မန်ယူအသင်းရဲ့ တောင်ပံ ကစားသမား ဖြစ်သူ လင်ဂတ်ကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြန်လည် စတင်ပြီဆိုရင် ခြေစွမ်းကောင်းကို ပြန်လည် ရရှိနိုင်မှာ ဖြစ်ပြီး ပွဲစဉ် (၁၁) ပွဲဆက် ရှုံးပွဲ မရှိတဲ့ စံချိန်ကို ဆက်ထိန်းသွားနိုင်မယ်လို့ အခိုင်အမာ ပြောကြားသွားလိုက်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပြိုင်ပွဲ မရပ်နားရခင် ပွဲစဉ် (၁၁) ပွဲဆက် အနိုင်ရရှိခဲ့ပြီး လက်ရှိမှာတော့ အင်္ဂလန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဆက်လက် ဖြစ်နေဆဲ ဖြစ်တာကြောင့် ကူးစက်ခံရသူ (၂) သိန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Photo Credit: Goal

ဥရောပ ထိပ်သီး လိဂ်တွေထဲက ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဟာ ယနေ့ညမှာ ပွဲစဉ်တွေ ပြန်လည် စတင်ပြီ ဖြစ်ပြီး အင်္ဂလန် ပရီးမီးယားလိဂ် အဖွဲ့အစည်းကလည်း လက်ရှိရာသီကို လာမယ့် ဇွန်လ၊ အလယ်မှာ ပြန်လည် စတင်ဖို့အတွက် ပြင်ဆင်နေလျက် ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်စဖို့ အခက်အခဲ ရှိနေတဲ့ အသင်းတွေ ရှိနေပေမဲ့လည်း မန်ယူ တောင်ပံ ကစားသမား လင်ဂတ်ကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကိုသာ ပြန် စတင်မယ် ဆိုရင် မန်ယူအသင်းအနေနဲ့ ခြေစွမ်းပြ ကစားနိုင်မယ်လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

လင်ဂတ်ဟာ ESPN သတင်းမှာ (၁၁) ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထားနိုင်မလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “ဆက်ထိန်းထားနိုင်မယ်လို့ ခံစားရတယ်။ အသင်းဖော်တွေနဲ့ စကားပြောပြီး အားလုံးက ကြိုးစားပမ်းစား လေ့ကျင့်ခဲ့ကြပါတယ်။ ကျွန်တော်တို့အသင်းက လေ့ကျင့်ရေး အတူ ဆင်းခဲ့ကြပြီး အဆင်သင့် ဖြစ်နေတာကြောင့် ပြိုင်ပွဲ ပြန်စတင်ဖို့ကိုသာ စောင့်နေကြတာပါ။ နှေးကွေးတဲ့ ဖြစ်စဉ် တစ်ခုလိုပဲ ကျွန်တော် မြင်ပါတယ်။ ကျွန်တော်တို့ ပုံစံကောင်း ဆက်ထိန်းနိုင်ဖို့ နဲ့ ကြံခိုင်မှု ပြည့်ဝမှုကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားကြတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘောလုံး ပြိုင်ပွဲ ပြန်စပြီ ဆိုရင် ကျွန်တော်တို့ ပုံစံကောင်းတွေကို ပြန်ရရှိနိုင်ပြီး ပြီးခဲ့တဲ့ နေရာကနေ ပြန်စတင်နိုင်ပါတယ်”လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။