ဘရာဇီးလ် ဘောလုံးကလပ်အသင်း တစ်သင်းဖြစ်တဲ့ ပါလ်မီးရပ်စ်အသင်း လူငယ်အကယ်ဒမီကနေ မွေးထုတ်လိုက်တဲ့ ဆယ်ကျော်သက်အရွှယ် ဘရာဇီးလ် ကြယ်ပွင့်ကစားသမားလေး အန်ဒရစ်ဖီလစ်ပီကို လတ်တလောမှာ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေကြပေမယ့် ကစားသမားလေးကိုယ်တိုင်ကတော့ ဘာစီလိုနာအသင်းကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

Harri Burton on Twitter: "Endrick Felipe has impressed since 2019, climbing  the Palmeiras ladder from the U15s to the first team. ⏩Plays at  centre-forward but can play across the front 👕36 appearances

Photo Credit : Twitter

အသက်(၁၅)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဘရာဇီးလ် ဆယ်ကျော်သက် ကစားသမားလေး ပါလ်မီးရပ်စ် လူငယ် တိုက်စစ်မှူးလေးဖြစ်ပြီး သူရဲ့ ကြောက်ခမန်းလိလိ ဂိုးသွင်းစွမ်းရည်တွေကြောင့် ဘရာဇီးလ် ဘောလုံးလောကရဲ့ အလားအလာ အကောင်းဆုံး ကြယ်ပွင့်ကစားသမားအဖြစ်ပါ သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ အသက်ဆယ်နှစ် အရွှယ်မှာကတည်းက ပါလ်မီးရပ်စ် လူငယ်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ အန်းဒရစ်ဖီလစ်ပီဟာ (၅)နှစ်တာ ကာလအတွင်းမှာ သူရဲ့ ပါလ်မီးရပ်စ်အသင်းအတွက် ပွဲပေါင်း (၁၆၉)ပွဲအတွင်း သွင်းဂိုးစုစုပေါင်း (၁၆၅)ဂိုးအထိ အံ့အားသင့်စွာ မြိုင်မြိုင်ဆိုင်ဆိုင် သွင်းယူထားနိုင်ခဲ့ပါတယ်။

Brazilian wonderkid Endrick Felipe has revealed Barcelona is his preferred next club

Photo Credit : Sport

ဖီလစ်ပီဟာ ယူ-၂ဝအောက် ကစားသမားလေးတွေ ပါဝင်ဆင်နွဲရတဲ့ ၂၀၂၂ခုနှစ် Copa São Paulo de Futebol Júnior ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်း (၇)ပွဲမှာ (၆)ဂိုးအထိ သွင်းယူပြခဲ့လို့ ပြိုင်ပွဲတလျှောက် အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်သတ်မှတ်ခံခဲ့ရသလို သူရဲ့ပါလ်မီးရပ်စ်အသင်းနဲ့လည်း ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်မှုတွေ အပြီးမှာ ဖီလစ်ပီကို ဥရောပထိပ်တန်း ကလပ်အသင်းတွေက အပြိုင်စိတ်ဝင်စားခဲ့ရပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတွေကပါ ဖီလစ်ပီကို ခေါ်ယူသွားဖို့ အတော်လေးကို စိတ်ဝင်စားမှု ရှိလာခဲ့ပါတယ်။ ဘရာဇီးလ်ရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီးတွေဖြစ်တဲ့ ရော်နယ်လ်ဒို ရီမာရီယိုတို့နဲ့ပါ နှိုင်းယှဉ်ခံထားရတဲ့ ဖီလစ်ပီက သူ့အနေနဲ့ နိုုင်ငံရပ်ခြားကို ထွက်ခွာပြီး ဘောလုံးကစားချင်ကြောင်းနဲ့ တနေ့မှာ အဲ့ဒီအချိန် ရောက်လာခဲ့မယ်ဆိုရင်တော့ သူရဲ့စီနီယာ ကစားသမား နေမာကြောင့် ဘာစီလိုနာအသင်းက သူ့အတွက် ရွေးချယ်စရာ ဖြစ်လာနိုင်တယ်လို့ ပြောဆိုထားခဲ့တဲ့အတွက် ဒီလို ပြောဆိုမှုက သူ့ကို အလိုရှိနေတဲ့ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတွေအတွက် စိတ်ပျက်စရာ ဖြစ်သွားနိုင်ပါတယ်။