လီဗာပူးလ်အသင်းဟာ လက်ရှိမှာ အသင်းရဲ့ ကွင်းလယ် ကစားသမားတွေဖြစ်သော ဂျော်ဒန် ဟန်ဒါဆန် နဲ့ ဖာဘင်ဟိုတို့ နှစ်ဦးစလုံးကို ဆော်ဒီ ကလပ်အသင်းတွေဆီ လက်လွတ်သွားရနိုင်တာကြောင့် ချယ်လ်ဆီး ပစ်မှတ်ထားနေတဲ့ ဘရိုက်တန် ကွင်းလယ်လူ မွိုက်စ် ကိုင်စီဒိုကို ကြားဖြတ် ကြိုးပမ်းလာနိုင်တယ်လို့ သိရပါတယ်။

Liverpool midfielders Jordan Henderson (left) and Fabinho (right) could leave the club amid interest from the Saudi Pro League

Photo Credit : Daily Mail

လက်ရှိမှာ လီဗာပူးလ်က အသင်းရဲ့ အသင်းခေါင်းဆောင် ဝါရင့် ကွင်းလယ် ကစားသမားကြီး ဟန်ဒါဆန်ကို စတီဗင် ဂျရတ်ရဲ့ အယ်လ်အက်တီဖက်အသင်းဆီ လက်လွတ်ရဖို့ အခြေအနေ အရမ်းများနေပြီး နောက်ထပ် ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဖာဘင်ဟိုကိုလည်း အယ်လ်အတ်တီဟတ်အသင်းက ခေါ်ယူချင်နေပါတယ်။ ဒါ့အပြင် အသင်းရဲ့ စပိန် ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကလည်း ဒီနွေမှာပဲ အသင်းနဲ့ လမ်းခွဲဖို့ ရှိနေပြန်တာကြောင့် လီဗာပူးလ်က ကွင်းလယ် ကစားသမားသစ်တွေ ခေါ်ယူမှုတွေကို ထပ်မံ လုပ်ဆောင်ရဖို့ ရှိနေပါတယ်။

လီဗာပူးလ်က ဒီနွေမှာ အလက်ဆစ် မယ်အယ်လစ္စတာ နဲ့ ဒိုမနစ် ဆိုဘိုဆလိုင်းတို့လို ကွင်းလယ် ကစားသမားတွေကိုသာ ခေါ်ယူ ဖြည့်တင်းထားခဲ့ပေမယ့်လည်း လက်ရှိ အခြေအနေတွေကြောင့် ဆောက်သမ်တန် ကွင်းလယ်လူ ရိုမရို လာဗီယာ အပြင် ချယ်လ်ဆီးနဲ့ သတင်းအတော်လေး ထွက်ပေါ်နေတဲ့ မွိုက်စ် ကိုင်စီဒိုကိုပါ ကြိုးပမ်းလာဖို့ ရှိနေပါတယ်။ လက်ရှိ အနေအထားတွေအရ လီဗာပူးလ်အနေနဲ့ ဟန်ဒါဆန် နဲ့ သီယာဂိုတို့ကို လက်လွတ်ရဖို့ များနေတာကြောင့် ကိုင်စီဒို ဒါမှမဟုတ် လာဗီလာ တစ်ဦးဦးကိုတော့ ပြန်လည် ခေါ်ယူဖို့ ရှိနိုင်ပါတယ်။

The Reds will reportedly consider a move for Brighton's £100m Moises Caicedo amid their midfield exodus this summer

Photo Credit : Daily Mail

ဒီလိုမှ မဟုတ်ပဲ ဖာဘင်ဟိုအထိပါ လက်လွတ်ရဦးမယ်ဆိုရင်တော့လည်း လာဗီယာထက် ကိုင်စီဒိုကို ပိုမို ဦးစားပေး ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။ ကိုင်စီဒိုကိုယ်တိုင်ကလည်း ဒီနွေမှာ ဘရိုက်တန်ကနေ သေချာပေါက် ထွက်ခွာသွားချင်နေပြီး ချယ်လ်ဆီးရဲ့ စိတ်ဝင်စားနေမှုကို သူဘယ်လိုမှ မငြင်းဆန်နိုင်ကြောင်းပါ ဖွင့်ဟထားပါသေးတယ်။ ဒီလို ချယ်လ်ဆီးကို ပြောင်းရွှေ့ချင်နေတဲ့ ကိုင်စီဒိုကို လီဗာပူးလ်တို့ ဘယ်လို ကြားဖြတ် ကြိုးပမ်းသွားနိုင်မလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။