စပိန်နိုင်ငံ အခြေစ်ိုက် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်များအရ ပီအက်စ်ဂျီအသင်းရဲ့ စူပါစတား ကစားသမားကြီးဖြစ်သူ လီယွန်နယ်မက်ဆီဟာ သူ့ကို လာမယ့်နွေမှာ ပြန်လည် ခေါ်ယူသွားဖို့ ပြင်ဆင်နေတဲ့ သူ့အသင်းဟောင်း ဘာစီလိုနာရဲ့ ဖုန်းနဲ့ ဆက်သွယ်မှုတွေကို မက်ဆီဘက်ကနေ လစ်လျူရှုထားခဲ့တယ်လို့ သိရှိရပါတယ်။

Lionel Messi is ignoring calls from his former club Barcelona amid interest  from Inter Miami | Daily Mail Online

Photo Credit : Daily Mail

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ကမှ ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီ (၂)ရာသီစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ GOAT ကြီး မက်ဆီဟာ လက်ရှိမှာ ပီအက်စ်ဂျီနဲ့ သူရဲ့စာချုပ်သက်တမ်း (၂)နှစ်ပြည့်ဖို့ လပိုင်းလောက်သာ ကျန်ရှိနေတော့တာဖြစ်လို့ မက်ဆီရဲ့ စာချုပ်အခြေအနေကို သူ့အသင်းဟောင်း ဘာစီလိုနာအပြင် အခြားသော ကလပ်အသင်းတွေကပါ စောင့်ကြည့်လာခဲ့ပါတယ်။ မက်ဆီကိုယ်တိုင်တော့ သူရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သတ်ပြီး လက်ရှိအချိန်မှာ စဉ်းစားခြင်း မပြုလုပ်ချင်သေးပဲ ၂၀၂၂ကတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးမှသာ ဆုံးဖြတ်ချက်ချသွားမယ်လို့ ထုတ်ပြန်ထားခဲ့ပေမယ့် တချို့သတင်းတွေကတော့ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ သက်တမ်းတိုးတော့မှာ မဟုတ်ဘူးလို့ ဖော်ပြနေကြပါတယ်။

Lionel Messi 'ignoring calls from Barcelona' with old club desperate to  seal return despite Inter Miami transfer talks | The Scottish Sun

Photo Credit : The Sun

ဒီလို သတင်းတွေနဲ့အတူ မက်ဆီရဲ့ အသင်းဟောင်း ဘာစီလိုနာက လာမယ့် ၂၀၂၃ခုနှစ် နွေရာသီမှာ မက်ဆီကို အသင်းဆီ ပြန်လည် ခေါ်ဆောင်မယ်ဆိုတဲ့ သတင်းတွေပါ ပူးတွဲ ပေါ်ထွက်လာခဲ့ပေမယ့် စပိန်သတင်းစာ SPORT ရဲ့ ဖော်ပြချက်မှာတော့ ဘာစီလိုနာ အသင်းဥက္ကဌ ယိုဟန်လာပေါ်တာနဲ့ ရင်းနှီးတဲ့ ညှိနှိုင်းစေ့စပ်ရေးမှူးတစ်ဦးက မက်ဆီကို ဖုန်းခေါ်မှုတွေများစွာ လုပ်ဆောင်ထားခဲ့ရာ မက်ဆီက ဒီလို ဆက်သွယ်မှုတွေကို လစ်လျူရှုခဲ့တယ်လို့ ဖော်ပြလာလို့ ဘာစီလိုနာအနေနဲ့ မက်ဆီကို ပြန်လည် ခေါ်ယူဖို့က ခဲယဉ်းသထက် ခဲယဉ်းလာနိုင်ပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း ဒီရာသီမှာ အသင်းအတွက် (၁၂)ဂိုးသွင်း (၁၃)ဂိုး ဖန်တီးထားတဲ့ မက်ဆီကို စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ ဆန္ဒရှိနေပြီး ကမ္ဘာ့ဖလားအပြီးမှာပဲ မက်ဆီကို စာချုပ်သစ်အတွက် ဆက်လက် ညှိနှိုင်းဖွယ် ရှိနေပါတယ်။ လက်ရှိမှာ လက်ရှိကလပ် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကိစ္စ မရေရာသေးသလို အသင်းဟောင်း ဘာစီလိုနာဆီ ပြန်သွားဖို့လည်း မသေချာသေးတဲ့ မက်ဆီကို ဒေးဗစ်ဘက်ခမ်းက သူရဲ့ အင်တာမိုင်ယာမီအသင်းက စိတ်ဝင်စားလျက် ရှိနေသလို သူ့ဆရာဟောင်း ပက်ဂွာဒီယိုလာကလည်း မက်ဆီကို မန်ချက်စတာစီးတီးအသင်းဆီ ခေါ်ဆောင်သွားချင်နေပါတယ်။