မနေ့ညက အန်ဖီးလ်မှာ ကျင်းပသွားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ အေဂျက်စ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း လီဗာပူးလ်ဘက်က ပင်တိုင်ဂိုးသမားဖြစ်သူ အယ်လီဆန် တံကောက်ကြောဒဏ်ရာ ရရှိနေတဲ့အတွက် လူငယ်အရန်ဂိုးသမားလေး ကာလယ်ဟာကို အစားထိုးအသုံးပြုလာခဲ့ပြီး ကာဟယ်လာကလည်း သူရဲ့လက်စွမ်းကောင်းတွေကို ပြသသွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းမှာ ဝါရင့်အရန်ဂိုးသမားတစ်ယောက်ဖြစ်တဲ့ အက်ဒရီယန် ရှိနေတဲ့ကြားက သူ့ထက် အတွေ့အကြုံနှနယ်လှတဲ့ ကာလယ်ဟာကို ဘာကြောင့်အသုံးပြုလာခဲ့ရသလဲဆိုတာနဲ့ပတ်သက်ပြီး နည်းပြယာဂင်ကလော့က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၂၂)နှစ်အရွှယ်သာရှိသေးတဲ့ အိုင်ယာလန်နိုင်ငံသား ဂိုးသမားလေး ကာလယ်ဟာကို လီဗာပူးလ်အသင်းက ၂၀၁၅ခုနှစ်မှာပဲ သူတို့ရဲ့အကယ်ဒမီအတွက် ခေါ်ယူဖြစ်ခဲ့ပြီး ၂၀၁၉ခုနှစ်က အမ်ကေဒွန်းစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ EFL Cup ပွဲစဉ်မှာ စီနီယာအသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားခဲ့ရပါတယ်။ မနေ့ညက အသင်းရဲ့အဓိကဂိုးသမားဖြစ်တဲ့ အယ်လီဆန်က ဒဏ်ရာရရှိနေတဲ့ ကာလယ်ဟာကို အသုံးပြုလာခဲ့ရာ ပွဲချိန်အတွင်း (၄)ကြိမ်အထိ ကာကွယ်မှုတွေ ပြုလုပ်ပေးနိုင်တဲ့အပြင် အသင်းကိုလည်း ပေးဂိုးမဲ့နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ကာလယ်ဟာနဲ့ပတ်သက်ပြီး နည်းပြကလော့က “ထိပ်တန်း ထိပ်တန်း ထိပ်တန်း ထိပ်တန်းပဲ။ ကျွန်တော်အခုလို ပြောရမယ့် အခြေအနေမျိုးကို ရောက်ရှိနေခဲ့ရပါပြီ။ ကာလယ်ဟာကို ရွေးချယ်ဖို့ုဆိုတာကတော့ သိပ်ကိုလွယ်ကူပါတယ်။ ဘာကြောင့်လဲဆိုတော့ သူနဲ့ တကယ့်ကို ထိုက်တန်တာကိုး။ ဒါပေမယ့်လည်း အက်ဒရီယန်ကို ချန်လှပ်ပြီး ရွေးချယ်ရတာကတော့ ခက်ခဲခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော်တို့အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ခဲ့တာလေ။ Clean Sheets တွေလည်း များစွာရယူပေးခဲ့တယ်။ မနှစ်က ဘောလုံးရာသီမှာဆို Super Cup ဖိုင်နယ်ပွဲအပါအဝင် ပွဲအများစုမှာ လက်စွမ်းပြနိုင်ခဲ့တာကြောင့်ပါ။ သူအနေနဲ့ ဒီလိုတွေစွမ်းဆောင်ခဲ့ပေမယ့်လည်း ကျွန်တော်တို့ဘက်ကလည်း ကာလယ်ဟာအတွက် အခွင့်အရေးပေးဖို့က လိုအပ်နေလို့ပါ။ ကာလယ်ဟာက တကယ့်ကို ထိပ်တန်းအရည်အသွေးမြင့် ကစားသမားပါ။ ဂိုးကန်ချက်တွေကို ဟန့်တားရမှာ အလွန်ထူးချွန်တဲ့သူပါ” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ အယ်လီဆန်က သူရဲ့တံကောက်ကြောဒဏ်ရာကြောင့် (၂)ပတ်ခန့် အနားယူရဦးမှာဖြစ်တဲ့အတွက် လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ အက်ဒရီယန်နဲ့ ကာလယ်ဟာတို့ကို တစ်လှည့်စီ အသုံးပြုလာရဖွယ် ရှိနေပါတယ်။