အခုအခ်ိန္က ပရီးမီးယားလိဂ္ ေစ်းကြက္ပိတ္သိမ္းခ်ိန္ထဲကုိ ေရာက္ရွိေနတယ္ဆုိေပမယ့္လည္း အေၾကာင္းေၾကာင္းေၾကာင့္ ကစားသမားလုိအပ္မႈ မျဖစ္မေန ေပၚလာခဲ႔မယ္ဆုိရင္ေတာ့ အသင္းလက္မဲ႔ျဖစ္ေနတဲ႔ ကစားသမားေတြကုိ ေခၚယူႏိုင္ခြင့္ရွိပါတယ္။ ေနာက္ၿပီး အေျပာင္းအေရႊ႕ေစ်းကြက္ ဖြင့္လွစ္ေနဆဲျဖစ္ေနတဲ႔ အျခားေသာ လိဂ္ေတြဆီက အသင္းေတြဆီကုိ ကစားသမားေရာင္းခ်တာ အငွားခ်တာေတြကုိလည္း ျပဳလုပ္ႏုိင္ပါေသးတယ္။ ဒါေၾကာင့္ လီဗာပူးလ္အသင္းကလည္း အသက္၃၅ႏွစ္ေတာင္ရွိေနၿပီျဖစ္တဲ႔ ဝါရင့္ဂုိးသမားႀကီး အန္ဒီေလာ့နီဂန္ကုိ ေခၚယူသြားဖုိ႔ ခ်ဥ္းကပ္လာခဲ႔တာျဖစ္ပါတယ္။

Photo Credit : Getty Images

လီဗာပူးလ္အသင္းဟာ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီအဖြင့္ ပရီးမီးယားလိဂ္ပြဲစဥ္(၁)မွာပဲ အသင္းရဲ႕ အားထားရတဲ႔ ဂုိးသမား အယ္လီဆင္ဘတ္ကာ ဒဏ္ရာျပသာနာနဲ႔ ႀကံဳေတြ႔သြားခဲ႔ရလုိ႔ ရက္သတၱပတ္၄ပတ္ေလာက္ကေန ၆ပတ္ေလာက္အထိ အနားယူရေတာ့မွာျဖစ္ပါတယ္။ လက္ရွိမွာ ပြဲထြက္ဂုိးသမားအျဖစ္ မၾကာေသးခင္ကမွ အသင္းကုိ ေရာက္ရွိလာတဲ႔ ဝက္စ္ဟမ္းဂုိးသမားေဟာင္း အက္ဒရီယန္က တာဝန္ယူေဆာင္ရႊက္သြားမွာျဖစ္ေပမယ့္လည္း အရန္ဂုိးသမားမရွိတာေၾကာင့္ အန္ဒီေလာ့နီဂန္ကုိ ၁ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူသြားဖုိ႔ ကမ္းလွမ္းထားခဲ႔တာျဖစ္ပါတယ္။

Photo Credit : Getty Images

အဂၤလန္လူမ်ိဳး ဝါရင့္ဂုိးသမားေလာ့နီဂန္ဟာ ေဘာလုံးပရိသတ္ေတြနဲ႔ ရင္းႏွီးကြ်မ္းဝင္လွတဲ႔ ဂုိးသမားတစ္ေယာက္မဟုတ္ပဲ သူရဲ႕ ကစားသမားဘဝ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကုိ လိဂ္ခ်န္ပီယံရွစ္ကလပ္အသင္းေတြမွာသာ ကုန္ဆုံးေနရသူျဖစ္ပါတယ္။ ၿပီးခဲ႔တဲ႔ ေဘာလုံးရာသီတုန္းက ခ်န္ပီယံရွစ္ကလပ္ မစ္ဒယ္ဘေရာ့အသင္းမွာ တစ္ရာသီအငွားနဲ႔ လာေရာက္ကစားၿပီးေနာက္ပုိင္းကတည္း အသင္းလက္မဲ႔ ျဖစ္ေနရတာျဖစ္ၿပီး အခု လီဗာပူးလ္အသင္းနဲ႔ ပူးေပါင္းခြင့္ရဖုိ႔ အေၾကာင္းဖန္လာတာဟာ ေလာ့နီဂန္အတြက္ ကံထူးမႈတစ္ခုလုိ႔ေတာင္ ဆုိႏုိင္ပါတယ္။

Photo Credit : Getty Images

တကယ္ေတာ့ လီဗာပူးလ္အသင္းဟာ ရာသီႀကိဳေျခစမ္းပြဲေတြ ကစားေနစဥ္အတြင္းမွာကတည္းက အသင္းမွာ ဂုိးသမားအျဖစ္ မစ္ဂႏုိလက္တစ္ဦးတည္းသာ အသုံးျပဳခဲ႔ရၿပီး အယ္လီဆင္ကုိ ကုိပါအေမရိကၿပိဳင္ပြဲ အနားေပးထားရသလုိ အရန္ဂုိးသမားေတြကလည္း ဒဏ္ရာအသီးသီး ရရွိေနတာေၾကာင့္ ေလာ့နီဂန္ကုိ အသင္းနဲ႔ပူးေပါင္းဖုိ႔ ဖိတ္ေခၚျဖစ္ခဲ့ပါေသးတယ္။ ဒါေပမယ့္ အခုလုိ အယ္လီဆင္ပါ ဒဏ္ရာရလာခ်ိန္မွ ေလာ့နီဂန္ကုိ အရကမ္းလွမ္းခဲ႔တာျဖစ္ၿပီး သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ လာမယ့္ၾကားရက္မွာ ကစားသြားမယ့္ ဥေရာပစူပါဖလားၿပိဳင္ပြဲမွာ ေလာ့နီဂန္က လီဗာပူးလ္ရဲ႕ အရန္ဂုိးသမားအျဖစ္ ပါဝင္လာလိမ့္မယ္လုိ႔ သိရပါတယ္။

(Unicode)

အခုအချိန်က ပရီးမီးယားလိဂ် စျေးကွက်ပိတ်သိမ်းချိန်ထဲကို ရောက်ရှိနေတယ်ဆိုပေမယ့်လည်း အကြောင်းကြောင်းကြောင့် ကစားသမားလိုအပ်မှု မဖြစ်မနေ ပေါ်လာခဲ့မယ်ဆိုရင်တော့ အသင်းလက်မဲ့ဖြစ်နေတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ခွင့်ရှိပါတယ်။ နောက်ပြီး အပြောင်းအရွှေ့စျေးကွက် ဖွင့်လှစ်နေဆဲဖြစ်နေတဲ့ အခြားသော လိဂ်တွေဆီက အသင်းတွေဆီကို ကစားသမားရောင်းချတာ အငှားချတာတွေကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းကလည်း အသက်၃၅နှစ်တောင်ရှိနေပြီဖြစ်တဲ့ ဝါရင့်ဂိုးသမားကြီး အန်ဒီလော့နီဂန်ကို ခေါ်ယူသွားဖို့ ချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

လီဗာပူးလ်အသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအဖွင့် ပရီးမီးယားလိဂ်ပွဲစဉ်(၁)မှာပဲ အသင်းရဲ့ အားထားရတဲ့ ဂိုးသမား အယ်လီဆင်ဘတ်ကာ ဒဏ်ရာပြသာနာနဲ့ ကြုံတွေ့သွားခဲ့ရလို့ ရက်သတ္တပတ်၄ပတ်လောက်ကနေ ၆ပတ်လောက်အထိ အနားယူရတော့မှာဖြစ်ပါတယ်။ လက်ရှိမှာ ပွဲထွက်ဂိုးသမားအဖြစ် မကြာသေးခင်ကမှ အသင်းကို ရောက်ရှိလာတဲ့ ဝက်စ်ဟမ်းဂိုးသမားဟောင်း အက်ဒရီယန်က တာဝန်ယူဆောင်ရွှက်သွားမှာဖြစ်ပေမယ့်လည်း အရန်ဂိုးသမားမရှိတာကြောင့် အန်ဒီလော့နီဂန်ကို ၁နှစ်စာချုပ်နဲ့ ခေါ်ယူသွားဖို့ ကမ်းလှမ်းထားခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

အင်္ဂလန်လူမျိုး ဝါရင့်ဂိုးသမားလော့နီဂန်ဟာ ဘောလုံးပရိသတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်လှတဲ့ ဂိုးသမားတစ်ယောက်မဟုတ်ပဲ သူရဲ့ ကစားသမားဘဝ အချိန်တော်တော်များများကို လိဂ်ချန်ပီယံရှစ်ကလပ်အသင်းတွေမှာသာ ကုန်ဆုံးနေရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းမှာ တစ်ရာသီအငှားနဲ့ လာရောက်ကစားပြီးနောက်ပိုင်းကတည်း အသင်းလက်မဲ့ ဖြစ်နေရတာဖြစ်ပြီး အခု လီဗာပူးလ်အသင်းနဲ့ ပူးပေါင်းခွင့်ရဖို့ အကြောင်းဖန်လာတာဟာ လော့နီဂန်အတွက် ကံထူးမှုတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။

Photo Credit : Getty Images

တကယ်တော့ လီဗာပူးလ်အသင်းဟာ ရာသီကြိုခြေစမ်းပွဲတွေ ကစားနေစဉ်အတွင်းမှာကတည်းက အသင်းမှာ ဂိုးသမားအဖြစ် မစ်ဂနိုလက်တစ်ဦးတည်းသာ အသုံးပြုခဲ့ရပြီး အယ်လီဆင်ကို ကိုပါအမေရိကပြိုင်ပွဲ အနားပေးထားရသလို အရန်ဂိုးသမားတွေကလည်း ဒဏ်ရာအသီးသီး ရရှိနေတာကြောင့် လော့နီဂန်ကို အသင်းနဲ့ပူးပေါင်းဖို့ ဖိတ်ခေါ်ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခုလို အယ်လီဆင်ပါ ဒဏ်ရာရလာချိန်မှ လော့နီဂန်ကို အရကမ်းလှမ်းခဲ့တာဖြစ်ပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ လာမယ့်ကြားရက်မှာ ကစားသွားမယ့် ဥရောပစူပါဖလားပြိုင်ပွဲမှာ လော့နီဂန်က လီဗာပူးလ်ရဲ့ အရန်ဂိုးသမားအဖြစ် ပါဝင်လာလိမ့်မယ်လို့ သိရပါတယ်။