လီဗာပူးလ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ကွင်းလယ်တိုက်စစ် နဲ့ တောင်ပံကစားသမား မိုက်ကယ် အိုလီဆီကို ခေါ်ယူသွားဖို့အတွက် အနီးကပ် စောင့်ကြည့်မှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
လီဗာပူးလ်က သူတို့အသင်းရဲ့ အဓိက တောင်ပံကစားသမားကြီး မိုဟာမက် ဆာလာကို လာမယ့်နွေမှာ လက်လွတ်သွားရဖွယ် ရှိနေတာကြောင့် သူ့နေရာမှာ ရေရှည် အစားထိုးနိုင်မယ့် attacking winger တစ်ဦးကို ရှာဖွေလျက် ရှိနေပါတယ်။
Photo Credit : Optus Sport
လတ်တလောမှာတော့ လီဗာပူးလ်အသင်းက ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား ဘိုဝင်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေခဲ့သလို အခုလည်း လီဗာပူးလ်က ပဲလေ့စ်အသင်းရဲ့ ပြင်သစ် တောင်ပံကစားသမား အိုလီဆီကိုပါ စောင့်ကြည့်လာခဲ့ပါတယ်။
လီဗာပူးလ်အသင်းရဲ့ တောင်ပံတိုက်စစ် နေရာတွေမှာ မိုဆာလာအပြင် ဒီးယက်ဇ် ဂျိုတာ ဂက်ပိုတို့လည်း ရှိနေပေမယ့် တကယ်လို့ ဆာလာလို ကစားသမားမျိုးသာ အသင်းနဲ့ လက်တွဲဖြုတ်သွားမယ်ဆိုရင် အသင်းရဲ့ တိုက်စစ်ပိုင်းက အားနည်းသွားနိုင်တာမို့ ကစားသမား တစ်ဦးဦးကို ပြန်လည် အစားထိုးရနိုင်ပါတယ်။
Photo Credit : The New Arab
အခုဆိုရင်လည်း ဆာလာက အီဂျစ်လက်ရွေးစင် အသင်းနဲ့အတူ ၂၀၂၃ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို သွားရောက် ဆင်နွဲရဦးမှာဖြစ်လို့ တစ်လခန့်လောက်အထိ လီဗာပူးလ်အနေနဲ့ ဆာလာကို လက်လွတ်ထားရဦးမှာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ယာဂင် ကလော့ပ်အနေနဲ့ ဆာလာနေရာအတွက် အစားထိုးဖို့ ကစားသမားသစ်ကို ခေါ်ယူမှာ မဟုတ်သေးပေမယ့်လည်း လာမယ့် နွေဈေးကွက်မှာတော့ တောင်ပံနေရာအတွက် ကစားသမား တစ်ဦးခန့်လောက် အရ ခေါ်ယူအားဖြည့်ထားဖွယ် ရှိနေပြီး ဒီအတွက်လည်း အိုလီဆီကို စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။