ဒီေန႔ ၾသဂုတ္လ ၁၅ရက္ မနက္အေစာပုိင္းမွာေတာ့ ခ်န္ပီယံလိဂ္ခ်န္ပီယံနဲ႔ ယူရုိပါလိဂ္ဖလားခ်န္ပီယံအသင္းေတြရဲ႕ ဥေရာပစူပါဖလားၿပိဳင္ပြဲကုိ တူရကီႏုိင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာ က်င္းပခဲ႔ၿပီး ပရီးမီးယားလိဂ္ထိပ္သီးအသင္းေတြျဖစ္ၾကတဲ႔ လီဗာပူးလ္နဲ႔ ခ်ယ္လ္ဆီးအသင္းတုိ႔က အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားခဲ႔ရာ လီဗာပူးလ္အသင္းက ပင္နယ္တီမွာ ၅ဂုိး၄ဂုိးနဲ႔ အႏုိင္ရခဲ့ၿပီး ၂၀၀၅ခုႏွစ္ေနာက္ပုိင္း ဥေရာပစူပါဖလားကုိ ပထမဆုံးအႀကိမ္အျဖစ္ ျပန္လည္ပုိင္ဆုိင္ႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္တဲ႔ လီဗာပူးလ္အသင္းကေတာ့ ဒီေန႔ပြဲမွာ လူစာရင္းကုိ အေျပာင္းအလဲေတြ ျပဳလုပ္ခဲ့ၿပီး အားလုံးေမွ်ာ္လင့္ေနတဲ႔ ဆာလာ မာေနး ဖာမီႏုိရဲ႕ တုိက္စစ္အတြဲအဖက္ကုိ မျမင္ေတြ႔ရခဲ႔ပဲ တိုက္စစ္ပုိင္းမွာ ဆာလာ မာေနးနဲ႔အတူ ခ်ိန္ဘာလိမ္ကုိ တြဲဖက္အသုံးျပဳခဲ႔ပါတယ္။ ခ်ယ္လ္ဆီးအသင္းကလည္း မန္ခ်က္စတာယူႏုိက္တက္အသင္းကုိ အရွုံးနိမ့္ခဲ႔တဲ႔ပြဲစဥ္တုန္းက ကစားကြက္ကုိပုံစံေျပာင္းခဲ႔ၿပီး အသင္းရဲ႕ အဓိကကြင္းလယ္လူကန္တီနဲ႔ ေတာင္ပံကစားသမားေလးပူလီဆစ္တုိ႔ကုိပါ ပြဲထုတ္လာခဲ႔ပါတယ္။ ကန္တီျပန္လည္ပါဝင္လာတဲ႔ ခ်ယ္လ္ဆီးကြင္းလယ္ပုိင္းက ယူႏုိက္တက္အသင္းက ပုံစံထက္ ပုိၿပီးအားေကာင္းလာခဲ႔သလုိ ပူလီဆစ္ကလည္း တုိက္စစ္ပုိင္းမွာ ေျခစြမ္းျပႏုိင္ခဲ႔ပါတယ္။ ပထမပုိင္းမွာ လီဗာပူးလ္ကေတာ့ တုိက္စစ္မွာ လူမဆုံခဲ႔ေပမယ့္ ခ်ယ္လ္ဆီးဘက္ကုိ အသာစီးရယူ ထုိးေဖာက္ႏုိင္ခဲ႔ၿပီး ဂုိးေပါက္တည့္ကန္ခ်က္တုိင္းကုိလည္း ကီပါဘက္ကေန ကာကြယ္ႏုိင္ခဲ႔ပါတယ္။ ခ်ယ္လ္ဆီးကလည္း ျပန္လည္ထုိးေဖာက္မႈေတြ လီဗာပူးလ္ခံစစ္ကုိ ေမႊေႏွာက္ခဲ႔ၿပီး ဒုကၡေကာင္းေကာင္းေပးႏုိင္ခဲ႔ပါတယ္။ ပြဲခ်ိန္ ၃၆မိနစ္မွာေတာ့ ကန္တီ ေဘာလုံးရယူမႈကေန စတင္လာခဲ႔တဲ႔ အခြင့္အေရးကေန ပူလီဆစ္က ဂ်ရွးကုိ ဖန္တီးေပးၿပီး ဂ်ရွုးက ခ်ယ္လ္ဆီးအတြက္ အဖြင့္ဂုိးအျဖစ္ သြင္းယူႏုိင္ခဲ႔ပါတယ္။ ဒီဂုိးရၿပီး သိပ္မၾကာခင္မွာပဲ ပူလီဆစ္က ဒုတိယအႏိုင္ဂုိးကုိ ထပ္မံသြင္းယူခဲ႔ေပမယ့္လည္း လူကြ်ံေနလုိ႔ လီဗာပူးလ္တုိ႔ စိတ္သက္သာရခဲ႔ပါတယ္။

Photo Credit : Getty Images

ပထမပုိင္းမွာ တိုက္စစ္ပုိင္းရဲ႕ ထုိးေဖာက္မႈေတြမွာ ထိေရာက္မႈအားနည္းခဲ႔တာေၾကာင့္ ဒုတိယပုိင္းအစမွာပဲ ဖာမီႏုိကုိ လူစားဝင္ကစားေစခဲ႔ၿပီး ၂မိနစ္ေလာက္အၾကာမွာပဲ လီဗာပူးလ္တုိ႔ ေခ်ပဂုိးျပန္လည္ရရွိခဲ႔ကာ မာေနးက သြင္းယူခဲ႔တာျဖစ္ၿပီး လူစားဝင္ကစားသမားဖာမီႏုိက ဖန္တီးေပးခဲ႔တာျဖစ္ပါတယ္။ အဲ႔ဒီေနာက္မွာေတာ့ လီဗာပူးလ္ရဲ႕ ထုိးေဖာက္မႈေတြကုိ ဆက္တုိက္ျမင္ေတြ႔လာရသလုိ ခ်ယ္လ္ဆီးကလည္း အလစ္အငုိက္ေခ်ာင္းကာ ျပန္လည္တုိက္စစ္ဆင္ၿပီး ၿခိမ္းေျခာက္ႏိုင္ခဲ႔ပါတယ္။ ဒါေပမယ့္ လီဗာပူးလ္ေလာက္ေတာ့ ထိထိမိမိ တိုက္စစ္မဆင္ႏိုင္ခဲ႔ပဲ လီဗာပူးလ္ကေတာ့ ခ်ယ္လ္ဆီးဂုိးသမားကီပါရဲ႕ လက္စြမ္းျပမႈေၾကာင့္ အႏုိင္ဂုိးရဖုိ႔ ရုန္းကန္ခဲ႔ရပါတယ္။ ခ်ယ္လ္ဆီးကေတာ့ မိနစ္၈၀မွာ လူစားဝင္ကစားသမား ေမဆင္ေမာင့္ရဲ႕ ဂုိးနဲ႔ ျပန္လည္ဦးေဆာင္ႏိုင္ဖုိ႔ အခြင့္အေရးရခဲ႔ေပမယ့္လည္း ကံဆုိးစြာနဲ႔ပဲ ဒီဂုိးမွာလည္း ထပ္မံလူကြ်ံေနခဲ႔ျပန္ပါတယ္။

Photo Credit : Getty Images

ဒီလိုနဲ႔ ဒုတိယပုိင္းမွာလည္း ၁ဂုိးစီ သေရက်ခဲ႔တာေၾကာင့္ အခ်ိန္ပိုဆက္လက္ကစားခဲ႔ရၿပီး ၉၅မိနစ္မွာ မာေနးကပဲ လီဗာပူးလ္အတြက္ ဦးေဆာင္ဂုိးကုိ သြင္းယူခဲ႔ပါတယ္။ ဒါေပမယ့္ ၉၈မိနစ္အေရာက္မွာေတာ့ လီဗာပူးလ္ဂုိးသမားအက္ဒရီယန္ ခ်ယ္လ္ဆီးတုိက္စစ္မွဴးေအဘရာဟမ္ကုိ ဧရိယာအတြင္း အဝင္ၾကမ္းခဲ႔တယ္ဆုိၿပီး ပင္နယ္တီသတ္မွတ္ေပးခံရလုိ႔ ခ်ယ္လ္ဆီးတုိ႔ ပင္နယ္တီကန္ခြင့္ရခဲ႔ၿပီး ေဂ်ာ္ဂ်င္ဟုိက ပင္နယ္တီကေန အေရးတႀကီး ေခ်ပဂုိးအျဖစ္ သြင္းယူႏုိင္ခဲ့ပါတယ္။ အခ်ိန္ပုိဒုတိယပုိင္းမွာေတာ့ ဘယ္အသင္းကမွ သြင္းဂုိးေတြ ထပ္မရေတာ့တာေၾကာင့္ ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ႔ရာ ႏွစ္သင္းလုံးက ပင္နယ္တီ၄ဂုိးအထိ အမွားအယြင္းမရွိခဲ႔ပဲ ခ်ယ္လ္ဆီးရဲ႕ ၅လုံးေျမာက္ ပင္နယ္တီကုိ ေအဘရာဟမ္ကန္သြင္းခဲ႔ရာမွာ ဂုိးသမားအက္ဒရီယန္က ကာကြယ္သြားခဲ႔လုိ႔ လီဗာပူးလ္တုိ႔ အႏုိင္ရသြားခဲ႔ပါတယ္ခင္ဗ်ာ။

(Unicode)

ဒီနေ့ သြဂုတ်လ ၁၅ရက် မနက်အစောပိုင်းမှာတော့ ချန်ပီယံလိဂ်ချန်ပီယံနဲ့ ယူရိုပါလိဂ်ဖလားချန်ပီယံအသင်းတွေရဲ့ ဥရောပစူပါဖလားပြိုင်ပွဲကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကျင်းပခဲ့ပြီး ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်ကြတဲ့ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့က အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးလ်အသင်းက ပင်နယ်တီမှာ ၅ဂိုး၄ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၂၀၀၅ခုနှစ်နောက်ပိုင်း ဥရောပစူပါဖလားကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ချန်ပီယံလိဂ်ချန်ပီယံဖြစ်တဲ့ လီဗာပူးလ်အသင်းကတော့ ဒီနေ့ပွဲမှာ လူစာရင်းကို အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး အားလုံးမျှော်လင့်နေတဲ့ ဆာလာ မာနေး ဖာမီနိုရဲ့ တိုက်စစ်အတွဲအဖက်ကို မမြင်တွေ့ရခဲ့ပဲ တိုက်စစ်ပိုင်းမှာ ဆာလာ မာနေးနဲ့အတူ ချိန်ဘာလိမ်ကို တွဲဖက်အသုံးပြုခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကလည်း မန်ချက်စတာယူနိုက်တက်အသင်းကို အရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တုန်းက ကစားကွက်ကိုပုံစံပြောင်းခဲ့ပြီး အသင်းရဲ့ အဓိကကွင်းလယ်လူကန်တီနဲ့ တောင်ပံကစားသမားလေးပူလီဆစ်တို့ကိုပါ ပွဲထုတ်လာခဲ့ပါတယ်။ ကန်တီပြန်လည်ပါဝင်လာတဲ့ ချယ်လ်ဆီးကွင်းလယ်ပိုင်းက ယူနိုက်တက်အသင်းက ပုံစံထက် ပိုပြီးအားကောင်းလာခဲ့သလို ပူလီဆစ်ကလည်း တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ လီဗာပူးလ်ကတော့ တိုက်စစ်မှာ လူမဆုံခဲ့ပေမယ့် ချယ်လ်ဆီးဘက်ကို အသာစီးရယူ ထိုးဖောက်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်ကန်ချက်တိုင်းကိုလည်း ကီပါဘက်ကနေ ကာကွယ်နိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးကလည်း ပြန်လည်ထိုးဖောက်မှုတွေ လီဗာပူးလ်ခံစစ်ကို မွှေနှောက်ခဲ့ပြီး ဒုက္ခကောင်းကောင်းပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၆မိနစ်မှာတော့ ကန်တီ ဘောလုံးရယူမှုကနေ စတင်လာခဲ့တဲ့ အခွင့်အရေးကနေ ပူလီဆစ်က ဂျရှးကို ဖန်တီးပေးပြီး ဂျရှုးက ချယ်လ်ဆီးအတွက် အဖွင့်ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးရပြီး သိပ်မကြာခင်မှာပဲ ပူလီဆစ်က ဒုတိယအနိုင်ဂိုးကို ထပ်မံသွင်းယူခဲ့ပေမယ့်လည်း လူကျွံနေလို့ လီဗာပူးလ်တို့ စိတ်သက်သာရခဲ့ပါတယ်။

Photo Credit : Getty Images

ပထမပိုင်းမှာ တိုက်စစ်ပိုင်းရဲ့ ထိုးဖောက်မှုတွေမှာ ထိရောက်မှုအားနည်းခဲ့တာကြောင့် ဒုတိယပိုင်းအစမှာပဲ ဖာမီနိုကို လူစားဝင်ကစားစေခဲ့ပြီး ၂မိနစ်လောက်အကြာမှာပဲ လီဗာပူးလ်တို့ ချေပဂိုးပြန်လည်ရရှိခဲ့ကာ မာနေးက သွင်းယူခဲ့တာဖြစ်ပြီး လူစားဝင်ကစားသမားဖာမီနိုက ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ လီဗာပူးလ်ရဲ့ ထိုးဖောက်မှုတွေကို ဆက်တိုက်မြင်တွေ့လာရသလို ချယ်လ်ဆီးကလည်း အလစ်အငိုက်ချောင်းကာ ပြန်လည်တိုက်စစ်ဆင်ပြီး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်လောက်တော့ ထိထိမိမိ တိုက်စစ်မဆင်နိုင်ခဲ့ပဲ လီဗာပူးလ်ကတော့ ချယ်လ်ဆီးဂိုးသမားကီပါရဲ့ လက်စွမ်းပြမှုကြောင့် အနိုင်ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ချယ်လ်ဆီးကတော့ မိနစ်၈၀မှာ လူစားဝင်ကစားသမား မေဆင်မောင့်ရဲ့ ဂိုးနဲ့ ပြန်လည်ဦးဆောင်နိုင်ဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ ဒီဂိုးမှာလည်း ထပ်မံလူကျွံနေခဲ့ပြန်ပါတယ်။

Photo Credit : Getty Images

ဒီလိုနဲ့ ဒုတိယပိုင်းမှာလည်း ၁ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပိုဆက်လက်ကစားခဲ့ရပြီး ၉၅မိနစ်မှာ မာနေးကပဲ လီဗာပူးလ်အတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ၉၈မိနစ်အရောက်မှာတော့ လီဗာပူးလ်ဂိုးသမားအက်ဒရီယန် ချယ်လ်ဆီးတိုက်စစ်မှူးအေဘရာဟမ်ကို ဧရိယာအတွင်း အဝင်ကြမ်းခဲ့တယ်ဆိုပြီး ပင်နယ်တီသတ်မှတ်ပေးခံရလို့ ချယ်လ်ဆီးတို့ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဂျော်ဂျင်ဟိုက ပင်နယ်တီကနေ အရေးတကြီး ချေပဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။ အချိန်ပိုဒုတိယပိုင်းမှာတော့ ဘယ်အသင်းကမှ သွင်းဂိုးတွေ ထပ်မရတော့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ နှစ်သင်းလုံးက ပင်နယ်တီ၄ဂိုးအထိ အမှားအယွင်းမရှိခဲ့ပဲ ချယ်လ်ဆီးရဲ့ ၅လုံးမြောက် ပင်နယ်တီကို အေဘရာဟမ်ကန်သွင်းခဲ့ရာမှာ ဂိုးသမားအက်ဒရီယန်က ကာကွယ်သွားခဲ့လို့ လီဗာပူးလ်တို့ အနိုင်ရသွားခဲ့ပါတယ်ခင်ဗျာ။