသင်းကနေ စျေးကြီးပေးခေါ်ယူခဲ့သလို ကာရီးယက်စ်ကိုလည်း တူရကီထိပ်သီးကလပ် ဘက်ရှီးတက်စ်အသင်းဆီ ၂ရာသီအငှားနဲ့ အငှားချခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ လီဗာပူးလ်က ဂိုးသမားမလုံလောက်တဲ့ ပြသာနာကြုံနေချိန်မို့ ကာရီးယက်စ်ကို ပြန်လည်ခေါ်ယူမလားဆိုပြီး မျှော်လင့်ခဲ့ကြပါတယ်။

Photo Credit : Getty Images

လီဗာပူးလ်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား အယ်လီဆင်က ပရီးမီးယားလိဂ်အဖွင့်ပွဲမှာပဲ ဒဏ်ရာရရှိသွားခဲ့လို့ လာမယ့်ရက်သတ္တပတ်၄ပတ်လောက် အနားယူသွားရမှာဖြစ်လို့ ဘရုဂေးအသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ မစ်ဂနိုလက်နေရာမှာ အစားဝင်လာခဲ့တဲ့ ဂိုးသမားသစ် အက်ဒရီယန်က ပွဲထွက်ဂိုးသမားအဖြစ် ဆောင်ရွှက်ရမှာဖြစ်ပေမယ့်လည်း အရန်ဂိုးသမားနေရာအတွက် လက်ရှိအရန်ဂိုးသမားတွေက ဒဏ်ရာရရှိနေလို့ အသင်းလက်မဲ့ဖြစ်နေတဲ့ ဝါရင့်ဂိုးသမားကြီး အန်ဒီလော့နီဂန်ကို ပြောင်းရွှေ့ကြေးမဲ့နဲ့ ခေါ်ယူခဲ့ပါတယ်။ လော့နီဂန်က လီဗာပူးလ်ရဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာကတည်းက အသင်းနဲ့ လာရောက်ပူးပေါင်းခဲ့တဲ့ အသက်၃၅နှစ်အရွှယ် ဂိုးသမားကြီးဖြစ်ပါတယ်။

Photo Credit : Getty Images

လော့နီဂန်ဟာ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေမှာ မကစားခဲ့ဖူးပဲ လိဂ်ချန်ပီယံရှစ်တွေမှာသာ ကျင်လည်ခဲ့ဖူးတဲ့ ဂိုးသမားဖြစ်လို့ သူ့လို Low Profile ဖြစ်နေတဲ့ ဂိုးသမားထက် ကာရီးယက်စ်ကို ပြန်ခေါ်စေချင်တာဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးလ်ဟာ ဒီ အသက်၂၆နှစ်အရွှယ် ဂိုးသမားဟောင်းကို အသင်းဆီ ပြန်လည်မခေါ်ယူခဲ့ရတာက ဘက်ရှီးတက်စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အလက်ကြောင့်ဖြစ်ပြီး စာချုပ်ထဲမှာ အငှားသက်တမ်း၂နှစ်တာအတွင်း အသင်းဆီ ပြန်လည်ခေါ်ဆောင်ခြင်း မပြုရလို့ ထည့်သွင်းချုပ်ဆိုထားခဲ့တာကြောင့် ကာရီးယက်စ်ကို ပြန်ခေါ်ဖို့ထက် လော့နီဂန်ကိုသာ ခေါ်ယူလိုက်ရတာပဲဖြစ်ပါတယ်။