CIES လို႔ ေခၚတဲ့ “အားကစား ေလ့လာေရး ႏိုင္ငံတကာ စင္တာ”ကေတာ့ လီဗာပူးလ္အသင္းဟာ ဥေရာပ ျပည္တြင္းလိဂ္ အားလုံး (၃၅) လိဂ္ထဲမွာ အသန႔္ရွင္းဆုံး အသင္း (Fairest Team) ျဖစ္ပါတယ္လို႔ ေဖာ္ျပသြားခဲ့ပါတယ္။ CIES ဟာ အသန႔္ရွင္းဆုံး အသင္းကို သတ္မွတ္တဲ့ အခ်ိန္မွာ ပြဲစဥ္ (၁) ပြဲ အတြင္း ျပစ္ဒဏ္ေဘာ ေပးႏႈန္းနဲ႔ တိုင္းတာခဲ့ၿပီး အခ်က္အလက္အရ လီဗာပူးလ္အသင္းကေတာ့ ပြဲစဥ္ (၁) ပြဲအတြင္းမွာ ျပစ္ဒဏ္ေဘာ ေပးႏႈန္း ပ်မ္းမွ် (၈.၁) သာ ရွိတယ္လို႔ ေဖာ္ျပသြားပါတယ္။

Photo Credit: cies.ch

လီဗာပူးလ္အသင္းဟာ ပြဲစဥ္ (၁) ပြဲအတြင္းမွာ ျပစ္ဒဏ္ေဘာ ေပးႏႈန္း ပ်မ္းမွ် (၈.၁) သာ ရွိေနတဲ့ အတြက္ေၾကာင့္ ဥေရာပ ျပည္တြင္းလိဂ္ (၃၅) လိဂ္မွာ အသန႔္ရွင္းဆုံး အသင္း အေနနဲ႔ တရားဝင္ သတ္မွတ္ခံလိုက္ရတာ ျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ဥေရာပျပည္တြင္းလိဂ္ (၃၅) လိဂ္မွာ အသန႔္ရွင္းဆုံး အသင္း ျဖစ္႐ုံသာမက လိဂ္ပြဲစဥ္ (၂၂) ပြဲ ကစားၿပီးတဲ့ အခ်ိန္မွာ ရႈံးပြဲ မရွိေသးဘဲ ရမွတ္ (၆၄) မွတ္ ရရွိခဲ့တာေၾကာင့္ လိဂ္ပြဲစဥ္ (၂၂) ပြဲမွာ ရမွတ္ အမ်ားဆုံး အသင္း ျဖစ္ပါတယ္။

Photo Credit: Givemesports

လီဗာပူးလ္အသင္းဟာ အသန႔္ရွင္းဆုံး အသင္းလို႔ သတ္မွတ္ခံရၿပီး ဂုဏ္ယူစရာ ေကာင္းေနေပမဲ့ တစ္ဖက္မွာ လီဗာပူးလ္အသင္းအေနနဲ႔ ရႈံးပြဲ မရွိ စံခ်ိန္ကို ရရွိႏိုင္တာဟာ VAR ရဲ႕ ကူညီမႈေၾကာင့္ ျဖစ္တယ္လို႔ ေလွာင္ေျပာင္မႈေတြလည္း ရွိပါတယ္။ ဒါေပမဲ့ VAR ဆိုတာ နည္းပညာတစ္ခု ျဖစ္လို႔ VAR ရဲ႕ ကူညီမႈ မဟုတ္ဘဲ နည္းပညာရဲ႕ အမွားလို႔ ျမင္သင့္ပါတယ္လို႔ ျပန္ေခ်ပမႈေတြ ရွိလာၿပီး ေသခ်ာတာ တစ္ခုကေတာ့ ပရီးမီးယားလိဂ္ ဖလားက လီဗာပူးလ္လက္က ေျပးမလြတ္တာပါပဲ။

{Unicode}

CIES လို့ ခေါ်တဲ့ “အားကစား လေ့လာရေး နိုင်ငံတကာ စင်တာ”ကတော့ လီဗာပူးလ်အသင်းဟာ ဥရောပ ပြည်တွင်းလိဂ် အားလုံး (၃၅) လိဂ်ထဲမှာ အသန့်ရှင်းဆုံး အသင်း (Fairest Team) ဖြစ်ပါတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ CIES ဟာ အသန့်ရှင်းဆုံး အသင်းကို သတ်မှတ်တဲ့ အချိန်မှာ ပွဲစဉ် (၁) ပွဲ အတွင်း ပြစ်ဒဏ်ဘော ပေးနှုန်းနဲ့ တိုင်းတာခဲ့ပြီး အချက်အလက်အရ လီဗာပူးလ်အသင်းကတော့ ပွဲစဉ် (၁) ပွဲအတွင်းမှာ ပြစ်ဒဏ်ဘော ပေးနှုန်း ပျမ်းမျှ (၈.၁) သာ ရှိတယ်လို့ ဖော်ပြသွားပါတယ်။

Photo Credit: cies.ch

လီဗာပူးလ်အသင်းဟာ ပွဲစဉ် (၁) ပွဲအတွင်းမှာ ပြစ်ဒဏ်ဘော ပေးနှုန်း ပျမ်းမျှ (၈.၁) သာ ရှိနေတဲ့ အတွက်ကြောင့် ဥရောပ ပြည်တွင်းလိဂ် (၃၅) လိဂ်မှာ အသန့်ရှင်းဆုံး အသင်း အနေနဲ့ တရားဝင် သတ်မှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဥရောပပြည်တွင်းလိဂ် (၃၅) လိဂ်မှာ အသန့်ရှင်းဆုံး အသင်း ဖြစ်ရုံသာမက လိဂ်ပွဲစဉ် (၂၂) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရှုံးပွဲ မရှိသေးဘဲ ရမှတ် (၆၄) မှတ် ရရှိခဲ့တာကြောင့် လိဂ်ပွဲစဉ် (၂၂) ပွဲမှာ ရမှတ် အများဆုံး အသင်း ဖြစ်ပါတယ်။

Photo Credit: Givemesports

လီဗာပူးလ်အသင်းဟာ အသန့်ရှင်းဆုံး အသင်းလို့ သတ်မှတ်ခံရပြီး ဂုဏ်ယူစရာ ကောင်းနေပေမဲ့ တစ်ဖက်မှာ လီဗာပူးလ်အသင်းအနေနဲ့ ရှုံးပွဲ မရှိ စံချိန်ကို ရရှိနိုင်တာဟာ VAR ရဲ့ ကူညီမှုကြောင့် ဖြစ်တယ်လို့ လှောင်ပြောင်မှုတွေလည်း ရှိပါတယ်။ ဒါပေမဲ့ VAR ဆိုတာ နည်းပညာတစ်ခု ဖြစ်လို့ VAR ရဲ့ ကူညီမှု မဟုတ်ဘဲ နည်းပညာရဲ့ အမှားလို့ မြင်သင့်ပါတယ်လို့ ပြန်ချေပမှုတွေ ရှိလာပြီး သေချာတာ တစ်ခုကတော့ ပရီးမီးယားလိဂ် ဖလားက လီဗာပူးလ်လက်က ပြေးမလွတ်တာပါပဲ။