ဒီရာသီမှာ အတော်လေးကို ခြေစွမ်းပြသလို့နေတဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ကစားခဲ့ရတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၈)ရဲ့ လက်ကျန်ပွဲမှာ ဆာလာ ချိန်ဘာလိန်တို့ရဲဲ့သွင်းဂိုးတွေနဲ့အတူ ၂ဂိုးပြတ်နဲ့ အနိုင်ရယူခဲ့ပြီး အမှတ်ပေးဇယား အဆင့်၂နေရာမှာရှိနေတဲ့ မန်စီးတီးအသင်းကို ရမှတ်ပေါင်း ၁၉မှတ်အထိတောင် ဖြတ်တောက်လိုက်နိုင်ခဲ့ပြီး ဒီရလဒ်ကွာဟမှုပမာဏကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုက လီဗာပူးလ်အသင်းပဲ ဖြစ်လာတော့မယ်ဆိုတာ သေချာသလောက်ကို ရှိနေခဲ့ရပါတယ်
Photo Credit : Getty Images
လက်ရှိမှာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၄)အတွင်း ၂၃ပွဲအထိ အနိုင်ရယူခဲဲ့ကာ ၁ပွဲဲပဲ သရေကျထားခဲ့တာကြောင့် လီဗာပူးလ်ရဲ့စွမ်းဆောင်ရည်တွေက လွန်ခဲ့တဲ့ ၁၉၉၈-၁၉၉၉ခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံလိဂ်နဲ့ အက်အေဖလားတို့ကို တစ်ရာသီအတွင်းမှာ ရယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဲ့ဒီဘောလုံးရာသီထဲ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် နိုင်ပွဲပမာဏ ၂၂ပွဲထက်တောင်ကို ကျော်လွန်သွားခဲ့ရပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အဲ့ဒီဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း နိုင်ပွဲ၂၂ပွဲ သရေပွဲ၁၃ပွဲနဲ့ ရှံးပွဲ၃ပွဲ ရမှတ်ရ၉မှတ် ရယူခဲ့ပြီး အဆင့်၂နေရာကို ပိုင်ဆိုင်ခဲ့တဲ့ အာဆင်နယ်အသင်းထက် ရမှတ်၁မှတ်အသာနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ရပါတယ်။
Photo Credit : Getty Images
ဒီလို ခါးသီးပြိုင်ဘက်ရဲ့ အအောင်မြင်ခဲ့ဆုံးနှစ်က နိုင်ပွဲပမာဏကိုတောင် ကျော်လွန်နိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အခုလက်ရှိမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ရမှတ်ရ၀အထိ ပိုင်ဆိုင်ထားခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ စံချိန်တင်ရမှတ်နဲ့ ချန်ပီယံဖြစ်လာဖို့ နီးစပ်နေခဲ့သလို ဝက်စ်ဟမ်းကို အနိုင်ယူခဲ့တဲဲ့အတွက်ကြောင့်လည်း ဒီရာသီမှာ သူတို့ကစားခဲ့သမျှ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၁၉သင်းလုံးကို အနိုင်ယူနိုင်ခဲ့တဲ့ စံချိန်ကောင်းကိုပါ ပိုင်ဆိုင်နိုင်ခဲဲ့ရပါတယ်။ ဒီလို ပရီးမီးယားလိဂ်မှာ အခြေအနေကောင်းနေခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်မှာလည်း ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းတွေထဲမှာ ပါဝင်နေတာဖြစ်တာကြောင့် ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်ပါ ပူးတွဲရယူသွားနိုင်မလားဆိုတာကလည်း စောင့်ကြည့်ရဦးမှာပါ။
(Zawgyi)
ဖလား(၃)လုံးရယူခဲ့တဲ့နှစ်က ယူနိုက်တက်ထက်အသင်းထက် နိုင်ပွဲပိုများနေတဲ့ လီဗာပူးလ်
ဒီရာသီမှာ အတော်လေးကို ခြေစွမ်းပြသလို့နေတဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ကစားခဲ့ရတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၈)ရဲ့ လက်ကျန်ပွဲမှာ ဆာလာ ချိန်ဘာလိန်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၂ဂိုးပြတ်နဲ့ အနိုင်ရယူခဲ့ပြီး အမှတ်ပေးဇယား အဆင့်၂နေရာမှာရှိနေတဲ့ မန်စီးတီးအသင်းကို ရမှတ်ပေါင်း ၁၉မှတ်အထိတောင် ဖြတ်တောက်လိုက်နိုင်ခဲ့ပြီး ဒီရလဒ်ကွာဟမှုပမာဏကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုက လီဗာပူးလ်အသင်းပဲ ဖြစ်လာတော့မယ်ဆိုတာ သေချာသလောက်ကို ရှိနေခဲ့ရပါတယ်
လက်ရှိမှာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၄)အတွင်း ၂၃ပွဲအထိ အနိုင်ရယူခဲ့ကာ ၁ပွဲပဲ သရေကျထားခဲ့တာကြောင့် လီဗာပူးလ်ရဲ့စွမ်းဆောင်ရည်တွေက လွန်ခဲ့တဲ့ ၁၉၉၈-၁၉၉၉ခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံလိဂ်နဲ့ အက်အေဖလားတို့ကို တစ်ရာသီအတွင်းမှာ ရယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဲ့ဒီဘောလုံးရာသီထဲ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် နိုင်ပွဲပမာဏ ၂၂ပွဲထက်တောင်ကို ကျော်လွန်သွားခဲ့ရပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အဲ့ဒီဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း နိုင်ပွဲ၂၂ပွဲ သရေပွဲ၁၃ပွဲနဲ့ ရှံးပွဲ၃ပွဲ ရမှတ်၇၉မှတ် ရယူခဲ့ပြီး အဆင့်၂နေရာကို ပိုင်ဆိုင်ခဲ့တဲ့ အာဆင်နယ်အသင်းထက် ရမှတ်၁မှတ်အသာနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ရပါတယ်။