တိုက်စစ်မှူး မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာပဲ ဆက်နေဖို့အတွက် ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်လို့ သတင်းထွက်မလာခင်မှာ စိတ်ဝင်စားစရာကောင်းတဲ့ သတင်း (၂) ခုက အရင်ဆုံး ထွက်ပေါ်လာခဲ့ပြီး ပထမသတင်းကက မက်ဆီရဲ့ ဖခင်သတင်း နဲ့ ဒုတိယသတင်းက လာလီဂါရဲ့သတင်း ဖြစ်ပါတယ်။ မက်ဆီရဲ့ အေးဂျင့် ဖြစ်သူ ဖခင် ေ၈ျာ့ချ်မက်ဆီက သူ့သားမက်ဆီ နဲ့ ဘာစီလိုနာအသင်းရဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း (၇၀၀) က အကျုံးမဝင်တော့ဘူး၊ မရှိတော့ဘူးလို့ ပြောပြီးနောက် တစ်ဆက်တည်းမှာ လာလီဂါ အဖွဲ့ချုပ်က မက်ဆီရဲ့ ဖခင်ကို စာစောင် ထုတ်ပြန်ပြီး ပြန်လည် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

 

Photo Credit: Gettyimage

မက်ဆီရဲ့ ဖခင် ဂျော့ချ်မက်ဆီက သူ့သား မက်ဆီ နဲ့ ဘာစီလိုနာအသင်းရဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း (၇၀၀) က အကျုံးမဝင်တော့ဘူးလို့ ဝေဖန်ပြီးတဲ့နောက် လာလီဂါ အဖွဲ့ချုပ်က စာစောင် ထုတ်ပြန်ပြီး မက်ဆီရဲ့ စာချုပ် ဖျက်သိမ်းကြေးက အကျုံးဝင်သေးတယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။ လာလီဂါ အဖွဲ့ချုပ်က တိုက်စစ်မှူး မက်ဆီကို ခေါ်ယူချင်ကြတဲ့ ဘယ်အသင်းတွေပဲ ဖြစ်ဖြစ် စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း (၇၀၀) ပေးရမှာ ဖြစ်ပါတယ်လို့ စာစောင် ထုတ်ပြန်သွားခဲ့တာ ဖြစ်ပြီး မက်ဆီရဲ့ ဖခင်ကို စာစောင် ထုတ်ပြန်ပြီးတော့ ပြန်လည် ချေပ တုံ့ပြန်သွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Gettyimage

မက်ဆီရဲ့ ဖခင်ကို လာလီဂါ အဖွဲ့ချုပ်က ပြန်လည် တုံ့ပြန်မှု အပြီးမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်လို့ TYC Sports သတင်းက ရှေ့ဦးစွာ ဖော်ပြခဲ့ပြီး အင်္ဂလန် အခြေစိုက် သတင်းမီဒီယာတွေကလည်း အခိုင်အမာ ဖော်ပြသွားခဲ့ကြပါတယ်။ မက်ဆီရဲ့ ဖခင်က စာချုပ် ဖျက်သိမ်းကြေး အကျုံးမဝင်တော့ဘူးလို့ ပြောတဲ့ သတင်း၊ လာလီဂါ အဖွဲ့ချုပ်က စာချုပ် ဖျက်သိမ်းကြေး အကျုံးဝင်သေးတယ်လို့ စာထုတ်ပြန်တဲ့ သတင်း နဲ့ မက်ဆီက ဘာစီလိုနာအသင်းမှာပဲ ဆက်နေမယ် ဆိုတဲ့ သတင်းတွေက (၂) နာရီအတွင်းမှာ တရစပ် ထွက်လာခဲ့ပါတယ်။ မက်ဆီရဲ့ အပြောင်းအရွှေ့ သတင်းဟာ လက်ရှိမှာ ဟိုလေးတစ်ကျော် ဖြစ်နေတဲ့ ဘောလုံး သတင်း ဖြစ်ပြီး စစ်တမ်း ကောက်ယူမှုအရ လက်ရှိ Google မှာ လူရှာ အများဆုံးက ကိုရိုနာ ဗိုင်းရပ် ရောဂါ အကြောင်း မဟုတ်ဘဲ၊ မက်ဆီ အကြောင်း ဖြစ်တယ်လို့လည်း စစ်တမ်းက ဖော်ပြသွားခဲ့ပါတယ်။