လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာသွားရဖွယ် ရှိနေတဲ့ ပြင်သစ် တိုက်စ်ကစာသမား ရန်ဒန် ကိုလို မူအာနီကို ကလပ်အသင်း တော်တော်များများက စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲမှာ လီဗာပူးလ်အသင်းလည်း ပါဝင်နေတယ်လို့ နာမည်ကျော် ဘောလုံးသတင်းထောက် ဖလော်ရီယန် ပလက်တန်ဘက်ချ်က သတင်းဖော်ပြလာခဲ့ပါတယ်။
အသက်(၂၆)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်ကစားသမားနဲ့ တောင်ပံကစားသမား မူအာနီဟာ ၂၀၂၃ခုနှစ်ကမှ ဖရန့်ဖတ်ကနေ ပီအက်စ်ဂျီအသင်းဆီ ယူရို (၉၅)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ (၅၄)ပွဲအထိ ပါဝင်ကစားခဲ့ပြီ ဖြစ်ပါတယ်။
Photo Credit : CaughtOffside
လက်ရှိ ပီအက်စ်ဂျီ တိုက်စစ်မှာ ဒမ်ဘီလီ ရာမို့စ် ဘာကိုလာ အဆန်စီယို လီကန်အင် မူအာနီ ဒူဟေးတို့လို ကစားသမားတွေ အမြောက်အများ ရှိနေတဲ့အပြင် နီကို ဝီလီယံစ်နဲ့ ဂျွန် ဒူရန်တို့လို တိုက်စစ်ကစားသမားတွေကိုပါ ထပ်မံ ခေါ်ယူသွားချင်နေတာကြောင့် လက်ရှိ ကစားသမားအင်အားကို လျှော့ချသွားချင်နေပါတယ်။
ဒီထဲကမှ ဒီရာသီထဲ ပွဲကစားခွင့်တွေ အနည်းငယ်သာ ရနေပြီး နည်းပြ ဟင်းနရစ်လည်း သိပ်အကြိုက်မတွေ့လှတဲ့ မူအာနီကို လာမယ့် ဆောင်းဈေးကွက်မှာပဲ အငှားချသွားဖို့ ရှိနေသလို အငှားစာချုပ်အပြင် အပြီးသတ် ခေါ်ယူခွင့်ပါ ပါဝင်မယ့် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းလာမယ့် အသင်းဆီကို ဦးစားပေး လက်လွတ်သွားဖို့လည်း ရှိနေပါတယ်။
Photo Credit : PSG Talk
ဒီလို အခြေအနေမျိုး ရှိနေတဲ့ မူအာနီကို အာဆင်နယ် မန်ယူနိုက်တက် စပါးတို့လို ပရီးမီးယားလိဂ် အသင်းတွေအပြင် လိုက်ပ်ဇစ်နဲ့ ဘွန်ဒက်စ်လီဂါ ကလပ်တွေကလည်း ခေါ်ယူချင်နေပြီး ပလက်တန်ဘက်ချ်ရဲ့ ဖော်ပြချက်မှာလည်း လီဗာပူးလ်ကပါ မူအာနီရဲ့ အခြေအနေ အကြောင်းအရာတွေကို စုံစမ်းနေတယ်လို့ သိရပါတယ်။
လီဗာပူးလ်က ဒီရာသီထဲ တိုက်စစ်ပိုင်း အားကောင်းနေတဲ့အသင်း ဖြစ်နေပေမယ့် မိုဟာမက် ဆာလာကို သက်တမ်း မတိုးနိုင်သေးတာနဲ့ ဒါဝင် နူးညက်ဇ်ရဲ့ ခြေစွမ်းပိုင်းတွေက အားထားရတဲ့ အခြေအနေမှာ ရှိမနေသေးတာကြောင့် ဘရိုက်တန်က ဂျာအို ပတ်ဒရိုအပြင် အခု ကိုလို မူအာနီကိုပါ ပစ်မှတ်ထားလျက် ရှိနေတာ ဖြစ်ပါတယ်။