လတ်တလောမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီက သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီး ပီအက်စ်ဂျီအသင်းဆီ မပြောင်းရွှေ့ခင်က အသင်းရဲ့နည်းပြ ရော်နယ်ကိုးမန်းရဲ့နေရာမှာ သူရဲ့အသင်းဖော်ဟောင်းဖြစ်သူ ဇာဗီနဲ့ အစားထိုး ခန့်အပ်ဖို့အတွက် ဆန္ဒရှိခဲ့တယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

မက်ဆီရဲ့ အသင်းဟောင်း ဘာစီလိုနာဟာ လတ်တလောမှာ ရလဒ်တွေ ဆက်တိုက်ဆိုသလိုကို ဆိုးရွှားလျက်ရှိနေပြီး လာလီဂါမှာလည်း ရီးယဲလ်မက်ဒရစ် ဗယ်လက်ကာနိုအသင်းတွေကို ဆက်တိုက်ရှုံးနိမ့်ပြီးနောက်မှာ အသင်းဘက်ကနေ နည်းပြကိုးမန်းကို ရာထူးကနေ ထုတ်ပယ်သွားခဲ့ပါတယ်။ ဒီလို ရော်နယ်ကိုးမန်းနဲ့ လက်တွဲဖြုတ်ပြီးနောက်မှာ အသင်းနည်းပြသစ်အဖြစ် အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ဇာဗီက ရေပန်းအစားဆုံး ဖြစ်လာခဲ့ရပြီး ဇာဗီကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းဆီကို နည်းပြရာထူးနဲ့ ပြန်လည်ရောက်လာဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit : The Sun

ဒီလိုအခြေအနေမျိုးကိုလည်း ဘာစီလိုနာအသင်းရဲ့ အဓိက အကျဆုံးသော ကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ မက်ဆီက အသင်းနဲ့ လမ်းမခွဲခင်ကတည်းက ဖြစ်စေချင်ခဲ့တာဖြစ်ပြီး အသင်းနဲ့ အဆင်မပြေနိုင်တဲ့ နည်းပြကိုးမန်းနေရာမှာ သူ့အသင်းဖော်ဟောင်း ဇာဗီနဲ့ အစားထိုးချင်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဘဝကနေ အနားယူပြီးနောက် နည်းပြလောကထဲ ပြန်လည်ဝင်ရောက်လာခဲ့တဲ့ ဇာဗီဟာ လက်ရှိမှာ ကာတာကလပ် အယ်ဆတ်အသင်းကို ကိိုင်တွယ်နေတာဖြစ်ပြီး ဘောလုံးရာသီ (၂)ရာသီအတွင်းမှာလည်း ဆုဖလား(၇)လုံးအထိကိုပါ ရယူပေးထားနိုင်ခဲ့ပါတယ်။ မက်ဆီနဲ့အတူ ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေအားလုံးနီးပါးကလည်း အသင်းရဲ့နည်းပြသစ်အဖြစ် အသင်းကစားသမားဟောင်း ဇာဗီကိုသာ အလိုရှိနေကြတာဖြစ်ပြီး ဇာဗီကိုယ်တိုင်ကလည်း ဒီအခွင့်အရေးကို အရယူသွားဖို့ ဆန္ဒရှိနေပါတယ်။ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုကလည်း ဘာစီလိုနာအသင်း ဘုတ်အဖွဲ့ဝင်တွေက လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကည်းက ဇာဗီကို ဆက်သွယ်ထားတာဖြစ်ပြီး ဇာဗီကိုယ်တိုင်က ဒီရာထူးကို လက်ခံသွားချင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။ ကွင်းလယ်ကစားသမားဟောင်း ဇာဗီဟာ ဘာစီလိုနာ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး အသင်းနဲ့ (၁၇)နှစစ်တာအထိကို ဖြတ်သန်းခဲ့သူလည်း ဖြစ်ပါတယ်။