စပိန်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ El Nacional ရဲ့ ဖော်ပြချက်တွေအရ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမားလေး အန်ဆူဖာတီကို ခေါ်ယူဖို့ အလွန်အမင်း စိတ်ဝင်စားခဲ့ပေမယ့် အသင်းကို ထိပ်တန်းကစားသမားကြီး မက်ဆီ ရောက်ရှိလာချိန်မှာတော့ ဖာတီကို ခေါ်ယူဖို့အတွက် လက်လျှော့လိုက်ရတယ်လို့ ရေးသားဖော်ပြသွားပါတယ်။

Ansu Fati's statistic that leaves Barça 'gawked'

Photo Credit : FC Barcelona Noticias

အသက်(၁၉)နှစ်အရွှယ်သာ ရှိနေသေးတဲ့ လာမာစီယာ အကယ်ဒမီထွက် စပိန်ဆယ်ကျော်သက် တိုက်စစ်ကစားသမားလေး ဖာတီဟာ တကယ့်ကို အလားအလာရှိလှတဲ့ ကြယ်ပွင့်လေးတစ်ဦးဖြစ်ပြီး သူရဲ့ အရည်အသွေးကောင်းတွေကိုလည်း ထုတ်ဖော်ပြသထားနိုင်ပေမယ့် ဆိုးရွှားတဲ့ ဒဏ်ရာပြသာနာတွေ ရရှိနေတာကြောင့် မကြာခဏဆိုသလို ကာလရှည်ကြာ အနားယူနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အသက်ငယ်ရွှယ်ပြီး အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဖာတီကို ပီအက်စ်ဂျီဘက်က ခေါ်ယူချင်ခဲ့ပြီး အသင်းမှာ အနာဂတ် မတည်မငြိမ် ဖြစ်နေရတဲ့ ဘာပေရဲ့နေရာမှာ အစားထိုးချင်ခဲ့တာ ဖြစ်ပေမယ့် မက်ဆီကို ခေါ်ယူဖြစ်ခဲ့တာကြောင့် ဖာတီကို ခေါ်ယူဖို့က အဆုံးသတ်သွားခဲ့တာ ဖြစ်တယ်လို့ El Nacional ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sportskeeda

El Nacional ရဲ့ ဖော်ပြချက်မှာ ဖာတီကိုယ်တိုင် ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက် အဆင့်သင့် ဖြစ်နေခဲ့ပြီး ပြောင်းရွှေ့ဖို့လည်း ပြင်ဆင်ခဲ့ပေမယ့် ပီအက်စ်ဂျီဘက်က ဖာတီရဲ့စီနီယာ ကစားသမားကြီး မက်ဆီကို ဘာစီလိုနာကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူစာချုပ်ခဲ့တာကြောင့် ပီအက်စ်ဂျီအနေနဲ့ ဖာတီကို ခေါ်ယူဖို့ ဆက်လက်မကြိုးပမ်းတော့တာလို့ သိရပါတယ်။ စပိန် လူငယ်ကစားသမားလေး ဖာတီဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကမှ ဘာစီလိုနာအသင်းနဲ့ ၂၀၂ရခနှစ်အထိ သက်တမ်းရှိတဲ့ နှစ်ရှည်စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့တာဖြစ်သလို အသင်းကနေ မက်ဆီ ထွက်ခွာသွားချိန်မှာလည်း မက်ဆီရဲ့ ကျောနံပါတ် (၁၀)ကို ဆက်လက် ဆက်ခံခွင့်ရထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသမှာတော့ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်ထားခဲ့ရတဲ့ ဖာတီဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၁၀)ပွဲသာ ပါဝင်ထားခဲ့ရပြီး အခုလည်း တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။ ဒဏ်ရာတွေ ရရှိနေတဲ့ကြားကပဲ ဖာတီဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုး(၅)ဂိုး ဂိုးဖန်တီးမှု (၁)ကြိမ် ပြုလုပ်ထားခဲ့နိုင်ပါတယ်။