မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ယူပြီး ပရီးမီးယားလိဂ်မှာ တားဆီးလို့မရသေးတဲ့ အသင်းတစ်သင်းအဖြစ် ဆက်လက်ရပ်တည်လို့နေနိုင်သေးတဲ့ လီဗာပူးလ်အသင်းဟာ ဒီနေ့ညမှာလည်း သူတို့အသင်းကို ဒုက္ခပေးကောင်းပေးနိုင်တဲ့ ဝုလ်ဗ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၄)အဖြစ် ရင်ဆိုင်ကစားခဲ့ရပြီး ၂ဂိုး၁ဂိုးနဲ့ အနိုင်ယူခဲ့ကာ နိုင်ပွဲဆက်မှုက ၁၄ပွဲအထိ ရှိသွားခဲ့ရပါတယ်။

Photo Credit : Getty Images

အမှတ်ပေးဇယားထိပ်မှာ ရမှတ်အပြတ်အသတ်နဲ့ ဦးဆောင်လို့နေတဲ့ လီဗာပူးလ်အသင်းကတော့ ယူနိုက်တက်အနိုင်ယူခဲ့စဉ်တုန်းက အသုံးပြုခဲ့တဲ့ လူစာရင်းကို လုံးဝအပြောင်းအလဲ မလုပ်ဆောင်ပဲနဲ့ အဝေးကွင်းမှာ ဝုလ်ဗ်အသင်းကို လာရောက်ရင်ဆိုင်ခဲ့တာဖြစ်ပြီး အိမ်ရှင်ကတော့ ၃-၄-၃ ကစားကွက်နဲ့အတူ နက်တို ဂျီမီနက်ဇ် ထရာအိုရေး နီဗက်ဇ် မော်တင်ဟိုတို့လို အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းစတင်ချိန်မှာ ဝုလ်ဗ်က ဖိအားပေးနိုင်ခဲ့ပေမယ့်လည်း တကယ်ဂိုးရခဲ့တာကတော့ ရပ်တန့်မရနိုင်တဲ့ လီဗာပူးလ်အသင်းဖြစ်ပြီး ၈မိနစ်မှာ အသင်းခေါင်းဆောင်ဟန်ဒါဆန်က အာနိုးရဲ့ထောင့်ကန်ဘောကနေတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးရပြီးတဲ့နောက်မှာ လီဗာပူးလ်ကပဲ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ဝုလ်ဗ်ရဲ့တိုက်စစ်ကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ၃၂မိနစ်မှာတော့ မာနေးဒဏ်ရာရသွားခဲ့လို့ အသစ်ခေါ်ယူထားတဲ့ ဂျပန်ကစားသမားလေး မီနာမီနိုကို ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် သုံးစွဲခဲ့ရပါတယ်။ ဝုလ်ဗ်ကတော့ ခွင့်ပြုထားရတဲ့ သွင်းဂိုးကို ပြန်လည်ချေပနိုင်ဖို့အတွက် ကြိုးစားပမ်းခဲ့ပေမယ့်လည်း နောက်ဆုံးအဆုံးသတ်ပိုင်းတွေမှာ အားနည်းတာ လီဗာပူးလ်ခံစစ်ကလည်း ချေပဂိုးပြန်မပေးရအောင် အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့လို့ ပထမပိုင်းတော့ လီဗာပူးလ်ကပဲ ၁ဂိုးတည်းနဲ့ ဦးဆောင်ခဲ့ရပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်လေးမှာပဲ ဆာလာက လီဗာပူးလ်အတွက် ဒုတိယဂိုးရစေနိုင်လောက်မယ့် ကန်ချက်မျိုးနဲ့ ကန်သွင်းခဲ့ပေမယ့်လည်း ပက်ထရစ်စီယို ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်အသင်းက မိနစ်၅၀မှာပဲ ရာအူးဂျီမီနက်ဇ်ရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ချေပဂိုးကို ပြန်လည်ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ တောင်ပံကစားသမား ထရာအိုရေးက ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ချေပဂိုးရပြီးတဲ့နောက်မှာတော့ ဝုလ်ဗ်ရဲ့ဖိအားပေးမှုတွေကို ပိုမိုမြင်တွေ့လာခဲ့ရပြီး ထရာအိုရေးက လီဗာပူးလ်ခံစစ်ကို အတော်လေး အလုပ်ရှပ်စေခဲ့ပါတယ်။ ဒါပေမယ့် နိုင်ပွဲတစ်ပွဲ ဆက်လက်ရယူနိုင်အောင် အာရုံစိုက်ထားတဲ့ လီဗာပူးလ်အသင်းက ၈၄မိနစ်မှာ ဖာမီနိုရဲ့သွင်းဂိုးနဲ့အတူ ပြန်လည်ဦးဆောင်ခွင့် ရရှိသွားခဲ့ပါတယ်။ ပွဲပြီးခါနီး ဝုလ်ဗ်တို့ ချေပဂိုးပြန်ရဖို့ အခြေအနေပေးခဲ့ပေမယ့် ဂျီမီနက်ဇ်ကန်သွင်းချက်က လွဲချော်ခဲ့လို့ လီဗာပူးလ်ပွဲ အောင်ပွဲခံသွားခဲ့ရပါတယ်။

(Zawgyi)

ေမာ္လီနက္က ဝံပုေလြေတြရဲ႕ ဟန္႔တားမႈကုိပါ ျဖတ္ေက်ာ္ႏုိင္ခဲ႔ျပန္တဲ႔ လီဗာပူးလ္

မန္ခ်က္စတာယူႏုိက္တက္အသင္းကုိ အႏုိင္ယူၿပီး ပရီးမီးယားလိဂ္မွာ တားဆီးလုိ႔မရေသးတဲ႔ အသင္းတစ္သင္းအျဖစ္ ဆက္လက္ရပ္တည္လုိ႔ေနႏုိင္ေသးတဲ႔ လီဗာပူးလ္အသင္းဟာ ဒီေန႔ညမွာလည္း သူတုိ႔အသင္းကုိ ဒုကၡေပးေကာင္းေပးႏုိင္တဲ႔ ဝုလ္ဗ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၂၄)အျဖစ္ ရင္ဆုိင္ကစားခဲ႔ရၿပီး ၂ဂုိး၁ဂုိးနဲ႔ အႏုိင္ယူခဲ႔ကာ ႏုိင္ပြဲဆက္မႈက ၁၄ပြဲအထိ ရွိသြားခဲ႔ရပါတယ္။

Photo Credit : Getty Images

အမွတ္ေပးဇယားထိပ္မွာ ရမွတ္အျပတ္အသတ္နဲ႔ ဦးေဆာင္လုိ႔ေနတဲ႔ လီဗာပူးလ္အသင္းကေတာ့ ယူႏုိက္တက္အႏုိင္ယူခဲ႔စဥ္တုန္းက အသုံးျပဳခဲ႔တဲ႔ လူစာရင္းကုိ လုံးဝအေျပာင္းအလဲ မလုပ္ေဆာင္ပဲနဲ႔ အေဝးကြင္းမွာ ဝုလ္ဗ္အသင္းကုိ လာေရာက္ရင္ဆုိင္ခဲ႔တာျဖစ္ၿပီး အိမ္ရွင္ကေတာ့ ၃-၄-၃ ကစားကြက္နဲ႔အတူ နက္တုိ ဂ်ီမီနက္ဇ္ ထရာအုိေရး နီဗက္ဇ္ ေမာ္တင္ဟုိတုိ႔လုိ အဓိက ကစားသမားေတြနဲ႔ ပြဲထြက္လာခဲ႔ပါတယ္။ ပထမပုိင္းစတင္ခ်ိန္မွာ ဝုလ္ဗ္က ဖိအားေပးႏုိင္ခဲ႔ေပမယ့္လည္း တကယ္ဂုိးရခဲ႔တာကေတာ့ ရပ္တန္႔မရႏုိင္တဲ႔ လီဗာပူးလ္အသင္းျဖစ္ၿပီး ၈မိနစ္မွာ အသင္းေခါင္းေဆာင္ဟန္ဒါဆန္က အာႏုိးရဲ႕ေထာင့္ကန္ေဘာကေနတစ္ဆင့္ ေခါင္းတုိက္သြင္းယူခဲ႔တာျဖစ္ပါတယ္။ ဦးေဆာင္ဂုိးရၿပီးတဲ႔ေနာက္မွာ လီဗာပူးလ္ကပဲ ပြဲကုိထိန္းခ်ဳပ္ႏုိင္ခဲ႔ၿပီး ဝုလ္ဗ္ရဲ႕တုိက္စစ္ကုိလည္း ထိန္းခ်ဳပ္ႏုိင္ခဲ႔ပါတယ္။ ၃၂မိနစ္မွာေတာ့ မာေနးဒဏ္ရာရသြားခဲ႔လု႔ိ အသစ္ေခၚယူထားတဲ႔ ဂ်ပန္ကစားသမားေလး မီနာမီႏိုကုိ ပရီးမီးယားလိဂ္ ပြဲဦးထြက္အျဖစ္ သုံးစြဲခဲ႔ရပါတယ္။ ဝုလ္ဗ္ကေတာ့ ခြင့္ျပဳထားရတဲ႔ သြင္းဂုိးကုိ ျပန္လည္ေခ်ပႏုိင္ဖုိ႔အတြက္ ႀကိဳးစားပမ္းခဲ႔ေပမယ့္လည္း ေနာက္ဆုံးအဆုံးသတ္ပုိင္းေတြမွာ အားနည္းတာ လီဗာပူးလ္ခံစစ္ကလည္း ေခ်ပဂုိးျပန္မေပးရေအာင္ အေကာင္းဆုံးထိန္းခ်ဳပ္ႏုိင္ခဲ႔လုိ႔ ပထမပုိင္းေတာ့ လီဗာပူးလ္ကပဲ ၁ဂုိးတည္းနဲ႔ ဦးေဆာင္ခဲ႔ရပါတယ္။

Photo Credit : Getty Images

ဒုတိယပုိင္းျပန္စၿပီး သိပ္မၾကာခင္ေလးမွာပဲ ဆာလာက လီဗာပူးလ္အတြက္ ဒုတိယဂုိးရေစႏုိင္ေလာက္မယ့္ ကန္ခ်က္မ်ိဳးနဲ႔ ကန္သြင္းခဲ႔ေပမယ့္လည္း ပက္ထရစ္စီယုိ ကာကြယ္ႏုိင္ခဲ႔ပါတယ္။ ဒါေပမယ့္ အိမ္ရွင္အသင္းက မိနစ္၅၀မွာပဲ ရာအူးဂ်ီမီနက္ဇ္ရဲ႕ ေခါင္းတုိက္သြင္းဂုိးနဲ႔ ေခ်ပဂုိးကုိ ျပန္လည္ရယူႏုိင္ခဲ႔ၿပီး ဒီဂုိးကုိေတာ့ ေတာင္ပံကစားသမား ထရာအုိေရးက ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။ ေခ်ပဂုိးရၿပီးတဲ႔ေနာက္မွာေတာ့ ဝုလ္ဗ္ရဲ႕ဖိအားေပးမႈေတြကုိ ပုိမုိျမင္ေတြ႕လာခဲ႔ရၿပီး ထရာအုိေရးက လီဗာပူးလ္ခံစစ္ကို အေတာ္ေလး အလုပ္ရွပ္ေစခဲ႔ပါတယ္။ ဒါေပမယ့္ ႏုိင္ပြဲတစ္ပဲြ ဆက္လက္ရယူႏုိင္ေအာင္ အာရုံစုိက္ထားတဲ႔ လီဗာပူးလ္အသင္းက ၈၄မိနစ္မွာ ဖာမီႏုိရဲ႕သြင္းဂုိးနဲ႔အတူ ျပန္လည္ဦးေဆာင္ခြင့္ ရရွိသြားခဲ႔ပါတယ္။ ပြဲၿပီးခါနီး ဝုလ္ဗ္တုိ႔ ေခ်ပဂုိးျပန္ရဖုိ႔ အေျခအေနေပးခဲ႔ေပမယ့္ ဂ်ီမီနက္ဇ္ကန္သြင္းခ်က္က လြဲေခ်ာ္ခဲ႔လုိ႔ လီဗာပူးလ္ပြဲ ေအာင္ပြဲခံသြားခဲ႔ရပါတယ္။