ဒေါ့မွန်အသင်းရဲ့ နော်ဝေတိုက်စစ်ကစားသမား အာလင်းဟာလန်းက သူရဲ့ အနီးစပ်ဆုံး ပြိုင်ဘက်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးဟာ လက်ရှိမှာတော့ ကမ္ဘာပေါ်က ဘောလုံးသမားတွေ အားလုံးထဲကမှ အကောင်းဆုံးသော ဘောလုံးသမားတစ်ဦး ဖြစ်တယ်လို့ သတ်မှတ်ပြောဆိုသွားခဲ့ပါတယ်။

Borussia Dortmund ace Erling Haaland believes Robert Lewandowski is the world's No 1 player

Photo Credit : Daily Mail

အသက်(၃၃)နှစ်အရွှယ်ရှိ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား လီဝန်ဒေါသစကီးဟာ ပြီးခဲ့တဲ့နှစ် ဘာလွန်းဒေါဆုကို ဆွတ်ခူးဖို့ ရေပန်းစားခဲ့ပေမယ့် ကံဆိုးစွာနဲ့ လွဲချော်ခဲ့ရပြီး FIFA ရဲ့ The Best ဆုကိုသာ (၂)နှစ်ဆက်တိုက် ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၄၈)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၄၀) သွင်းယူနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးဟာ ဒီရာသီမှာလည်း (၃၄)ပွဲအတွင်း (၂၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာကြောင့် သူရဲ့ စွမ်းဆောင်ရည်တွေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်ကစားသမား ဖြစ်နေရသလို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားပါ ဖြစ်နေတယ်လို့ ဟာလန်းက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Bola

ESPN အားကစားမီဒီယာနဲ့ အင်တာဗျူး ပြုလုပ်နေစဉ်အတွင်း ဟာလန်းရဲ့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား (၃)ဦးအကြောင်းကို မေးမြနး်လာခဲ့ရာ ဟာလန်းက “ဒါက အရမ်းကောင်းတဲ့ မေးခွန်းပါပဲ။ နောက်ပြီး ဒီမေးခွန်းက ပြီးခဲ့တဲ့နှစ်က အကြောင်းတွေကို မေးမြန်းတာလို့ ကျွန်တော်ထင်တယ်။ မှန်တယ်မလား။ ဒါဆိုရင်တော့ ခင်ဗျားအနေနဲ့ လီဝန်ဒေါစကီးကို နံပါတ်တစ်နေရာကနေထားပြီး ပြောဆိုရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးရင်တော့ ဘန်ဇီမာကလည်း အံ့အားသင့်စရာတွေ လုပ်ဆောင်နိုင်ခဲ့တယ်။ မက်ဆီဆိုရင်လည်း ထူးထူးချွန်ချွန်နဲ့ကို စွမ်းဆောင်နိုင်ခဲ့တယ်။ ဒါကြောင့် ဘန်ဇီမာနဲ့ မက်ဆီတို့ကိုတော့ ဒုတိယနဲ့ တတိယနေရာတွေမှာ ထားရှိချင်ပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ဟာလန်းအခုလို ရွေးချယ်သွားခဲ့တဲ့ လီဝန်ဒေါစကီးဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ သွင်းဂိုး(၂၃)ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူထားသူအဖြစ် ဆက်လက်ရပ်တည်နေပြီး ဒုတိယနေရာက လေဗာကူဆင် တိုက်စစ်မှူး ပက်သရစ်ရှစ်ခ်ထက် (၅)ဂိုးသာလွန်နေသလို တတိယနေရာက ဟာလန်းထက်လည်း (၇)ဂိုးထိ သာလွန်နေတာကြောင့် ဂိုးသွင်းအများဆုံးဆုကို ပိုင်ဆိုင်ဖို့ အခြေအနေကောင်းနေရပါတယ်။ ဒါ့အပြင် လက်ရှိ ဥရောပထိပ်တန်းလိဂ် (၅)ခုမှာဆ ုိရင်လည်း ပိုလန်ဂိုးမုဆိုးကြီး လီဝန်ဒေါစကီးက (၂၃)ဂိုးနဲ့ ရပ်တည်နေတာဖြစ်လို့ ဥရောပရွှေဖိနပ်ဆုကိုပါ ပိုင်ဆိုင်နိုင်ဖို့နဲ့ ဘိုင်ယန်နဲ့ပါ ဘွန်ဒစ်လီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူနိုင်ဖို့လည်း အလားအလာ ကောင်းနေပါတယ်။