လက်ရှိဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ဖို့ ကျိန်းသေလုနီးပါး ဖြစ်နေပြီဖြစ်တဲ့ လီဗာပူးလ်အသင်းဟာ သူတို့အသင်းရဲ့ လူအင်အား တိုးတက်လာဖို့အတွက် အဆက်မပြတ်ဆိုသလို ကမ်းလှမ်းမှုတွေကို ဆက်တိုက် ပြုလုပ်နေပါတယ်။ အင်္ဂလန် သတင်းစာတွေရဲ့အဆိုအရ လီဗာပူးလ် အသင်းဟာ ဂိုးသမားတစ်ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
Photo Credit: Express.com
လီဗာပူးလ်အသင်း ပစ်မှတ်ထားနေတဲ့ ဂိုးသမားဟာ တူရကီကလပ် ထရက်ဇွန်စပေါ် အသင်းရဲ့ ဂိုးသမား ချကားဖြစ်ပြီး လီဗာပူးလ် ဟာ သူ့ကို ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှု တစ်ကြိမ် ပြုလုပ်ထားပြီးပြီလို့ သိရပါတယ်။ ကနဦးမှာ လီဗာပူးလ်အသင်းဟာ အသင်းရဲ့ ဂိုးသမား ကာရီးယပ်စ်နဲ့ အလဲအထပ်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ထရက်ဇွန်စပေါ်အသင်းဘက်က ငြင်းဆန်ခဲ့တာကြောင့် လက်ရှိမှာတော့ ငွေသား သီးသန့်နဲ့သာ ကမ်းလှမ်းမှုပြုလုပ်ထားတာ ဖြစ်ပါတယ်။
Photo Credit: Express.com
အင်္ဂလန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ ချကားကို ခေါ်ယူဖို့ ထရက်ဇွန်စပေါ်အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းတန် ကမ်းလှမ်းမှုတစ်ခု လုပ်ထားကြောင်း သိထားရပါတယ်။ တူရကီဘက်က သတင်းဌာနတွေကတော့ ချကားဟာ အသင်း ပြောင်းရွှေ့ဖို့အတွက် အဆင်သင့်ဖြစ်နေကာ ယခု ဇန်နဝါရီအပြောင်းအရွှေ့ သို့မဟုတ် နွေရာသီမှာ လီဗာပူးလ်အသင်းကို ရောက်ရှိဖို့ ရှိနေပါတယ်။
Photo Credit: Express.com
အသက်၂၃နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ချကားဟာ လီဗာပူးလ်အသင်းမှာတော့ အယ်လီဆင်ရဲ့ အရန်ဂိုးသမားအဖြစ် နေရာရရှိမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဝက်ဟမ်းဂိုးသမားဟောင်း အက်ဒရီယန်ဟာ အယ်လီဆင်ရဲ့ အရန်ဂိုးသမား ဖြစ်နေပေမယ့် ချကားရောက်ရှိလာပါက တတိယ ဦးစားပေး အရန်ဂိုးသမားအဆင့်ကို ရောက်သွားလိမ့်မယ်လို့ သိထားရပါတယ်။