ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာတင္မကပဲနဲ႔ ကမာၻ႔ေဘာလုံးကအတြင္းရဲ႕ၿပိဳင္ဆုိင္မႈအျပင္းထန္ဆုံး ၿမိဳ႕ခံဒါဘီၿပိဳင္ပြဲေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္တဲ႔ လီဗာပူးလ္အသင္းနဲ႔ အဲဗာတန္အသင္းတုိ႔ရဲ႕မာေဆးဆုိဒ္ဒါဘီပြဲစဥ္ကေတာ့ မေန႔ညက အန္ဖီးလ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ႔ၿပီး အျပန္အလွန္သြင္းဂုိးမ်ားစြာကုိ ျမင္ေတြ႔ခဲ႔ရၿပီး အိမ္ရွင္လီဗာပူးလ္အသင္းက ၅ဂုိး၂ဂုိးနဲ႔ အႏုိင္ရသြားခဲ႔ပါတယ္။

Photo Credit : Getty Images

ဒီႏွစ္ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ရပြဲစဥ္၁၄ပြဲကစားၿပီးတဲ႔အထိ တစ္ပြဲမွကုိ မရွုံးနိမ့္ထားေသးပဲ ခ်န္ပီယံဆုကုိ ဆြတ္ခူးႏုိင္ဖုိ႔အတြက္ အေတာ္ေလးကုိ အေျခအေနေကာင္းလုိ႔ေနတဲ႔ လီဗာပူးလ္အသင္းဟာ သူတုိ႔ရဲ႕ၿမိဳ႕ခံအသင္းနဲ႔ ရင္ဆုိင္ရတဲ႔ပြဲမွာ ဆာလာ ေဖမီႏုိ ဟန္ဒါဆန္တို႔လုိ အဓိက ကစားသမားေတြကုိ ပြဲထြက္ကစားသမားေတြအျဖစ္ အသုံးမျပဳလာခဲ႔ပဲ ေအာ္ရီဂီ လယ္လာနာ မီနာနဲ႔ ဒီရာသီမွာ ပြဲထြက္ခြင့္ေတြ နည္းပါးေနရတဲ႔ ရွာကြီရီတုိ႔ကုိ မာေနး ဝုိင္နယ္ဒန္ ဗန္ဒုိက္ အာႏုိးတုိ႔နဲ႔ တြဲဖက္အသုံးျပဳလာခဲ႔ပါတယ္။ အဲဗာတန္အသင္းကလည္း ရစ္ခ်ာလီဆန္ ဆီဂတ္ဒ္ဆန္ ကဲလ္ဗတ္လီဝင္ အီဝုိဘီတို႔နဲ႔အတူ လီဗာပူးလ္အသင္းကုိ ရင္ဆုိင္လာခဲ႔ပါတယ္။ ပြဲကေတာ့ ပြဲအစပုိင္းမွာပဲ အေတာ္ေလးလႈပ္ခတ္ခဲ႔ၿပီး ၆မိနစ္မွာ ေအာ္ရီဂီက ဂုိးသမားကုိ လိမ္ေခါက္ၿပီး အဖြင့္ဂုိးသြင္းယူခဲ႔သလုိ ၁၀မိနစ္အၾကာမွာပဲ ရွာကြီရီက ဘယ္ေျခနဲ႔ ဒုတိယဂုိးကုိ ထပ္မံသြင္းယူႏုိင္ခဲ႔ပါတယ္။ ၂၁မိနစ္မွာေတာ့ အဲဗာတန္ေနာက္ခံကစားသမား မုိက္ကယ္ကိန္းက လီဗာပူးလ္ခံစစ္အတြင္း ရွုပ္ယပ္ခတ္ေနတဲ႔ အေနအထားကုိ အခြင့္ေကာင္းယူၿပီး ေခ်ပဂုိး ျပန္လည္သြင္းယူႏုိင္ခဲ႔ေပမယ့္ ၃၁မိနစ္နဲ႔ ၄၅မိနစ္ေတြမွာ ေအာ္ရီဂီနဲ႔ မာေနးတုိ႔က အႏုိင္ဂုိးေတြ ဆက္လက္သြင္းယူၿပီး အဲဗာတန္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ရုိက္ခ်ိဳးျဖစ္ခဲ႔ပါတယ္။ ပထမပုိင္း အခ်ိန္ပုိအတြင္းမွာေတာ့ ရစ္ခ်ာလီဆန္က ဧည့္သည္အသင္းအတြက္ ေခ်ပဂုိးတစ္ဂုိး ျပန္လည္သြင္းယူခဲ႔ပါေသးတယ္။

Photo Credit : Getty Images

ပထမပုိင္းမွာကတည္းက ႏွစ္သင္းေပါင္း သြင္းဂုိး၆ဂုိးအထိ ရွိခဲ႔ရတဲ႔ ဒီမာေဆးဆုိဒ္ဒါဘီပြဲဟာ ဒုတိယပုိင္းမွာလည္း ပြဲရဲ႕အရွိန္က မက်ဆင္းသြားခဲ႔ပဲ အႀကိတ္အနယ္ရွိခဲ႔ပါေသးတယ္။ ဒါေပမယ့္ ႏွစ္သင္းလုံးက ပထမပုိင္းကေလာက္ အခြင့္အေရးေတြကုိ အသုံးမခ်ႏုိင္ခဲ႔တာေၾကာင့္ ဂုိးေတြထပ္မံျမင္ရဖုိ႔က ပြဲၿပီးခါနီးအထိ ေစာင့္ခဲ႔ရၿပီး နယ္သာလန္ကြင္းလယ္ကစားသမား ဝုိင္နယ္ဒန္က မိနစ္၉၀မွာ ဘယ္ျခမ္းကေန ကန္သြင္းယူခဲ႔တာျဖစ္ပါတယ္။ ဒီပြဲမွာ လီဗာပူးလ္က ဂုိးေပါက္၅ႀကိမ္တည့္မတ္ခဲ႔ရာကေန ၅ဂုိးရယူႏုိင္ခဲ႔ကာ ရရွိတဲ႔ အခြင့္အေရးတုိင္းကုိ အေကာင္းဆုံးအသုံးခ်ႏုိင္ခဲ႔လုိ႔ အခုလုိ ျပတ္သားတဲ႔ႏုိင္ပြဲကုိ ပုိင္ဆုိင္ခဲ႔ရတာပဲျဖစ္ပါတယ္။

(Unicode)

မာနေးရဲ့ခြေစွမ်းပြမှု အခွင့်အရေးတိုင်း အသုံးချနိုင်မှုနဲ့ မာဆေးဆိုဒ်ဒါဘီမှာ လီဗာပူးလ်အနိုင်ရ

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတင်မကပဲနဲ့ ကမ္ဘာ့ဘောလုံးကအတွင်းရဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး မြို့ခံဒါဘီပြိုင်ပွဲတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့မာဆေးဆိုဒ်ဒါဘီပွဲစဉ်ကတော့ မနေ့ညက အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး အပြန်အလှန်သွင်းဂိုးများစွာကို မြင်တွေ့ခဲ့ရပြီး အိမ်ရှင်လီဗာပူးလ်အသင်းက ၅ဂိုး၂ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဒီနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရပွဲစဉ်၁၄ပွဲကစားပြီးတဲ့အထိ တစ်ပွဲမှကို မရှုံးနိမ့်ထားသေးပဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့အတွက် အတော်လေးကို အခြေအနေကောင်းလို့နေတဲ့ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့မြို့ခံအသင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ ဆာလာ ဖေမီနို ဟန်ဒါဆန်တို့လို အဓိက ကစားသမားတွေကို ပွဲထွက်ကစားသမားတွေအဖြစ် အသုံးမပြုလာခဲ့ပဲ အော်ရီဂီ လယ်လာနာ မီနာနဲ့ ဒီရာသီမှာ ပွဲထွက်ခွင့်တွေ နည်းပါးနေရတဲ့ ရှာကွီရီတို့ကို မာနေး ဝိုင်နယ်ဒန် ဗန်ဒိုက် အာနိုးတို့နဲ့ တွဲဖက်အသုံးပြုလာခဲ့ပါတယ်။ အဲဗာတန်အသင်းကလည်း ရစ်ချာလီဆန် ဆီဂတ်ဒ်ဆန် ကဲလ်ဗတ်လီဝင် အီဝိုဘီတို့နဲ့အတူ လီဗာပူးလ်အသင်းကို ရင်ဆိုင်လာခဲ့ပါတယ်။ ပွဲကတော့ ပွဲအစပိုင်းမှာပဲ အတော်လေးလှုပ်ခတ်ခဲ့ပြီး ၆မိနစ်မှာ အော်ရီဂီက ဂိုးသမားကို လိမ်ခေါက်ပြီး အဖွင့်ဂိုးသွင်းယူခဲ့သလို ၁၀မိနစ်အကြာမှာပဲ ရှာကွီရီက ဘယ်ခြေနဲ့ ဒုတိယဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ၂၁မိနစ်မှာတော့ အဲဗာတန်နောက်ခံကစားသမား မိုက်ကယ်ကိန်းက လီဗာပူးလ်ခံစစ်အတွင်း ရှုပ်ယပ်ခတ်နေတဲ့ အနေအထားကို အခွင့်ကောင်းယူပြီး ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပေမယ့် ၃၁မိနစ်နဲ့ ၄၅မိနစ်တွေမှာ အော်ရီဂီနဲ့ မာနေးတို့က အနိုင်ဂိုးတွေ ဆက်လက်သွင်းယူပြီး အဲဗာတန်ရဲ့ မျှော်လင့်ချက်တွေ ရိုက်ချိုးဖြစ်ခဲ့ပါတယ်။ ပထမပိုင်း အချိန်ပိုအတွင်းမှာတော့ ရစ်ချာလီဆန်က ဧည့်သည်အသင်းအတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့ပါသေးတယ်။

Photo Credit : Getty Images

ပထမပိုင်းမှာကတည်းက နှစ်သင်းပေါင်း သွင်းဂိုး၆ဂိုးအထိ ရှိခဲ့ရတဲ့ ဒီမာဆေးဆိုဒ်ဒါဘီပွဲဟာ ဒုတိယပိုင်းမှာလည်း ပွဲရဲ့အရှိန်က မကျဆင်းသွားခဲ့ပဲ အကြိတ်အနယ်ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် နှစ်သင်းလုံးက ပထမပိုင်းကလောက် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ဂိုးတွေထပ်မံမြင်ရဖို့က ပွဲပြီးခါနီးအထိ စောင့်ခဲ့ရပြီး နယ်သာလန်ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်က မိနစ်၉၀မှာ ဘယ်ခြမ်းကနေ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးလ်က ဂိုးပေါက်၅ကြိမ်တည့်မတ်ခဲ့ရာကနေ ၅ဂိုးရယူနိုင်ခဲ့ကာ ရရှိတဲ့ အခွင့်အရေးတိုင်းကို အကောင်းဆုံးအသုံးချနိုင်ခဲ့လို့ အခုလို ပြတ်သားတဲ့နိုင်ပွဲကို ပိုင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။