ဘာစီလိုနာအသင်းမှာ လီယွန်နယ်မက်ဆီ ပါဝင်ကစားချိန်တုန်းက မက်ဆီဟာ အသင်းမှာ ကမ္ဘာကျော်ကစားသမားကြီးပေါင်းများစွာနဲ့ တွဲဖက်ကစားခဲ့ရပြီး အဲ့ဒီထဲမှာ ပြင်သစ်ရဲ့ဂန္တဝင်နောက်ခံလူကြီးဖြစ်တဲ့ အဘီဒယ်လည်းပါဝင်နေပါတယ်။ မက်ဆီနဲ့ အဘီဒယ်ဟာ ဘာစီလိုနာမှာ နှစ်အနည်းငယ် တွဲဖက်ကစားခဲ့ပြီး အဘီဒယ် ဘောလုံးသမားဘဝကနေ အနားယူသွားချိန်မှာလည်း အဘီဒယ်က ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာအဖြစ် ဆက်လက်တာဝန်ယူနေပြီး မက်ဆီကလည်း ဘာစီလိုနာရဲ့အသင်းခေါင်းဆောင်နေရာကနေ အသင်းအတွက် အဓိက ကစားသမားအဖြစ် တာဝန်ယူခဲ့ပါတယ်။

Photo Credit : BBC

ဒီလို ဘာစီလိုနာအသင်းမှာ နှစ်ပေါင်းများစွာ ကျရာတာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်လာခဲ့တဲ့ လူနှစ်ယောက်ရဲ့ကြားမှာ အက်ကြောင်းတွေဖြစ်စေမယ့် ဝေဖန်စကားကို အဘီဒယ်ရော မက်ဆီကပါ ပြောဆိုလာခဲ့ပါတယ်။ ဒီစကားတွေကို အဘီဒယ်ဘက်ကနေ စတင်ပြောဆိုခဲ့တာဖြစ်ပြီး အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်းဗယ်ဗာဒီ အသင်းကို ကိုင်တွယ်နေချိန်တုန်းက ကစားသမားတချို့ဟာ ကြိုးကြိုးစားစား ကစားပေးခဲ့ခြင်းမရှိဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။ ဒါကို မက်ဆီဘက်ကနေ လက်သင့်ခံနိုင်ခြင်းမရှိတာကြောင့် သူရဲ့အင်စတာဂရမ်ပေါ်ကနေ ပြန်လည်တုန့်ပြန်သွားခဲ့ပါတယ်။

Photo Credit : Metro

မက်ဆီက အဘီဒယ်အနေနဲ့ ဒီလိုပြောဆိုလိုက်တဲဲ့အခါမျိုးမှာ သူပြောတာက ဘယ်သူဘယ်ဝါဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သင့်ပြီး ဒီလိုမှမဟုတ်ရင်တော့ အသင်းအတွင်းမှာ စည်းလုံးမှုတွေ ပြိုကွဲလာနိုင်ပြီး အားလုံးကလည်း ယုန်ထင်ကြောင်ထင် ထင်လာနိုင်တယ်လို့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ ဒီကိစ္စရပ်ကို ဘာစီလိုနာအသင်းအတွင်းမှာ ဒီတိုင်းမထားသင့်ပဲ နည်းမှန်လမ်းမှန်နဲ့ ပြီးစီးအောင် ဖြေရှင်းသင့်ပြီး မဟုတ်ရင်တော့ မက်ဆီလို ကစားသမားမျိုးကိုပါ ဘာစီလိုနာအသင်းဘက်ကနေ ဆုံးရှံးသွားရနိုင်ပါတယ်။ ဘာစီလိုနာကစားသမားဟောင်းတချို့ကလည်း ဒီပြသာနာကနေတစ်ဆင့် သူတို့အသင်းရဲ့ အဓိက ကစားသမားကို အသင်းကနေ ဆုံးရှံးသွားရမှာကို ကြောက်လန့်နေကြပြီး ပြသာနာကို အမြန်ဆုံးပြေလည်စေချင်နေကြပါတယ်။ ဘာစီလိုနာအသင်းဟာ မနက်ဖြန်ညမှာတော့ သူတို့နည်းပြသစ် ဆယ်တီယန်ရဲ့အသင်းဟောင်း ဘက်တစ်အသင်းနဲ့ ကိုပါဒယ်ရေး ကွာတားဖိုင်နယ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။