ပီအက်စ်ဂျီအသင်းရဲ့ ထိပ်တန်းတိုက်စစ် trio အတွဲအဖက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီ နေမာနဲ့ ကီလီယန်အမ်ဘာပေတို့ကြားမှာ ပဋိပက္ခ ဖြစ်ပွားလျက် ရှိနေတယ်လို့ သိရပါတယ်။ မက်ဆီနဲ့ ဘာပေတို့ဟာ သူတို့ရဲ့ အသင်းဖော် နေမာရဲ့ အနာဂတ် အခြေအနေနဲ့ ပတ်သက်ပြီး အမြင်ကွဲလွဲနေကြလျက် ရှိနေတယ်လို့ စပိန်အခြေစိုက် Mundo Deportivo သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Kylian Mbappe has spoken out about PSG fans who have booed Neymar and Lionel Messi

Photo Credit : Mirror

ပီအက်စ်ဂျီအသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း သိပ်မကျန်တော့ပဲ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့လုနီးပါး ဖြစ်နေတဲ့ ပြင်သစ်တိုက်စစ်ကစားသမား ဘာပေကို အလွန်များပြားလှတဲ့ ငွေကြေးတွေနဲ့ (၃)နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်တာကြောင့် ဘာပေရဲ့ စာချုပ်သစ်မှာ အသုံးပြုလိုက်ရတဲ့ ငွေကြေးတွေအတွက် နေမာကို အသင်းကနေ ပြန်လည်ရောင်းချပြီး ငွေပြန်ရှာဖွေဖွယ် ရှိနေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းကတည်းက နေမာနဲ့ အနာဂတ် အခြေအနေတွေက အတော်လေး လှုပ်ခတ်လာခဲ့ရပြီး သူရဲ့အသင်းဖော်တွေကြားမှာပါ နေမာရဲ့ situation နဲ့ ပတ်သက်လို့ အမြင်ကွဲလွဲမှုတွေပါ ဖြစ်လာခဲ့ရပါတယ်။

Mbappe, Neymar and Messi had struggled to find top gear for PSG this season

Photo Credit : Mirror

Mundo Deportivo သတင်းမီဒီယာကနေ ဖော်ပြလာချက်တွေအရ နေမာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နေမာအသင်းဖော် ဘာပေက နေမာကို အသင်းကနေ ရောင်းထုတ်စေချင်နေပေမယ့် နေမာနဲ့ ဘာစီလိုနာမှာရော ပီအက်စ်ဂျီမှာပါ တွဲဖက်ကစားခဲ့ဖူးတဲ့ မက်ဆီကတော့ နေမာကို ပီအက်စ်ဂျီမှာသာ ဆက်လက်ရှိနေစေချင်ပါတယ်။ ဘာပေက နေမာရဲ့ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့် ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာစေချင်နေပေမယ့် မက်ဆီကတော့ သူရဲ့အရင်းနှီးဆုံး အသင်းဖော်နေမာကို အဝတ်လဲခန်းအတွင်း အရေးပါမှုနဲ့ အားကစား အကျိုးသက်ရောက်မှုတွေကြောင့် အသင်းမှာ ဆက်လက်ရှိနေချင်ပါတယ်။ တစ်ခုရှိတာကတော့ ဘာပေကို ပီအက်စ်ဂျီအသင်းဘက်က စာချုပ်သစ် ချုပ်ဆိုရာမှာ စာချုပ်သစ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသင်းရဲ့ အားကစားဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ ဘာပေရဲ့ လွှမ်းမိုးမှု ရှိနိုင်မယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားတယ်ဆိုတဲ့ အချက်ကြောင့် ဘာပေအနေနဲ့ အသင်းက ဘယ်ကစားသမားကို ခေါ်သင့်တယ် ဘယ်ကစားသမားကို ရောင်းချသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေအထိ ချမှတ်နိုင်တဲ့ အနေအထား ဖြစ်နေတာကြောင့် အသင်းဖော် နေမာရဲ့ အနာဂတ်ကို စီရင်ချက် ချမှတ်သွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ လက်ရှိမှာ နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၇ခုနှစ်အထိ အလိုအလျောက် သက်တမ်းတိုးခဲ့ရပြီ ဖြစ်သလို သူရဲ့လစာပမာဏတွေကြောင့်လည်း နေမာကို ရောင်းထုတ်ဖို့က ဖြစ်နိုင်ခြေ အလွန်နည်းနေရပါတယ်။