ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကတော့ ကမ္ဘာ့ ကပ်ရောဂါကြီး ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားနေတဲ့ အချိန်အတွင်းမှာ ဘာစီလိုနာ ကစားသမားတွေအနေနဲ့ လစာ (၇၀) ရာခိုင်နှုန်း အဖြတ်ခံမှာ ဖြစ်တယ်လို့ အတည်ပြု ပြောသွားခဲ့ပြီး အလွန် လေးစားဖွယ် ကောင်းတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ဘာစီလိုနာ ကစားသမားတွေရဲ့ လစာကို ဖြတ်ထားတာကြောင့် အဖြတ်ခံရတဲ့ ငွေကြေးတွေကို အသင်းဝန်ထမ်းတွေကို ပေးသွားမှာ ဖြစ်ပြီး အစကတော့ ဘာစီလိုနာအသင်းမှာ လစာ ဖြတ်မယ့် ကိစ္စနဲ့ ပက်သက်လို့ သဘောမတူညီမှုတွေ ရှိခဲ့ပေမဲ့ အခုတော့ သဘောတူညီသွားခဲ့ကြပြီ ဖြစ်ပါတယ်။

Photo Credit: TheSun

ဘာစီလိုနာ ကစားသမားတွေဟာ အစက လစာဖြတ်ဖို့ ကိစ္စနဲ့ ပက်သက်လို့ ဆွေးနွေးခဲ့ကြတဲ့ အချိန်မှာ လစာ (၅၀) ရာခိုင်နှုန်းသာ အဖြတ်ခံမယ်လို့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပေမဲ့လည်း ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက လစာ (၇၀) ရာခိုင်နှုန်း အဖြတ်ခံမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ပထမ ကစားသမားတွေဟာ လစာ (၇၀) ရာခိုင်နှုန်းအထိ အဖြတ်ခံကြတဲ့ အတွက်ကြောင့် အသင်းဝန်ထမ်းတွေ အားလုံးဟာ မူလအတိုင်း လစာ (၁၀၀) ရာခိုင်နှုန်းအထိ ရရှိကြမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က လစာ အဖြတ်ခံရမယ့် ကိစ္စကို ကြေညာခဲ့ကြပါတယ်။

Photo Credit: TheSun

မက်ဆီ နဲ့ ဆွာရက်စ်တို့က ကြေညာခဲ့တာကတော့ “အခုအချိန်က ကြေညာရမယ့် အချိန်တစ်ခု ရောက်ရှိလာပါပြီ။ ကျွန်တော်တို့အနေနဲ့ လက်ရှိ အရေးပေါ် အခြေအနေအတွင်းမှာ လစာ (၇၀) ရာခိုင်နှုန်း အဖြတ်ခံသွားမယ့် အပြင် ကူညီပံ့ပိုးမှုတွေကိုလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းဝန်ထမ်းတွေအနေနဲ့ ဒီလက်ရှိအခြေအနေ ဖြစ်နေတဲ့ အချိန်အတွင်းမှာ လစာ (၁၀၀) ရာခိုင်နှုန်း ရရှိကြမှာ ဖြစ်ပါတယ်။ ကျွန်တော်လို့ လစာအဖြတ်ခံဖို့ အမြဲတမ်း ဆန္ဒ ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုရင် ဒီအခြေအနေက ခြွင်းချက်အခြေအနေ ဖြစ်နေလို့ပါ”လို့ ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာ ဘုတ်အဖွဲ့ကလည်း ယာယီ လစာ အဖြတ်ခံမယ့် သူတွေထဲမှာ ဘာစီလိုနာအသင်း ဒါရိုက်တာတွေ နဲ့ ဘက်စကက်ဘောအသင်းလည်း ပါဝင်တယ်လို့ အတည်ပြုသွားခဲ့ကြပါတယ်။