ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အက်အေဖလား စတုတ္ထအဆင့်ပြိုင်ပွဲတွေအကြောင်းကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ အနိုင်အရှံးမပေါ်ခဲ့ပဲ သရေကျခဲ့တဲ့ပွဲတွေကို ဒီနေ့နဲ့မနက်ဖြန်တွေမှာ ပြန်ကန်ပွဲတွေအဖြစ် ပြန်လည်ယှဉ်ပြိုင်စေခဲ့ရာ လီဗာပူးလ်နဲ့ ဒါဘီကောင်တီအသင်းတို့က နိုင်ပွဲတွေကိုယ်စီရရှိပြီး အက်အေဖလား ပဥ္စအဆင့်တွေကို တတ်လှမ်းနိုင်ခဲ့ပါတယ်။
Photo Credit : Getty Images
မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားသမားဟောင်း ဝိန်းရူနီ ပါဝင်ကစားလျက်ရှိနေတဲ့ ဒါဘီကောင်တီအသင်းကတော့ အက်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲအဖြစ် အိမ်ကွင်းမှာ နော်တင်ဟမ်အသင်းနဲ့ ကစားခဲ့ရပြီး ရူနီရဲ့ ပင်နယ်တီသွင်းဂိုးတစ်ဂိုးအပါအဝင် နော်တင်ဟမ်ကို ၄ဂိုးနဲ့ ၂ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ ပဥ္စမအဆင့်ကို တတ်လှမ်းနိုင်ခဲ့ပါတယ်။ အက်အေဖလား ပဥ္စမအဆင့်မှာတော့ ဒါဘီအသင်းဟာ ရူနီရဲ့အသင်းဟောင်းဖြစ်တဲ့ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး လာမယ့်မတ်လ၆ရက်နေ့ ဒါဘီကွင်းမှာ ယှဉ်ပြိုင်ရတော့မှာပဲဖြစ်ပါတယ်။
Photo Credit : Getty Images
ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းလျက်ရှိနေတဲ့ လီဗာပူးလ်အသင်းက အက်အေပြန်ကန်ပွဲအဖြစ် အန်ဖီးလ်မှာ ရှုရူးဘူရီအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး Winter Break ရှိနေတာကြောင့် ယူ-၂၃အသင်းရဲ့ ကစားသမားလေးတွေနဲ့ ပွဲထွက်လာခဲ့ရပြီး တစ်ပွဲလုံးနီးပါး ပြိုင်ဘက်ကို အသာစီးရယူနိုင်ခဲ့ပေမယ့် အဆုံးသတ်အားနည်းတာကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ရ၅မိနစ်ရောက်မှသာ လီဗာပူးလ်အသင်းဟာ ပြိုင်ဘက်အသင်းရဲ့ ကိုယ့်ဂိုးကိုသွင်းယူမိနဲ့ အဖွင့်ဂိုး ပိုင်ဆိုင်ခဲ့ပြီး ဒီဂိုးနဲ့ နောက်တစ်ဆင့်တတ်ခဲ့ကာ ချယ်လ်ဆီးအသင်းနဲ့ တွေ့ဆုံရတော့မှာပဲဖြစ်ပါတယ်။