MySport Myanmar

ရော်နယ်လ်ဒိုနဲ့ ဆန်ချိုတို့ကို ချီးကျူးစကား ပြောဆိုခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ်က ရှာရစ်ဖ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကိုယ်စီ သွင်းယူနိုင်ခဲ့ကြတဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုနဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုတို့ကို င်္ချီးကျူးစကားတွေ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Detik Sports

ယူရိုပါလိဂ် အဖွင့်ပွဲစဉ်မှာ ရီးယဲလ်ဆိုစီဒက်အသင်းကို အရေးနိမ့်ထားခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ မော်ဒိုဗာမြေမှာ သွားရောက်ကစားခဲ့ရတဲ့ ရှာရစ်ဖ်နဲ့ပွဲမှာတော့ ရလဒ်ကောင်းဖို့ မဖြစ်မနေ လိုအပ်နေတဲ့အတွက် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ဆန်ချိုနဲ့ ရော်နယ်လ်ဒိုတို့က ပထမပိုင်းအတွင်းမှာပဲ အသင်းအတွက် အနိုင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆန်ချိုဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်မခံထားရပေမယ့် ဒီရာသီ ယူနိုက်တက်မှာ ခြေစွမ်းပြနေသလို ရော်နယ်လ်ဒိုကလည်း သူ့အတွက် ဒီရာသီ ပထမဆုံးသော သွင်းဂိုးကို စတင် ပိုင်ဆိုင်နိုင်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Head Topics

အနိုင်ဂိုးရှင်တွေနဲ့ ပတ်သတ်ပြီး မာတီနက်ဇ်က “ကျွန်တော်တို့ (၃)မှတ် ရရှိခဲ့တယ်။ ဒါက ကျွန်တော်တို့အတွက် အရမ်း အရေးကြီးပါတယ်။ လေ့ကျင့်ရေးမှာ ကျွန်တော်တို့တွေ နေ့တိုင်း အရမ်းကြိုးစားကြတယ်။ ဒါကြောင့် ဒီနေ့မှာ ဆန်ချိုက ကောင်းမွန်တဲ့ဂိုးကို သွင်းယူနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ကစားပုံ အရမ်းကောင်းခဲ့တယ်။ ဆန်ချိုရဲ့ အဆုံးသတ်က အရမ်းကောင်းတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ အောင်ပွဲခံခဲ့ကြတယ်။ ခရစ္စတီယာနိုရော်နယ်လ်ဒိုက ဘယ်လောက်ထိ အရှိန်အဝါ ကြီးမားလည်းဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒီညမှာ သူ ဂိုးသွင်းနိုင်တယ်။ သူရဲ့ ယုံကြည်မှုနဲ့ အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့တယ်။ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော့်ကို အနည်းငယ် အံ့အားသင့်စေမိပြီး ဝမ်းလည်းဝမ်းသာမိစေပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံး ကလပ်အသင်းဆီ လာရောက်ရလို့လည်း အရမ်းဂုဏ်ယူမိပါတယ်။ အသင်းပရိသတ်တွေရဲ့ အာဂျင်တီးနား အာဂျင်တီးနားလို့ အော်ဟစ် အားပေးမှုကလည်း ကျွန်တော့်အတွကပ်တော့ အံ့သြစရာကောင်းပါတယ်။ အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးအထူးတင်ရှိမိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version