MySport Myanmar

နူးနက်စ်ကို ခေါ်ယူခွင့် ရခဲ့ပေမယ့် FIFA စည်းမျဉ်းကြောင့် တိုင်ပတ်ခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းကို အသင်းပရိသတ်တွေက ဆောင်းဈေးကွက် မပိတ်သိမ်းခင်မှာ ကွင်းလယ်ကစားသမားသစ်တစ်ဦး ခေါ်ယူဖို့ မျှော်လင့်ခဲ့ကြပေမယ့် ဈေးကွက်သာ ပိတ်သိမ်းသွားခဲ့တယ် လီဗာပူးလ်က တိုက်စစ်မှာ နေရာစုံ ကစားနိုင်တဲ့ ကိုဒီဂက်ပိုတစ်ဦးတည်းနဲ့ပဲ သူတို့ရဲ့ ဆောင်းဈေးကွက် ကစားသမားအဝင်စာရင်းကို အဆုံးသတ်ခဲ့ပါတယ်။

Photo Credit : Sky Sports

တကယ်တော့ လီဗာပူးလ်က လိုအပ်နေတဲ့ ကွင်းလယ်နေရာအတွက် သူတို့အသင်းရဲ့ ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ပေါ်တူဂီ ကွင်းလယ်ကစားမား မာသီးယပ်စ်နူးနက်စ်ကို အသေအချာ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ နူးနက်စ် စပို့တင်းလစ္စဘွန်းအသင်းမှာ ပါဝင်နေစဉ်ကတည်းက လီဗာပူးလ်ဟာ နူးနက်စ်ကို စိတ်ဝင်စားနေခဲ့တာဖြစ်ပေမယ့်လည်း ဘိုင်ယန်မြူးနစ်ကို ပြောင်းရွေ့သွားတဲ့ ဆာဒီယိုမာနေးနေရာမှာ ပြန်အစားထိုးဖို့ ဒါဝင်နူးနက်စ်ကို ဦးစားပေး ခေါ်ယူခဲ့ရတာကြောင့် နူးနက်စ်ကို မခေါ်ယူနိုင်ခဲ့ရပဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းက အသင်း ကွင်းလယ်ပိုင်းကို ဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်လာခဲ့တဲ့ အခြေအနေကြောင့် အခုဆောင်းဈေးကွက်ထဲမှာ နူးနက်စ်ကို ကမ်းလှမ်းသွားဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : The Sun

The Telegraph ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ ဝုလ်ဗ်ကနေ ကွင်းလယ်လူ မာသီးယပ်စ်နူးနက်စ်ကို ခေါ်ယူဖို့အတွက် ပြောင်းရွေ့ကြေးပိုင်းမှာပါ ဝုလ်ဗ်နဲ့ သဘောတူညီချက်အထိ ရရှိခဲ့ပေမယ့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ကနေ ထုတ်ပြန်ထားချက်တစ်ခုအရ လီဗာပူးလ်အနေနဲ့ နူးနက်စ်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တောင် ဒီရာသီ လက်ကျန်ပွဲတွေအတွင်း အသင်းအတွက် ထည့်သုံးလို့ မရနိုင်မယ့် အခြေအနေ ဖြစ်နေတာကြောင့် ခေါ်ယူဖို့ကို လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။ FIFA ရဲ့ စည်းမျဉ်းအရ ကစားသမားတစ်ဦးဟာ ဘောလုံးရာသီ တစ်ရာသီအတွင်း ကလပ်အသင်း (၃)သင်းမှာ ကစားသမား မှတ်ပုံတင်ခွင့် ရရှိပေမယ့်လည်း အသင်း(၂)သင်းအတွက်ကိုသာ တရားဝင်ပွဲစဉ်(အမှတ်ပေးပွဲ/ပြည်တွင်းရှုံးထွက်ပွဲ/ဥရောပပွဲ)တွေ ကစားရမယ်လို့ ထုတ်ပြန်ထားဖြစ်လို့ စပို့တင်းလစ္စဘွန်း ဝုလ်ဗ်အသင်းတို့အတွက် official competitive ပွဲတွေ ကစားထားတဲ့ နူးနက်စ်က လီဗာပူးလ်ကိုသာ ပြောင်းရွေ့ဖြစ်မယ်ဆိုရင် လီဗာပူးလ်အတွက် competitive ပွဲတွေ လုံးဝ ကစားခွင့်ရမှာ မဟုတ်တာကြောင့် လီဗာပူးလ်က နူးနက်စ်ကို ခေါ်ယူပြီးရင်တောင် ဝုလ်ဗ် နဲ့ စပို့တင်းလစ္စဘွန်း တစ်သင်းသင်းဆီ ရာသီအကုန်ထိ အငှားချရမှာ ဖြစ်ပါတယ်။

Exit mobile version