ဒီနေ့ ဇန်နဝါရီ ၃၀ရက်နေ့ မနက်အစောပိုင်းမှာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၈)ရဲ့ တစ်ပွဲတည်းသော လက်ကျန်ပွဲစဉ်ဖြစ်တဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ပွဲစဉ်ကို ဝက်စ်ဟမ်းအသင်းရဲ့အိမ်ကွင်း အိုလံပစ်ကွင်းကြီးအတွင်းမှာ ကျင်းပသွားခဲ့ပြီး ဧည့်သည်လီဗာပူးလ်အသင်းကပဲ ၂ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဧည့်သည်လီဗာပူးလ်အသင်းကတော့ ဒီနေ့ပွဲစဉ်မှာ ဒဏ်ရာပြသာနာ ကြုံတွေ့နေရတဲ့ မာနေးကို အနားပေးထားခဲ့ရပြီး အော်ရီဂီကို အသုံးပြုလာခဲ့ရသလို ကျန်တဲ့နေရာတွေမှာတော့ ဆာလာ ဖာမီနို ဟန်ဒါဆန် ဝိုင်နယ်ဒန် ချိမ်ဘာလိန် အာနိုး ဂိုးမက်ဇ် ဗန်ဒိုက် ရော်ဘတ်ဆန် အယ်လီဆန်တို့ကိုပဲ ၄-၃-၃ ကစားကွက်ပုံစံနဲ အသုံးပြုလာခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ မြု့ခံပြိုင်ဘက် အဲဗာတန်အသင်းကို နှစ်ပေါင်းများစွာ ကိုင်တွယ်ခဲ့တဲ့ မိုရက်စ်ရဲ့လက်ရှိကလပ် ဝက်စ်ဟမ်းအသင်းကတော့ ဂိုးသမားဖာဘီယန်စကီး ပြန်လာပါဝင်လာသလို လက်စတာနဲ့ပွဲမှာ သူတို့အသုံးပြုခဲ့တဲ့ ကစားကွက် ၃-၅-၂ နဲ့ လူစာရင်းကိုလည်း သိပ်အပြောင်းအလဲ လုပ်ဆောင်လာခြင်းမရှိပါဘူး။ ပထမပိုင်းပွဲကစားချိန်တွေအသင်းမှာ လီဗာပူးလ်က ဝက်စ်ဟမ်းထက် အသာရအောင် ကစားနိုင်ခဲ့ပေမယ့်လည်း အရမ်းခြေစွမ်းပြခဲ့တာမဟုတ်ပဲ ပွဲကိုစိုးမိုးပြီး ထိန်းထိန်းသိမ်းသိမ်း ကစားသွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်တိုက်စစ်က ဒီနေ့မှာ သိပ်အလုပ်မဖြစ်ပေမယ့်လည်း ၃၅မိနစ်မှာ ပိုင်ဆိုင်ခဲ့တဲ့ ပင်နယ်တီကြောင့် ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ဆာလာက သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

ပထမပိုင်းမှာ ဆာလာရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ဒုတိယပိုင်းမှာလည်း ပွဲကိုဆက်လက်ထိန်းချုပ်ကစားရင်းနဲ့ ၅၂မိနစ်မှာပဲ နောက်ထပ် ဒုတိယအနိုင်ဂိုး ထပ်မံရရှိခဲ့ပါတယ်။ ဒီဂိုးကတော့ ဆာလာရဲ့အကွက်မြင်စွာ ပေးပို့မှု ချိန်ဘာလိန်ရဲ့လျင်မြင်မှုကနေ ပေါင်းစပ်ကာ ရရှိခဲ့တာဖြစ်ပြီး ချိန်ဘာလိန်ကိုယ်တိုင်ကပဲ သွင်းယူခဲ့ပါတယ်။

(Zawgyi)

မာေနးမပါေပမယ့္ အုိလံပစ္ကြင္းမွာလည္း ႏုိင္ပြဲရယူႏုိင္ခဲ႔ျပန္တဲ႔ လီဗာပူးလ္

ဒီေန႔ ဇန္နဝါရီ ၃၀ရက္ေန႔ မနက္အေစာပုိင္းမွာ ဖီဖာကလပ္ကမာၻ႕ဖလားၿပိဳင္ပြဲေၾကာင့္ ရက္ေရႊ႕ဆုိင္းခဲ႔ရတဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၁၈)ရဲ႕ တစ္ပြဲတည္းေသာ လက္က်န္ပြဲစဥ္ျဖစ္တဲ႔ ဝက္စ္ဟမ္းယူႏုိက္တက္အသင္းနဲ႔ လီဗာပူးလ္အသင္းတုိ႔ရဲ႕ပြဲစဥ္ကုိ ဝက္စ္ဟမ္းအသင္းရဲ႕အိမ္ကြင္း အုိလံပစ္ကြင္းႀကီးအတြင္းမွာ က်င္းပသြားခဲ႔ၿပီး ဧည့္သည္လီဗာပူးလ္အသင္းကပဲ ၂ဂုိးျပတ္နဲ႔ အနုိင္ရသြားခဲ႔ပါတယ္။

Photo Credit : Getty Images

ဧည့္သည္လီဗာပူးလ္အသင္းကေတာ့ ဒီေန႔ပြဲစဥ္မွာ ဒဏ္ရာျပသာနာ ႀကံဳေတြ႕ေနရတဲ႔ မာေနးကုိ အနားေပးထားခဲ႔ရၿပီး ေအာ္ရီဂီကုိ အသုံးျပဳလာခဲ႔ရသလုိ က်န္တဲ႔ေနရာေတြမွာေတာ့ ဆာလာ ဖာမီႏို ဟန္ဒါဆန္ ဝုိင္နယ္ဒန္ ခ်ိမ္ဘာလိန္ အာႏိုး ဂုိးမက္ဇ္ ဗန္ဒုိက္ ေရာ္ဘတ္ဆန္ အယ္လီဆန္တုိ႔ကုိပဲ ၄-၃-၃ ကစားကြက္ပုံစံနဲ အသုံးျပဳလာခဲ႔ပါတယ္။ လီဗာပူးလ္ရဲ႕ ၿမဳ႕ခံၿပိဳင္ဘက္ အဲဗာတန္အသင္းကုိ ႏွစ္ေပါင္းမ်ားစြာ ကုိင္တြယ္ခဲ႔တဲ႔ မုိရက္စ္ရဲ႕လက္ရွိကလပ္ ဝက္စ္ဟမ္းအသင္းကေတာ့ ဂုိးသမားဖာဘီယန္စကီး ျပန္လာပါဝင္လာသလုိ လက္စတာနဲ႔ပြဲမွာ သူတုိ႔အသုံးျပဳခဲ႔တဲ႔ ကစားကြက္ ၃-၅-၂ နဲ႔ လူစာရင္းကုိလည္း သိပ္အေျပာင္းအလဲ လုပ္ေဆာင္လာျခင္းမရွိပါဘူး။ ပထမပုိင္းပြဲကစားခ်ိန္ေတြအသင္းမွာ လီဗာပူးလ္က ဝက္စ္ဟမ္းထက္ အသာရေအာင္ ကစားႏုိင္ခဲ႔ေပမယ့္လည္း အရမ္းေျခစြမ္းျပခဲ႔တာမဟုတ္ပဲ ပြဲကိုစုိးမုိးၿပီး ထိန္းထိန္းသိမ္းသိမ္း ကစားသြားခဲ႔တာျဖစ္ပါတယ္။ လီဗာပူးလ္တုိက္စစ္က ဒီေန႔မွာ သိပ္အလုပ္မျဖစ္ေပမယ့္လည္း ၃၅မိနစ္မွာ ပုိင္ဆုိင္ခဲ႔တဲ႔ ပင္နယ္တီေၾကာင့္ ဦးေဆာင္ဂုိးစတင္ရရွိခဲ့ၿပီး ဆာလာက သြင္းယူခဲ႔တာျဖစ္ပါတယ္။

Photo Credit : Getty Images

ပထမပုိင္းမွာ ဆာလာရဲ႕ ပင္နယ္တီသြင္းဂိုးနဲ႔ စတင္ဦးေဆာင္ႏုိင္ခဲ႔တဲ႔ လီဗာပူးလ္အသင္းဟာ ဒုတိယပုိင္းမွာလည္း ပြဲကုိဆက္လက္ထိန္းခ်ဳပ္ကစားရင္းနဲ႔ ၅၂မိနစ္မွာပဲ ေနာက္ထပ္ ဒုတိယအႏုိင္ဂုိး ထပ္မံရရွိခဲ႔ပါတယ္။ ဒီဂုိးကေတာ့ ဆာလာရဲ႕အကြက္ျမင္စြာ ေပးပုိ႔မႈ ခ်ိန္ဘာလိန္ရဲ႕လ်င္ျမင္မႈကေန ေပါင္းစပ္ကာ ရရွိခဲ႔တာျဖစ္ၿပီး ခ်ိန္ဘာလိန္ကုိယ္တုိင္ကပဲ သြင္းယူခဲ႔ပါတယ္။ ၂ဂုိးျပတ္ၿပီးေနာက္ပုိင္းမွာေတာ့ လီဗာပူးလ္က တန္ပုိအနည္းငယ္ခ်ကာ ကစားပုံကုိ ထိန္းသိမ္းရင္းနဲ႔ အႏုိင္ရသြားခဲ႔တာေၾကာင့္ ဒုတိယေနရာကုိ မန္စီးတီးအသင္းကုိ ၁၉မွတ္ထိေတာင္ ျဖတ္ေတာက္ႏုိင္ခဲ႔ၿပီပဲျဖစ္ပါတယ္။