ဘောလုံး နည်းပြတွေထဲမှာ လစာ အများဆုံး နည်းပြ အဖြစ် ရပ်တည်နေတဲ့ အက်သလက်တီကိုအသင်းရဲ့ နည်းပြ ဆီမြွန်နီဟာ တကယ်လို့ တိုက်စစ်မှူး မက်ဆီကသာ ဘာစီလိုနာအသင်းကနေ ထွက်သွားမယ် ဆိုရင် လာလီဂါ ပြိုင်ပွဲမှာ လစာ အများဆုံး ဖြစ်သွားတော့မှာ ဖြစ်ပါတယ်။ လက်ရှိ လာလီဂါ ပြိုင်ပွဲမှာ လစာ အများဆုံး ရရှိတဲ့ သူကတော့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ မက်ဆီ ဖြစ်ပြီးတော့ လာလီဂါ ပြိုင်ပွဲမှာ ဒုတိယ လစာ အများဆုံး ရရှိတဲ့ သူက အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြ ဖြစ်သူ ဆီမြွန်နီပဲ ဖြစ်ပါတယ်။

Photo Credit: TheSun

AS သတင်းအရ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ လာလီဂါ ပြိုင်ပွဲမှာ တစ်နှစ်ကို ပေါင် (၄၄.၈) သန်း ရရှိတဲ့ အတွက်ကြောင့် တစ်ပတ်ကို ပေါင် (၈၁၆,၀၀၀) ရရှိလျက် ဖြစ်ပြီး အက်လက်တီကိုအသင်းရဲ့ နည်းပြ ဆီမြွန်နီက မက်ဆီ ပြီးရင် ဒုတိယ လစာ အများဆုံး ဖြစ်ပါတယ်။ အက်သလက်တီကို နည်းပြ ဆီမြွန်နီဟာ တစ်နှစ်ကို ပေါင် (၂၁.၅) သန်း ရရှိနေတာကြောင့် တစ်ပတ်ကို ပေါင် (၄၁၃,၀၀၀) ရရှိနေတာ ဖြစ်ပြီး လက်ရှိမှာလည်း ဘောလုံး နည်းပြတွေထဲမှာ နည်းပြ ဂွါဒီယိုလာကို ကျော်ပြီး လစာ အများဆုံး ရရှိထားတဲ့ နည်းပြ အဖြစ် ရပ်တည်ပါတယ်။

Photo Credit: TheSun

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ နဲ့ အက်သလက်တီကို နည်းပြ ဆီမြွန်နီ ပြီးရင် တတိယ လစာ အများဆုံး ရရှိတဲ့ သူက ရီးရဲလ်အသင်းရဲ့ နည်းပြ ဇီဒန်း ဖြစ်ပြီး ရီးရဲလ် နည်းပြ ဇီဒန်းက ရီးရဲလ်အသင်းမှာ တစ်နှစ်ကို ပေါင် (၁၈.၈) သန်း ရရှိနေပါတယ်။ လာလီဂါ ပြိုင်ပွဲမှာ စတုတ္ထ လစာ အများဆုံး ရရှိတဲ့ သူတွေကတော့ ဘာစီလိုနာ တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဆွာရက်စ် နဲ့ ခရစ်စမန်းတို့ ဖြစ်ပြီး သူတို့ကတော့ တစ်နှစ်ကို ပေါင် (၁၇.၉) သန်း ရရှိနေပြီး ပဉ္စမလစာ အများဆုံးက (၁) နှစ်ကို ပေါင် (၁၅.၂) သန်း ရရှိတဲ့ ဟာဇက် နဲ့ ဘေးလ်တို့ပဲ ဖြစ်ပါတယ်။