ဒီနှစ်ဘောလုံးရာသီ အထူးခြားခြေစွမ်းတွေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူဆွတ်ခူးထားနိုင်ဖို့အတွက် အခြေအနေအကောင်းဆုံး ဖြစ်လို့နေတဲဲ့ လီဗာပူးလ်အသင်းဟာ အသင်းသားတွေရဲ့ တစ်ရာသီအတွင်း အကောင်းဆုံးစွမ်းရည်တွေကြောင့် ရာသီကုန်တိုင်းမှာ ချီးမြှင့်နေကြဖြစ်တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း (PFA) ရဲဲ့အကောင်းဆုံးကစားသမားဆုအတွက် ရေပန်အးစားဆုံးစာရင်းမှာ လီဗာပူးလ်ကစားသမားများစွာက ထိပ်ဆုံးမှာ ဦးဆောင်နေကြပြီး တောင်ပံတိုက်စစ်ကစားသမား ဆာဒီယိုမာနေးကတော့ ရေပန်းအစားဆုံး ကစားသမားအဖြစ် ရပ်တည်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Premier League

PFA အကောင်းဆုံးကစားသမားဆုကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့တစ်ရာသီအတွင်း အကောင်းဆုံးစွမ်းဆောင်ရည် ပြသနိုင်ခဲ့ကြတဲ့ ကစားသမားတွေကို ရွေးချယ်ကာ နှစ်စဉ်နှစ်တိုင်း ပေးအပ်နေကြ အင်္ဂလန်နိုင်ငံရဲ့ နာမည်ကျော်ဘောလုံးဆုကြီးတစ်ဆုဖြစ်ပါတယ်။ ဒီ PFA ဆုကို ပြီးခဲ့တဲ့ ၂နှစ်ကနေ စတင်ပြီး ဆာလာ ဗန်ဒိုက်တို့လို လီဗာပူးလ်ကစားသမားတွေကပဲ  ၂နှစ်ဆက်တိုက် ပိုင်ဆိုင်ခဲ့တာဖြစ်သလို ဒီရာသီမှာလည်း လီဗာပူးလ်အသင်းကပဲ စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက်ပြသထားနိုင်တာကြောင့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာလည်း လီဗာပူးလ်အသင်းကပဲ PFA ဆုကို ၃နှစ်ဆက်တိုက် ပိုင်ဆိုင်ဖို့ အခြေအနေကောင်းလို့နေပါတယ်။

Photo Credit : Premier League

လက်ရှိမှာတော့ လီဗာပူးလ်အသင်းရဲဲ့ဆီနီဂေါလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား မာနေးက PFA ဆုအတွက် ရေပန်းအစားဆုံး ပထမနေရာမှာ ရပ်တည်လို့နေပြီး ရေပန်းအစားဖြစ်လို့နေတဲဲ့ ကစားသမား(၁၅)ဦးစာရင်းမှာလည်း လီဗာပူးလ်ကစားသမားအရေအတွက်က (၈)ယောက်အထိကို ပါဝင်လို့နေပါတယ်။ အသက်၂၇နှစ်အရွှယ်ရှိ တောင်ပံကစားသမားမာနေးက ဒီနှစ်ဘောလုံးရာသီမှာ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း၂၁အထိ ပါဝင်ကစားခဲ့ကာ သွင်းဂိုး၁၁ဂိုး သွင်းယူထားခဲ့ပြီး ဂိုးဖန်တီးမှုမှာလည်း ၈ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီလို တစ်ရာသီအတွင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တာကြောင့် မာနေးဟာ PFA ဆုအတွက် အလေးပေးမှုမှာ ၁၀:၁ အချိုးအထိရှိနေကာ သူရဲ့ကစားသမားဘဝမှာ PFA ဆုကို ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်နိုင်ဖို့ အခြေအနေကောင်းလျက်ရှိနေပါတယ်ခင်ဗျာ။

(Zawgyi)

အဂၤလန္ေဘာလုံးေလာကရဲ႕ တန္ဖုိးႀကီးမားလွတဲ႔ဆုအတြက္ မာေနးက ေရပန္းစားလ်က္ရွိေန

ဒီႏွစ္ေဘာလုံးရာသီ အထူးျခားေျခစြမ္းေတြနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကုိ ရယူဆြတ္ခူးထားႏုိင္ဖုိ႔အတြက္ အေျခအေနအေကာင္းဆုံး ျဖစ္လုိ႔ေနတဲဲ႔ လီဗာပူးလ္အသင္းဟာ အသင္းသားေတြရဲ႕ တစ္ရာသီအတြင္း အေကာင္းဆုံးစြမ္းရည္ေတြေၾကာင့္ ရာသီကုန္တုိင္းမွာ ခ်ီးျမွင့္ေနၾကျဖစ္တဲ႔ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားမ်ား အဖြဲ႔အစည္း (PFA) ရဲဲ႕အေကာင္းဆုံးကစားသမားဆုအတြက္ ေရပန္အးစားဆုံးစာရင္းမွာ လီဗာပူးလ္ကစားသမားမ်ားစြာက ထိပ္ဆုံးမွာ ဦးေဆာင္ေနၾကၿပီး ေတာင္ပံတုိက္စစ္ကစားသမား ဆာဒီယုိမာေနးကေတာ့ ေရပန္းအစားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနတယ္လုိ႔ သိရွိရပါတယ္။

Photo Credit : Premier League

PFA အေကာင္းဆုံးကစားသမားဆုကေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕တစ္ရာသီအတြင္း အေကာင္းဆုံးစြမ္းေဆာင္ရည္ ျပသႏုိင္ခဲ႔ၾကတဲ႔ ကစားသမားေတြကုိ ေရြးခ်ယ္ကာ ႏွစ္စဥ္ႏွစ္တုိင္း ေပးအပ္ေနၾက အဂၤလန္ႏုိင္ငံရဲ႕ နာမည္ေက်ာ္ေဘာလုံးဆုႀကီးတစ္ဆုျဖစ္ပါတယ္။ ဒီ PFA ဆုကုိ ၿပီးခဲ႔တဲ႔ ၂ႏွစ္ကေန စတင္ၿပီး ဆာလာ ဗန္ဒုိက္တုိ႔လုိ လီဗာပူးလ္ကစားသမားေတြကပဲ  ၂ႏွစ္ဆက္တုိက္ ပုိင္ဆုိင္ခဲ႔တာျဖစ္သလုိ ဒီရာသီမွာလည္း လီဗာပူးလ္အသင္းကပဲ စြမ္းေဆာင္ရည္ေကာင္းေတြ ဆက္လက္ျပသထားႏုိင္တာေၾကာင့္ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီမွာလည္း လီဗာပူးလ္အသင္းကပဲ PFA ဆုကုိ ၃ႏွစ္ဆက္တုိက္ ပုိင္ဆုိင္ဖုိ႔ အေျခအေနေကာင္းလုိ႔ေနပါတယ္။

Photo Credit : Premier League

လက္ရွိမွာေတာ့ လီဗာပူးလ္အသင္းရဲဲ႕ဆီနီေဂါလက္ေရြးစင္ ေတာင္ပံတုိက္စစ္ကစားသမား မာေနးက PFA ဆုအတြက္ ေရပန္းအစားဆုံး ပထမေနရာမွာ ရပ္တည္လုိ႔ေနၿပီး ေရပန္းအစားျဖစ္လုိ႔ေနတဲဲ႔ ကစားသမား(၁၅)ဦးစာရင္းမွာလည္း လီဗာပူးလ္ကစားသမားအေရအတြက္က (၈)ေယာက္အထိကုိ ပါဝင္လုိ႔ေနပါတယ္။ အသက္၂၇ႏွစ္အရႊယ္ရွိ ေတာင္ပံကစားသမားမာေနးက ဒီႏွစ္ေဘာလုံးရာသီမွာ လီဗာပူးလ္အတြက္ ပရီးမီးယားလိဂ္ ပြဲေပါင္း၂၁အထိ ပါဝင္ကစားခဲ႔ကာ သြင္းဂုိး၁၁ဂိုး သြင္းယူထားခဲ႔ၿပီး ဂုိးဖန္တီးမႈမွာလည္း ၈ႀကိမ္အထိ ျပဳလုပ္ထားႏုိင္ခဲ႔ပါတယ္။ ဒီလုိ တစ္ရာသီအတြင္း စြမ္းေဆာင္ရည္ေကာင္းေတြ ျပသထားႏုိင္တာေၾကာင့္ မာေနးဟာ PFA ဆုအတြက္ အေလးေပးမႈမွာ ၁၀:၁ အခ်ိဳးအထိရွိေနကာ သူရဲ႕ကစားသမားဘဝမွာ PFA ဆုကုိ ပထမဆုံးအႀကိမ္အျဖစ္ ပုိင္ဆုိင္ႏုိင္ဖုိ႔ အေျခအေနေကာင္းလ်က္ရွိေနပါတယ္ခင္ဗ်ာ။