မန်ချက်စတာယူနိုက်တက်အသင်းမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ဖို့ ရုန်းကန်နေရတာကြောင့် အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို အဆက်မပြတ်ခံနေရတဲ့ ကွင်းလယ်လူ ဂျက်စီလင်ဂတ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေသော်လည်း သူ့ကို ခေါ်ယူဖို့အတွက် စီးရီးအေ အသင်းတစ်သင်းဖြစ်တဲ့ ရိုးမားအသင်းနဲ့ စပိန် အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

Photo Credit: Express.com

ရိုးမားအသင်းဟာ အာဆင်နယ်အသင်းမှ အငှားနဲ့ လာရောက်ကစားနေတဲ့ ကွင်းလယ်လူ မစ်ခီတာရန်းရဲ့ နေရာအတွက် လင်ဂတ်ကို ခေါ်ယူဖို့ ဆန္ဒရှိနေတာဖြစ်ကြောင်း အီတလီ သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။ အက်သလက်တီကိုအသင်းရဲ့ နည်းပြ ဆီမြွန်နီကတော့ လင်ဂတ်ရဲ့ ကစားပုံကို သဘောကျတာကြောင့် အသင်းထံ ခေါ်ယူဖို့ စိတ်ဝင်စားနေတာလို့ သိထားရပါတယ်။

Photo Credit: Express.com

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ လင်ဂတ်ဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့အတွက် ဆန္ဒမရှိသေးပေမယ့် သူ့ရဲ့ ခြေစွမ်းတွေကို ပြန်လည်ကောင်းမွန်လာအောင် အခွင့်အရေးပေးမယ်ဆိုပါက ယူနိုက်တက်မှ ထွက်ခွာဖို့အတွက် စဉ်းစားထားကြောင်း သိရှိရကာ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေဟာ မကြာခင်မှာပဲ စတင်လာဖွယ်ရှိနေပါတယ်။

Photo Credit: Express.com

ယူနိုက်တက်အသင်းဘက်ကတော့ လင်ဂတ် ကို ကမ်းလှမ်းလာတဲ့အသင်းရှိပါက ရောင်းချဖို့အတွက် ပြင်ဆင်ထားပြီး လင်ဂတ်ကို ပြောင်းရွှေ့ကြေး ပေါင်၂၀သန်းဝန်းကျင်နဲ့ ရောင်းချလိုနေပါတယ်။ လင်ဂတ်ဟာ ယခုနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲ ၂၀ပွဲအထိ ကစားပေးထားပြီး သွင်းဂိုး သွင်းယူနိုင်ခြင်းမရှိသလို ဂိုးဖန်တီးမှုလည်း တစ်ကြိမ်မှ ဖန်တီးပေးနိုင်ခြင်းမရှိပါဘူး။