ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ သူ့ရဲ့ အေးဂျင့် ဖြစ်သူ၊ ဖခင် ဂျော့ချ်မက်ဆီ နဲ့ ဘာစီလိုနာရဲ့ ဥက္ကဌ ဖြစ်သူ ဘာတိုမြူတို့ တွေ့ဆုံပြီးတဲ့နောက် ဘာစီလိုနာအသင်းကနေ ထွက်သွားဖို့ မစဉ်းစားဘဲ ဘာစီလိုနာအသင်းမှာ ဆက်ကစားဖို့ ပြန်စဉ်းစားလာပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့လ၊ သြဂုတ်လကုန်ခါနီးမှာတော့ ဘာစီလိုနာအသင်းကို FAX နဲ့ စာပို့ပြီး ဘာစီလိုနာအသင်းကနေ ထွက်သွားခွင့်ပေးဖို့ တောင်းဆိုသွားခဲ့တာ ဖြစ်ပေမဲ့လည်း လက်ရှိမှာတော့ ဘာစီလိုနာအသင်းမှာ ဆက်နေဖို့ ပြန်စဉ်းစားနေပြီလို့ သတင်း ထွက်လာပါတယ်။

Photo Credit: Metro

တိုက်စစ်မှူး မက်ဆီက ဘာစီလိုနာအသင်းကို အသင်းကနေ ထွက်သွားချင်တယ်လို့ ပြောပြီးနောက် လာလီဂါ အဖွဲ့ချုပ်က မက်ဆီအနေနဲ့ ဘာစီလိုနာအသင်း နဲ့ လာလီဂါ ပြိုင်ပွဲက ထွက်ချင်တယ် ဆိုရင် စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း (၇၀၀) ပေးမှသာ ထွက်နိုင်တယ်လို့ စာထုတ်ပြန်သွားခဲ့ပါတယ်။ မက်ဆီရဲ့ အေးဂျင့် ဖြစ်သူ၊ ဖခင် ဂျော့ချ်မက်ဆီဟာ ယခုအပတ်၊ ဗုဒ္စဟူးနေ့က၊ ဘာစီလိုနာမြို့ကို ရောက်ရှိလာခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဘာတိုမြူနဲ့ အပြောင်းအရွေ့ ကိစ္စအတွက် ဆွေးနွေးခဲ့ကြတဲ့ အချိန်မှာ အပြုသဘောဆောင်တဲ့ လက္ခဏာတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Metro

မက်ဆီရဲ့ ဖခင် နဲ့ အေးဂျင့် ဖြစ်သူ ဂျော့ချ်မက်ဆီဟာ ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူနဲ့ ယခုအပတ် ယခုအပတ် ဗုဒ္စဟူးနေ့မှာ တွေ့ဆုံပြီးနောက် ယနေ့၊ ကြာသပတေးနေ့မှာ ဘာတိုမြူနဲ့ ပထမအကြိမ် တွေ့ဆုံမှုက အလွန် ကောင်းပါတယ်လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ မက်ဆီရဲ့ ဖခင်ဟာ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာ နောက်ထပ် (၁) နှစ် ဆက်နေမလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “YES၊ ဆက်နေနိုင်ပါတယ်”လို့ အဖြေပေးသွားခဲ့တာကြောင့် မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာ (၁) နှစ် ဆက်နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။