MySport Myanmar

ဂျေဇူးက သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက်လို့ မာတီနက်ဇ် ဝန်ခံ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်က သူ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်က ကစားသမားတွေထဲမှာ အာဆင်နယ် တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးက သူ့အတွက် အခက်ခဲဆုံးသော ပြိုင်ဘက်တစ်ဦးလို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Telegraph

ဒီနှစ် ဘောလုံရာသီရဲ့ နွေဈေးကွက်ကမှ အေဂျက်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ မာတီနက်ဇ်ဟာ ယူနိုက်တက်ခံစစ်မှာ ဗာရန်းနဲ့ တွဲဖက်ပြီး အကောင်းဆုံးပုံစံ ပြသထားနိုင်ခဲ့သလို အရပ်အမောင်း မမြင့်မားပေမဲ့လည်း သူရဲ့ ရဲရဲရင့်ရင့် ကစားဟန်တွေ ခံစစ်စွမ်းရည် မြင့်မားမှုတွေကြောင့် အသင်းရဲ့ ခံစစ်မှာ ပုံမှန် ကစားခွင့် ရရှိလာခဲ့ရတာပဲ ဖြစ်ပါတယ်။ သားသတ်သမား “The Butcher” လို့ပါ နာမည်ပြောင် ရရှိထားတဲ့ မာတီနက်ဇ်ဟာ သူရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် တိုက်စစ်ကစားသမားတွေထဲမှာတော့ အာဆင်နယ်ရဲ့ ဘရာဇီးလ် တိုက်စစ်မှူး ဂျေဇူးက အခက်ခဲဆုံးသော ပြိုင်ဘက်တစ်ဦးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Photo Credit : The Mirror

အေဂျက်စ်ကနေ ယူနိုက်တက်ဆီကို ပေါင်(၅၇)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ မာတီနက်ဇ်ဟာ တကယ်တော့ ဂျေဇူးနဲ့ အသင်းဖော်တွေအဖြစ် တွဲဖက် ကစားရဖို့ နီးစပ်ခဲ့ပါသေးတယ်။ မာတီနက်ဇ်က မန်ယူနိုက်တက်ဆီ မပြောင်းရွှေ့ခင် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို အရင်ဆုံး ရရှိခဲ့တာဖြစ်ပေမဲ့ မာတီနက်ဇ်ကိုယ်တိုင်က သူရဲ့ဆရာသမား အဲရစ်တန်ဟက်ဂ်ရှိရာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာကြောင့် ယူနိုက်တက်ဆီသာ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Mundo Albiceleste

ကစားပုံ အရမ်းကို aggressive ဆန်လွန်းပေမဲ့ မာတီနက်ဇ်ဟာ သူရဲ့ကစားသမားဘဝမှာ အနီကတ် တစ်ကြိမ်သာ ပြသထားခံရပြီး ဒါတောင်မှ တိုက်ရိုက် အနီကတ်မဟုတ်ပဲ (၂)ဝါ(၁)နီသာ ဖြစ်ခဲ့ပါတယ်။ အေဂျက်စ် မန်ယူနိုက်တက်အသင်းတွေမှာ ပါဝင်ခဲ့စဉ် လုံးဝကို အနီကတ် ပြသမခံထားရသေးတဲ့ မာတီနက်ဇ်ဟာ အာဂျင်တီးနားကလပ်မှာ ကစားခဲ့စဉ်ကသာ အခုလို (၂)ဝါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အကောင်သေးပေမဲ့ ကြမ်းတမ်းခက်ထန်လွန်းလှတဲ့ မာတီနက်ဇ်က “တစ်ခါတစ်လေမှာဆိုရင် သတ်ချင်ဖြတ်ချင်စိတ်တွေ ပေါ်လာခဲ့ပေမဲ့ စိတ်ကို ထိန်းချုပ်ထားရပါမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version