ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲအတွင်းမှာ လုံးဝကို ရှံးပွဲမရှိသေးပဲ ပုံစံကောင်းတစ်ခုပြသထားကာ ပြိုင်ဘက်တွေကို အမှတ်အပြတ်အသတ် ဖြတ်တောက်ထားခဲ့တဲ့ လီဗာပူးလ်အသင်းက သူတို့အသင်းကို ဒီရာသီမှာ နိုင်ပွဲမရအောင် ဟန့်တားထားခဲ့တဲ့ တစ်သင်းတည်းသောအသင်း မန်ချက်စတာယူနိုက်တက်နဲ့ ဒီနေ့ညမှာ ပြန်လည်ရင်ဆိုင်ကစားခဲ့ရပြီး ဗန်ဒိုက် ဆာလာတုုိ့ရဲကသွင်းဂိုးတွေနဲ့ အိမ်ကွင်းမှာ လီဗာပူးလ်တို့ ၂ဂိုး ဂိုးမရှိနဲ့ အနိုုင်ရခဲ့ပါတယ်။

Photo Credit : Getty Images

အိမ်ရှင်လီဗာပူးလ်အသင်းက သူတို့တစ်ရာသီလုံးနီးပါး သုံးစွဲခဲ့တဲ့ ၄-၃-၃ ကစားကွက်ကိုပဲ ဆက်လက်အသုံးပြုလာခဲ့ပြီး ဆာလာ မာနေး ဖာမီနို ဟန်ဒါဆန် ဝိုင်နယ်ဒန် အာနိုး ရော်ဘတ်ဆန် ဗန်ဒိုက် ဂိုးမက်ဇ် အယ်လီဆန်တို့နဲ့ ပွဲထွက်လာခဲ့ကာ အရန်မှာလည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ မာတစ်နဲ့ ဖာဘင်ဟိုတို့လည်း ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဧည့်သည်ယူနိုက်တက်မှာတော့ ရပ်ဖိုဒ့်လုံးဝပါဝင်လာခြင်းမရှိသလို မာတာကိုလည်း အရန်မှာပဲ သုံးစွဲလာခဲ့ပြီး မာစီယဲလ် ဂျိမ်းစ် ပါရဲရား မာတစ် ဖရက်ဒ် ဝီလီယံစ် ဝမ်ဘစ်ဆာခါ မက်ဂွိုင်းယား လင်ဒီလော့ လုခ်ရှော ဒီဂီယာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲအစပိုင်းကတည်းက တိုက်စစ်ကို အေးအေးဆေးဆေး တည်ဆောက်နေရင်းနဲ့ ပထမဆုံးဂိုးပေါက်တည့်ခဲ့ရတဲ့ ဗန်ဒိုက်ရဲ့ထောင်ကန်ဘော့ကနေတစ်ဆင့် ခေါင်းတိုက်ဂိုးကနေ အဖွင့်ဂိုးကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ တစ်ဂိုးရပြီးတဲ့နောက် လီဗာပူးလ်ရဲ့တိုက်စစ်ပိုင်း အရှိန်မြင့်မှုကို မြင်တွေ့လာရပြီး ၂၅မိနစ်မှာ ဖာမီနိုက ဒုတိယဂိုးကို သွင်းယူခဲ့ပေမယ့် ဒီဂိုးမရခင်မှာ ဗန်ဒိုက်က ဒီဂီယာကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပြန်လည်ပယ်ဖျက်ခဲ့သလို ၃၆မိနစ်မှာ ဝိုင်နယ်ဒန် သွင်းယူခဲ့တဲ့ဂိုးမှာလည်း လူကျွံနေတာကြောင့် ခွင့်ပြုခြင်းမခံခဲ့ရပါဘူး။ တစ်ပွဲလုံး ဘာမှမလုပ်နိုင်ခဲ့တဲ့ ယူနိုက်တက်တိုက်စစ်က မိနစ်၄၀လောက်မှသာ ခြိမ်းခြောက်မှုတွေ စတင်လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး ဝမ်ဘစ်ဆာခါရဲ့ဖြတ်တင်ပေးမှုကနေတစ်ဆင့် ပါရဲရားပိတ်သွင်းခဲ့ရာ အနည်းလေးနောက်ကျနေခဲ့လို့ ချေပဂိုးပြန်ရမယ့်အရေးကနေ လက်လွတ်ခဲ့ရပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ အိမ်ရှင်အသင်းရဲ့ တရစပ်ထိုးဖောက်မှုတွေ ဆက်တိုက်မြင်တွေ့လာရပြီး ဆာလာ ဖာမီနိုတို့ရဲ့ ကန်ချက်တွေက ဂိုးဝင်လုနီးပါးတွေ ဖြစ်ခဲ့ရပါတယ်။ လီဗာပူးလ်က တိုက်စစ်ကိုလည်း အကောင်းဆုံးပုံဖော်နေရင်းနဲ့ ဘောလုံးဆုံးရှံးနေချိန်မှာလည်း တစ်ဖက်အသင်းကို Press ကောင်းကောင်းပေးထားနိုင်ခဲ့လို့ ယူနိုက်တက်အတွက် အခွင့်အရေးက မရသလောက်ကို ဖြစ်ခဲ့ရပါတယ်။ ရှားရှားပါးပါး ရရှိခဲ့တဲ့ အခွင့်အရေးကောင်းတစ်ခုမှာလည်း မာစီယဲလ်ရဲ့ လိုတာထက်ပိုပြီး အားထည့်ကန်ချက်ကြောင့် ဂိုးပေါက်နဲ့လွဲခဲ့ရပါတယ်။ ရ၄မိနစ်အရောက်မှာတော့ ယူနိုက်တက်က မာတာ ဂရင်းဝုဒ်တို့ကိုထည့်ပြီး ကစားကွက်ကို ပြောင်းလဲကာ ချေပဂိုးရအောင် ကြိုးစားလာပေမယ့် ထိရောက်ခြင်းတော့ မရှိခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ ယူနိုက်တ်က တရစပ်တိုက်စစ်ဆင်လာပေမယ့်လည်း ဂိုးတော့မရခဲ့လို့ ကောင်တာတိုက်စစ်ကနေ အခွင့်အရေးတွေရသွားခဲ့တဲ့ ဆာလာက လီဗာပူးလ်အတွက် ပွဲသိမ်းသွင်းဂိုးကို ရယူပြီး ၂ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

(Zawgyi)

အန္ဖီးလ္ကြင္းမွာေတာ့ လီဗာပူးလ္ကုိ တားဆီႏုိင္ခဲ႔ျခင္းမရွိတဲ႔ ယူႏုိက္တက္

ဒီႏွစ္ရာသီ ပရီးမီးယားလိဂ္ေဘာလုံးၿပိဳင္ပြဲအတြင္းမွာ လုံးဝကုိ ရွံးပြဲမရွိေသးပဲ ပုံစံေကာင္းတစ္ခုျပသထားကာ ၿပိဳင္ဘက္ေတြကုိ အမွတ္အျပတ္အသတ္ ျဖတ္ေတာက္ထားခဲ႔တဲ႔ လီဗာပူးလ္အသင္းက သူတုိ႔အသင္းကုိ ဒီရာသီမွာ ႏုိင္ပြဲမရေအာင္ ဟန္႔တားထားခဲ႔တဲ႔ တစ္သင္းတည္းေသာအသင္း မန္ခ်က္စတာယူႏုိက္တက္နဲ႔ ဒီေန႔ညမွာ ျပန္လည္ရင္ဆုိင္ကစားခဲ႔ရၿပီး ဗန္ဒုိက္ ဆာလာတုုိ႔ရဲကသြင္းဂုိးေတြနဲ႔ အိမ္ကြင္းမွာ လီဗာပူးလ္တုိ႔ ၂ဂုိး ဂုိးမရွိနဲ႔ အႏုိုင္ရခဲ႔ပါတယ္။

Photo Credit : Getty Images

အိမ္ရွင္လီဗာပူးလ္အသင္းက သူတုိ႔တစ္ရာသီလုံးနီးပါး သုံးစြဲခဲ႔တဲ႔ ၄-၃-၃ ကစားကြက္ကုိပဲ ဆက္လက္အသုံးျပဳလာခဲ႔ၿပီး ဆာလာ မာေနး ဖာမီႏုိ ဟန္ဒါဆန္ ဝုိင္နယ္ဒန္ အာႏုိး ေရာ္ဘတ္ဆန္ ဗန္ဒုိက္ ဂုိးမက္ဇ္ အယ္လီဆန္တုိ႔နဲ႔ ပြဲထြက္လာခဲ႔ကာ အရန္မွာလည္း ဒဏ္ရာကေန ျပန္လည္သက္သာလာခဲ႔တဲ႔ မာတစ္နဲ႔ ဖာဘင္ဟုိတုိ႔လည္း ျပန္လည္ပါဝင္လာခဲ႔ပါတယ္။ ဧည့္သည္ယူႏုိက္တက္မွာေတာ့ ရပ္ဖုိဒ့္လုံးဝပါဝင္လာျခင္းမရွိသလုိ မာတာကုိလည္း အရန္မွာပဲ သုံးစြဲလာခဲ႔ၿပီး မာစီယဲလ္ ဂ်ိမ္းစ္ ပါရဲရား မာတစ္ ဖရက္ဒ္ ဝီလီယံစ္ ဝမ္ဘစ္ဆာခါ မက္ဂြိဳင္းယား လင္ဒီေလာ့ လုခ္ေရွာ ဒီဂီယာတုိ႔နဲ႔ ပြဲထြက္လာခဲ႔ပါတယ္။ ပြဲအစပုိင္းကတည္းက တုိက္စစ္ကုိ ေအးေအးေဆးေဆး တည္ေဆာက္ေနရင္းနဲ႔ ပထမဆုံးဂုိးေပါက္တည့္ခဲ႔ရတဲ႔ ဗန္ဒုိက္ရဲ႕ေထာင္ကန္ေဘာ့ကေနတစ္ဆင့္ ေခါင္းတုိက္ဂုိးကေန အဖြင့္ဂုိးကုိ ပုိင္ဆိုင္ႏုိင္ခဲ႔ပါတယ္။ တစ္ဂုိးရၿပီးတဲ႔ေနာက္ လီဗာပူးလ္ရဲ႕တုိက္စစ္ပုိင္း အရွိန္ျမင့္မႈကုိ ျမင္ေတြ႕လာရၿပီး ၂၅မိနစ္မွာ ဖာမီႏုိက ဒုတိယဂုိးကုိ သြင္းယူခဲ႔ေပမယ့္ ဒီဂုိးမရခင္မွာ ဗန္ဒုိက္က ဒီဂီယာကုိ ျပစ္ဒဏ္က်ဴးလြန္ခဲ႔တာေၾကာင့္ ျပန္လည္ပယ္ဖ်က္ခဲ႔သလုိ ၃၆မိနစ္မွာ ဝုိင္နယ္ဒန္ သြင္းယူခဲ႔တဲ႔ဂုိးမွာလည္း လူကြ်ံေနတာေၾကာင့္ ခြင့္ျပဳျခင္းမခံခဲ႔ရပါဘူး။ တစ္ပြဲလုံး ဘာမွမလုပ္ႏုိင္ခဲ႔တဲ႔ ယူႏုိက္တက္တုိက္စစ္က မိနစ္၄၀ေလာက္မွသာ ၿခိမ္းေျခာက္မႈေတြ စတင္လုပ္ေဆာင္နုိင္ခဲ႔တာျဖစ္ၿပီး ဝမ္ဘစ္ဆာခါရဲ႕ျဖတ္တင္ေပးမႈကေနတစ္ဆင့္ ပါရဲရားပိတ္သြင္းခဲ႔ရာ အနည္းေလးေနာက္က်ေနခဲ႔လုိ႔ ေခ်ပဂုိးျပန္ရမယ့္အေရးကေန လက္လြတ္ခဲ႔ရပါတယ္။

Photo Credit : Getty Images

ဒုတိယပုိင္း ျပန္လည္စတင္ခ်ိန္မွာ အိမ္ရွင္အသင္းရဲ႕ တရစပ္ထုိးေဖာက္မႈေတြ ဆက္တုိက္ျမင္ေတြ႕လာရၿပီး ဆာလာ ဖာမီႏုိတုိ႔ရဲ႕ ကန္ခ်က္ေတြက ဂုိးဝင္လုနီးပါးေတြ ျဖစ္ခဲ႔ရပါတယ္။ လီဗာပူးလ္က တုိက္စစ္ကုိလည္း အေကာင္းဆုံးပုံေဖာ္ေနရင္းနဲ႔ ေဘာလုံးဆုံးရွံးေနခ်ိန္မွာလည္း တစ္ဖက္အသင္းကုိ Press ေကာင္းေကာင္းေပးထားႏုိင္ခဲ႔လုိ႔ ယူႏုိက္တက္အတြက္ အခြင့္အေရးက မရသေလာက္ကုိ ျဖစ္ခဲ႔ရပါတယ္။ ရွားရွားပါးပါး ရရွိခဲ႔တဲ႔ အခြင့္အေရးေကာင္းတစ္ခုမွာလည္း မာစီယဲလ္ရဲ႕ လုိတာထက္ပုိၿပီး အားထည့္ကန္ခ်က္ေၾကာင့္ ဂုိးေပါက္နဲ႔လြဲခဲ႔ရပါတယ္။ ၇၄မိနစ္အေရာက္မွာေတာ့ ယူႏုိက္တက္က မာတာ ဂရင္းဝုဒ္တုိ႔ကုိထည့္ၿပီး ကစားကြက္ကုိ ေျပာင္းလဲကာ ေခ်ပဂုိးရေအာင္ ႀကိဳးစားလာေပမယ့္ ထိေရာက္ျခင္းေတာ့ မရွိခဲ႔ပါဘူး။ ပြဲၿပီးခါနီးမွာ ယူႏုိက္တ္က တရစပ္တုိက္စစ္ဆင္လာေပမယ့္လည္း ဂုိးေတာ့မရခဲ႔လုိ႔ ေကာင္တာတုိက္စစ္ကေန အခြင့္အေရးေတြရသြားခဲ႔တဲ႔ ဆာလာက လီဗာပူးလ္အတြက္ ပြဲသိမ္းသြင္းဂုိးကုိ ရယူၿပီး ၂ဂုိးျပတ္နဲ႔ အႏုိင္ရသြားခဲ႔ပါတယ္။