ေနာက္ဆုံးကစားခဲ႔တဲ႔ ၿပိဳင္ပြဲစုံ၃ပြဲဆက္ ႏုိင္ပြဲေပ်ာက္ဆုံးထားခဲ႔ရတဲ႔ စပါးအသင္းကေတာ့ ဒီဇင္ဘာပြဲက်ပ္ကာလကုိ ရာႏႈန္းျပည့္ႏုိင္ပြဲဆက္မႈေတြနဲ႔ ျဖတ္သန္းထားခဲ႔ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖုိ႔ အေျခအေနအရမ္းေကာင္းေနတဲ႔ လီဗာပူးလ္အသင္းနဲ႔ အိမ္ကြင္းမွာ ရင္ဆုိင္ေတြ႕ဆုံခဲ႔ၿပီး ဒီရာသီ ပရီးမီးယားလိဂ္မွာ လုံးဝရွံးပြဲမရွိေသးတဲ႔ လီဗာပူးလ္ကုိ ၁ဂုိး ဂုိးမရွိနဲ႔ အရွုံးေပးခဲ႔ရပါတယ္။

အိမ္ရွင္စပါးအသင္းက ဒဏ္ရာေၾကာင့္ ဟယ္ရီကိန္းကုိ အနားေပးခဲ႔ရေပမယ့္ အနီကတ္ျပစ္ဒဏ္ေၾကာင့္ ပြဲပယ္မႈေစ့သြားခဲ့တဲ့ ဆြန္ေဟာင္မင္နဲ႔အတူ အဲရစ္ဆင္ ေမာ္ရာ အလီတုိ႔ကုိ တုိက္စစ္မွာ အသုံးျပဳခဲ့ၿပီး ခံစစ္ပုိင္းမွာေတာ့ တန္ဂါဂါကုိ ဆန္းခ်က္ဇ္ အယ္ဒါဝီရယ္တုိ႔နဲ႔ Three back ခံစစ္တန္းကုိ အသုံးျပဳလာခဲ႔ပါတယ္။ လီဗာပူးလ္ကေတာ့ သူတုိ႔အသုံးျပဳေနၾက ပြဲထြက္ကစားသမားစာရင္းကုိ သိပ္အေျပာင္းအလဲမရွိပဲ ထပ္မံအသုံးျပဳလာခဲ႔ကာ ကြင္းလယ္မွာေတာ့ ခ်ိန္ဘာလိန္ကုိ အသုံးျပဳလာခဲ႔ၿပီး က်န္တဲ႔ေနရာေတြမွာေတာ့ အမာခံကစားသမားေတြနဲ႔ပဲ ဆက္လက္ပြဲထြက္လာခဲ႔ပါတယ္။ ပထမပုိင္းပြဲကစားခ်ိန္ေတြအတြင္းမွာ လီဗာပူးလ္က အိမ္ရွင္ထက္ ေဘာလုံးပုိင္ဆုိင္မႈကုိ အျပတ္အသတ္ အသာစီးရယူႏုိင္ခဲ႔ေပမယ့္ ဂုိးေပါက္ၿခိမ္းေျခာက္မႈမွာေတာ့ အေရအတြက္အားျဖင့္ေတာ့ သိပ္မကြာပါဘူး။ ဒါေပမယ့္ လီဗာပူးလ္ရဲ႕တုိက္စစ္ကစားဟန္က ပုိၿပီးအားရစရာေကာင္းခဲ႔ကာ စပါးကေတာ့ ေကာင္တာတုိက္စစ္နဲ႔ ဆြန္ ေမာ္ရာတုိ႔ရဲ႕တစ္ဦးခ်င္းထုိးေဖာက္မႈေတြကုိပဲ အားကုိးေနရလုိ႔ အားနည္းခ်က္ေတြရွိခဲ႔ရၿပီး တုိက္စစ္ဆင္မႈေတြမွာလည္း မထိေရာက္ခဲ႔ပါဘူး။ ဒီလုိနဲ႔ ပြဲခ်ိန္၃၇မိနစ္မွာေတာ့ ဆာလာရဲ႕ေပးပုိ႔မႈကေနတစ္ဆင့္ ေဖမီႏုိက အေကာင္းဆုံးအဆုံးသတ္ၿပီး လီဗာပူးလ္အတြက္ အဖြင့္ဂုိးကုိ ရယူေပးခဲ႔ပါတယ္။

ဒုတိယပုိင္းမွာ စပါးအသင္းဘက္ကေန ဂုိးေပါက္ၿခိမ္းေျခာက္မႈေတြကုိ ဧည့္သည္အသင္းထက္ ပုိမုိလုပ္ေဆာင္ႏုိင္ခဲ႔ေပမယ့္လည္း ၁ဂုိးတည္းနဲ႔ ဦးေဆာင္ထားႏုိင္တဲ႔ လီဗာပူးလ္က ေဘာလုံးပုိင္ဆုိင္မႈကုိ အသာစီးထပ္ယူထားခဲ႔ကာ ပြဲကိုထိန္းခ်ဳပ္ကစားခဲ႔လုိ႔ စပါးတုိ႔ ေခ်ပဂုိးျပန္ရဖုိ႔ ခက္ခဲေနခဲ႔ရပါတယ္။ ဒါေၾကာင့္ပဲ စပါးအသင္းဟာ မိနစ္၇၀မွာ လာမယ္လာနဲ႔ လုိဆယ္ဆုိတုိ႔ကုိ ထည့္သြင္းၿပီး တုိက္စစ္ကုိ ျမင့္တင္ခဲ႔ေပမယ့္ ၇၄မိနစ္မွာ ပုိင္ဆုိင္ခဲ႔တဲ႔ အခြင့္အေရးေကာင္းတစ္ခုကုိ ဆြန္ေဟာင္မင္ အသုံးမခ်နုိင္ခဲ႔သလုိ လုိဆယ္ဆုိရဲ႕ကန္ခ်က္မွာလည္း အံ့အားသင့္စဖြယ္ လြဲေခ်ာ္ခဲ႔ရပါတယ္။ ပြဲၿပီးခါနီး စပါးရဲ႕ထုိးေဖာက္မႈေတြကုိလည္း အယ္လီဆန္ကုိ အေကာင္းဆုံးကာကြယ္ႏုိင္ခဲ႔လုိ႔ လီဗာပူးလ္ကပဲ ႏုိင္ပြဲဆက္သြားခဲ႔ရပါတယ္။

(Unicode)

နိုင်ပွဲဆက်နေတဲ့ လီဗာပူးလ်ကို လန်ဒန်မြေမှာ မဟန့်တားနိုင်ခဲ့ပြန်တဲ့ စပါး

နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ၃ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားခဲ့ရတဲ့ စပါးအသင်းကတော့ ဒီဇင်ဘာပွဲကျပ်ကာလကို ရာနှုန်းပြည့်နိုင်ပွဲဆက်မှုတွေနဲ့ ဖြတ်သန်းထားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အခြေအနေအရမ်းကောင်းနေတဲ့ လီဗာပူးလ်အသင်းနဲ့ အိမ်ကွင်းမှာ ရင်ဆိုင်တွေ့ဆုံခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ လုံးဝရှံးပွဲမရှိသေးတဲ့ လီဗာပူးလ်ကို ၁ဂိုး ဂိုးမရှိနဲ့ အရှုံးပေးခဲ့ရပါတယ်။

အိမ်ရှင်စပါးအသင်းက ဒဏ်ရာကြောင့် ဟယ်ရီကိန်းကို အနားပေးခဲ့ရပေမယ့် အနီကတ်ပြစ်ဒဏ်ကြောင့် ပွဲပယ်မှုစေ့သွားခဲ့တဲ့ ဆွန်ဟောင်မင်နဲ့အတူ အဲရစ်ဆင် မော်ရာ အလီတို့ကို တိုက်စစ်မှာ အသုံးပြုခဲ့ပြီး ခံစစ်ပိုင်းမှာတော့ တန်ဂါဂါကို ဆန်းချက်ဇ် အယ်ဒါဝီရယ်တို့နဲ့ Three back ခံစစ်တန်းကို အသုံးပြုလာခဲ့ပါတယ်။ လီဗာပူးလ်ကတော့ သူတို့အသုံးပြုနေကြ ပွဲထွက်ကစားသမားစာရင်းကို သိပ်အပြောင်းအလဲမရှိပဲ ထပ်မံအသုံးပြုလာခဲ့ကာ ကွင်းလယ်မှာတော့ ချိန်ဘာလိန်ကို အသုံးပြုလာခဲ့ပြီး ကျန်တဲ့နေရာတွေမှာတော့ အမာခံကစားသမားတွေနဲ့ပဲ ဆက်လက်ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းပွဲကစားချိန်တွေအတွင်းမှာ လီဗာပူးလ်က အိမ်ရှင်ထက် ဘောလုံးပိုင်ဆိုင်မှုကို အပြတ်အသတ် အသာစီးရယူနိုင်ခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှုမှာတော့ အရေအတွက်အားဖြင့်တော့ သိပ်မကွာပါဘူး။ ဒါပေမယ့် လီဗာပူးလ်ရဲ့တိုက်စစ်ကစားဟန်က ပိုပြီးအားရစရာကောင်းခဲ့ကာ စပါးကတော့ ကောင်တာတိုက်စစ်နဲ့ ဆွန် မော်ရာတို့ရဲ့တစ်ဦးချင်းထိုးဖောက်မှုတွေကိုပဲ အားကိုးနေရလို့ အားနည်းချက်တွေရှိခဲ့ရပြီး တိုက်စစ်ဆင်မှုတွေမှာလည်း မထိရောက်ခဲ့ပါဘူး။ ဒီလိုနဲ့ ပွဲချိန်၃၇မိနစ်မှာတော့ ဆာလာရဲ့ပေးပို့မှုကနေတစ်ဆင့် ဖေမီနိုက အကောင်းဆုံးအဆုံးသတ်ပြီး လီဗာပူးလ်အတွက် အဖွင့်ဂိုးကို ရယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ စပါးအသင်းဘက်ကနေ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို ဧည့်သည်အသင်းထက် ပိုမိုလုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း ၁ဂိုးတည်းနဲ့ ဦးဆောင်ထားနိုင်တဲ့ လီဗာပူးလ်က ဘောလုံးပိုင်ဆိုင်မှုကို အသာစီးထပ်ယူထားခဲ့ကာ ပွဲကိုထိန်းချုပ်ကစားခဲ့လို့ စပါးတို့ ချေပဂိုးပြန်ရဖို့ ခက်ခဲနေခဲ့ရပါတယ်။ ဒါကြောင့်ပဲ စပါးအသင်းဟာ မိနစ်ရ၀မှာ လာမယ်လာနဲ့ လိုဆယ်ဆိုတို့ကို ထည့်သွင်းပြီး တိုက်စစ်ကို မြင့်တင်ခဲ့ပေမယ့် ရ၄မိနစ်မှာ ပိုင်ဆိုင်ခဲ့တဲ့ အခွင့်အရေးကောင်းတစ်ခုကို ဆွန်ဟောင်မင် အသုံးမချနိုင်ခဲ့သလို လိုဆယ်ဆိုရဲ့ကန်ချက်မှာလည်း အံ့အားသင့်စဖွယ် လွဲချော်ခဲ့ရပါတယ်။ ပွဲပြီးခါနီး စပါးရဲ့ထိုးဖောက်မှုတွေကိုလည်း အယ်လီဆန်ကို အကောင်းဆုံးကာကွယ်နိုင်ခဲ့လို့ လီဗာပူးလ်ကပဲ နိုင်ပွဲဆက်သွားခဲ့ရပါတယ်။