လီဗာပူးလ်အသင်းရဲ့ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က ဘုန်းမောက်အသင်းဟာ မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူတို့ လီဗာပူးလ်အသင်းကို ထိုက်ထိုက်တန်တန်နဲ့ အနိုင်ယူသွားခဲ့တာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Klopp rules Liverpool out of title race after nine games with Reds 14  points off Arsenal

Photo Credit : Football365

မန်ယူနိုက်တက်အသင်းကို (၇)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီးနောက် top-four ဝင်ခွင့်ပါ အားကောင်းလာခဲ့ရတဲ့ လီဗာပူးလ်က သူတို့ရဲ့ ဒီရာသီ အဝေးကွင်း performance ပိုင်းကို တိုးတတ်လာအောင် မလုပ်ဆောင်နိုင်မှုကြောင့် အမှတ်ပေးဇယား အောက်ခြေက ဘုန်းမောက်ကို ဘီလင်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အရှုံးပေးခဲ့လိုက်ရပါတယ်။ ဒီရှုံးပွဲကြောင့် လီဗာပူးလ်အသင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ရှံးပွဲ အရေအတွက်က (၇)ပွဲအထိတောင် ရှိလာခဲ့ရပြီး အဝေးကွင်း ရလဒ်ပိုင်းတွေက အတော်ကို ဆိုးရွှားနေခဲ့ရပါတယ်။

Photo Credit : Sportsmax

ဒီရှုံးပွဲနဲ့ ပတ်သတ်ပြီး ကလော့ပ်က “ကျွန်တော် ဘာပြောနိုင်မလဲ။ ဒီလို ပွဲမျိုးဆိုတာ ဘယ်တုန်းကမှ တကယ် မရှိခဲ့ဖူးပါဘူး။ ပထမပိုင်းမှာ ကျွန်တော်တို့ အသာစီးရခဲ့ပေမယ့် ကျစ်ကျစ်လစ်လစ်နဲ့ ကစားသွားခဲ့တဲ့ အသင်းနဲ့ ယှဉ်ကစားခဲ့ရင်း ကျွန်တော်တို့က များသောအားဖြင့် ဘောလုံးတွေ ပေးပို့တဲ့အချိန်မှာ တိုင်ပင်အောက်နေရတယ်။ သူတို့မှာ သူတို့ လိုချင်တဲ့ တန်ပြန်တိုက်စစ်တွေကို လုပ်ဆောင်သွားခဲ့တယ်။ ကျွန်တော်တို့ ကစားသွားတဲ့ ပုံစံအရ နေရာလွတ်တွေ ဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်မိတယ်။ ဒါကို ကျန်တဲ့ ကစားသမားတွေက ကာဗာလုပ်ပေးဖို့ အလုပ်များနေရင်းနဲ့ ကျစ်လစ်စွာ ကစားခဲ့တဲ့ဘက်ကို ယှဉ်ကစားဖို့ ခက်ခဲခဲ့ရတယ်”

Photo Credit : Football365

“သေးငယ်တဲ့ အမှားအယွင်းကနေ ကြီးမားတဲ့ ခြားနားမှုကို ဖြစ်စေခဲ့ပြီးနောက် (၁)ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခံလိုက်ရတယ်။ ကျွန်တော်တို့ရဲ့ ကောင်တာတိုက်စစ်က အလုပ်မဖြစ်ခဲ့တာ သိသာပါတယ်။ သူတို့ရဲ့ တန်ပြန်မှုကတော့ အောင်မြင်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ဘက်က ခံစစ်ကို ကောင်းကောင်း မကစားနိုင်ခဲ့တာကြောင့်ပါ။ ဒုတိယပိုင်းမှာတော့ ပိုကောင်းလာတယ်လို့ ထင်မိတယ်။ ပင်နယ်တီရခဲ့တယ်။ လွဲချော်သွားခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ဟာ တကယ့်ကို အလျင်စလိုနဲ့ လုံလောက်အောင် မဖန်တီးနိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ရလဒ်တွေက လမ်းကြောင်းမှန်ပေါ် မရောက်သေးပေမယ့်လည်း စွမ်းဆောင်ရည်တွေကတော့ ခြားနားလာပါတယ်။ ဒီနေ့ကတော့ သူတို့အသင်းဟာ (၃)မှတ်ရဖို့ ထိုက်တန်ခဲ့ပါတယ်။ ဒါပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။