မကြာသေးခင်ကမှ ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဘင်ဖီကာအသင်းရဲ့ ဥရုဂွေးတိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်ကို ယူရိုသန်းတစ်ရာဝန်းကျင်နဲ့ ခေါ်ယူထားနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အခုလည်း နောက်ထပ် ကစားသမား ခေါ်ယူမှုအဖြစ်နဲ့ စကော့တလန်ကလပ် အဘာဒင်းအသင်းရဲ့ စကော့ညာနောက်ခံ ကစားသမားလေး ကယ်လ်ဗင်ရမ်ဆေးကို ခေါ်ယူသွားနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရှိရပါတယ်။

Calvin Ramsay: Liverpool agree £6.5m deal for Aberdeen right-back |  Football News | Sky Sports

Photo Credit : Sky Sports

အသက်(၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ စကော့တလန်ယူ-၂၁အသင်း ညာနောက်ခံလူ ရမ်ဆေးဟာ အဘာဒင်း လူငယ်အကယ်ဒမီမှာ ၂၀၁၂ခုနှစ်ကတည်းကနေ စတင်ပါဝင်ခဲ့တာဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာပဲ အဘာဒင်း စီနီယာအသင်းမှာ ဝင်ရောက်ကစားခွင့် ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ရမ်ဆေးဟာ မနှစ်က ဘောလုံးရာသီမှာပဲ အဘာဒင်းအသင်းအတွက် တစ်ရာသီလုံးနီးပါး စတင်ကစားခဲ့ရပြီး သူရဲ့ခြေစွမ်းတွေကိုလည်း ဥရောပအသင်းများစွာက သတိထားလာမိပြီး ဒီအသင်းတွေထဲကမှ လီဗာပူးလ်အသင်းက ရမ်ဆေးကို အရခေါ်ယူဖို့ အသေအချာ ကြိုးပမ်းလာခဲ့ရာ ကစားသမားနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့သလို အဘာဒင်းအသင်းနဲ့လည်း ကစားသမားရဲ့ ပြောင်းရွှေ့ကြေးပိုင်းမှာပါ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သိရပါတယ်။

Aberdeen FC | Calvin Ramsay Q&A

Photo Credit : Aberdeen FC

လီဗာပူးလ်အသင်းဟာ ဒီနှစ်နွေရဲ့ ပထမဆုံးသော ကစားသမား ခေါ်ယူမှုအဖြစ် ဖူလ်ဟမ်အသင်းရဲ့ ပေါ်တူဂီကြယ်ပွင့် ကွင်းလယ်တိုက်စစ် ကစားသမားလေး ဖာဘီယိုကာဗယ်လ်ဟို ဒုတိယမြောက် ကစားသမား ခေါ်ယူမှုအဖြစ် ဘင်ဖီကာအသင်းရဲ့ ဥရုဂွေး တိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်တို့ကို ခေါ်ယူထားပြီးနောက်ပိုင်း အခုလက်ရှိမှာ ကယ်လ်ဗင်ရမ်ဆေးကို တတိယမြောက် ကစားသမား ခေါ်ယူမှုအဖြစ် ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ရမ်ဆေးကို (၅)နှစ်စာချုပ် ပြောင်းရွှေ့ကြေး ပေါင်(၆.၅)သန်းနဲ့ ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး လီဗာပူးလ်ခံစစ်မှာ သူရဲ့ စီနီယာ စကော့တလန် ဘယ်နောက်ခံလူ ရောဘတ်ဆန်နဲ့ပါ တွဲဖက်ကစားရဖွယ် ရှိနိုင်ပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်အသင်းဟာ ကစားသမား တရားဝင် ခေါ်ယူမှုအဖြစ် (၂)ဦး ပြုလုပ်ထားပြီး မကြာခင်မှာပဲ (၃)ဦးထိ ဖြစ်လာနိုင်တော့မယ့်အပြင် အသင်းကနေ ကာရီးယပ်စ်နဲ့ အော်ရီဂီတို့ကိုလည်း အသင်းကနေ ထွက်ခွာခွင့်ပြုထားခဲ့ပြီး ဆာဒီယိုမာနေးလည်း အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေပါတယ်။