မန္ခ်က္စတာယူနိုက္တက္အသင္းကေတာ့ သူတို႔အသင္းရဲ့ အားနည္းခ်က္တစ္ခုလို ျဖစ္ေနတဲ့ ကြင္းလယ္တိုက္စစ္ပိုင္းအတြက္ လက္စတာအသင္းမွာ ေျခစြမ္းျပေနတဲ့ မက္ဒီဆင္ကို ေခၚယူဖို႔အတြက္ တရားဝင္ခ်ိတ္ဆက္မွုေတြ စတင္ျပဳလုပ္လာခဲ့တယ္လို႔ သိရပါတယ္။ မက္ဒီဆင္ဟာ လက္ရွိေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္မွာ ၂၀ပြဲအထိ ကစားေပးထားသူျဖစ္ၿပီး ၆ဂိုးသြင္းယူထားကာ ၃ဂိုးဖန္တီးေပးထားနိုင္သူပါ။
Photo Credit: Express.com
မက္ဒီဆင္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာကတည္းက ယူနိုက္တက္အသင္းထံ ေျပာင္းေရႊ႕ဖို႔ နီးစပ္ခဲ့သူျဖစ္ၿပီး ယူနိုက္တက္အသင္းက မက္ဂြိဳင္းယားနဲ႔ မက္ဒီဆင္တို႔ ႏွစ္ဦးစလုံးကို တစ္ၿပိဳင္နက္တည္း ေခၚယူဖို႔ ႀကိဳးစားရာမွာ လက္စတာအသင္းဘက္က ကစားသမား တစ္ဦးကိုသာ ေရာင္းခ်ဖို႔အတြက္ ဆုံးျဖတ္ခဲ့တာေၾကာင့္ ယူနိုက္တက္အသင္းဟာ ခံစစ္ပိုင္းကို အရင္ အင္အားျဖည့္တင္းဖို႔အတြက္ ဆုံးျဖတ္ခဲ့ၿပီး မက္ဂြိဳင္းယားကို ေခၚယူခဲ့တာပါ။
Photo Credit: Express.com
လက္ရွိထြက္ေပၚေနတဲ့သတင္းေတြအရ ယူနိုက္တက္အသင္းဟာ မက္ဒီဆင္ကို ရရွိဖို႔အတြက္ အသင္းရဲ့ ကြင္းလယ္တိုက္စစ္ကစားသမားျဖစ္တဲ့ လင္ဂတ္ကို အလိုက္ေပးကာ အပိုေငြေၾကးအျဖစ္ ေနာက္ထပ္ ေျပာင္းေရႊ႕ေၾကး ေပါင္၄၅သန္းကိုလည္း ထပ္မံေပးေခ်မယ္လို႔ လက္စတာအသင္းကို ကမ္းလွမ္းထားေၾကာင္း သိရပါတယ္။ လက္စတာအသင္းဟာ မာရက္ဇ္ အသင္းကေန ထြက္ခြာသြားခ်ိန္မွာ လင္ဂတ္ကို ေခၚယူဖို႔အတြက္ ခ်ိတ္ဆက္ခဲ့ဖူးတဲ့ အသင္းလည္း ျဖစ္ပါတယ္။
Photo Credit: Express.com
လက္စတာအသင္းနည္းၿပ ေရာ္ဂ်ာကေတာ့ မက္ဒီဆင္ ၊ အန္ဒီဒီ ၊ ဘန္ခ်ီဝဲလ္စတဲ့ အသင္းရဲ့ ၾကယ္ပြင့္ကစားသမားေတြကို မေရာင္းခ်ဘူးလို႔ ယတိျပတ္ ျငင္းဆိုထားျခင္းမရွိပဲ ေခၚယူလိုတဲ့ အသင္းေတြဟာ မိမိတို႔ လိုခ်င္တဲ့ ေျပာင္းေရႊ႕ေၾကးပမာဏကို ေပးမွသာ ကစားသမားေတြကိုေရာင္းခ်မွာျဖစ္တယ္လို႔ ဆိုထားတာေၾကာင့္ ယူနိုက္တက္အသင္းအေနနဲ႔ မက္ဒီဆင္ကို ဇန္နဝါရီကာလမွာပဲ ေခၚယူနိုင္ဖို႔ အလားအလာ ရွိပါတယ္။
မန်ချက်စတာယူနိုက်တက်အသင်းကတော့ သူတို့အသင်းရဲ့ အားနည်းချက်တစ်ခုလို ဖြစ်နေတဲ့ ကွင်းလယ်တိုက်စစ်ပိုင်းအတွက် လက်စတာအသင်းမှာ ခြေစွမ်းပြနေတဲ့ မက်ဒီဆင်ကို ခေါ်ယူဖို့အတွက် တရားဝင်ချိတ်ဆက်မှုတွေ စတင်ပြုလုပ်လာခဲ့တယ်လို့ သိရပါတယ်။ မက်ဒီဆင်ဟာ လက်ရှိဘောလုံးရာသီမှာ ပရီးမီးယားလိဂ်မှာ ၂၀ပွဲအထိ ကစားပေးထားသူဖြစ်ပြီး ၆ဂိုးသွင်းယူထားကာ ၃ဂိုးဖန်တီးပေးထားနိုင်သူပါ။
Photo Credit: Express.com
မက်ဒီဆင်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာကတည်းက ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူဖြစ်ပြီး ယူနိုက်တက်အသင်းက မက်ဂွိုင်းယားနဲ့ မက်ဒီဆင်တို့ နှစ်ဦးစလုံးကို တစ်ပြိုင်နက်တည်း ခေါ်ယူဖို့ ကြိုးစားရာမှာ လက်စတာအသင်းဘက်က ကစားသမား တစ်ဦးကိုသာ ရောင်းချဖို့အတွက် ဆုံးဖြတ်ခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်းကို အရင် အင်အားဖြည့်တင်းဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး မက်ဂွိုင်းယားကို ခေါ်ယူခဲ့တာပါ။
Photo Credit: Express.com
လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ ယူနိုက်တက်အသင်းဟာ မက်ဒီဆင်ကို ရရှိဖို့အတွက် အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်တဲ့ လင်ဂတ်ကို အလိုက်ပေးကာ အပိုငွေကြေးအဖြစ် နောက်ထပ် ပြောင်းရွှေ့ကြေး ပေါင်၄၅သန်းကိုလည်း ထပ်မံပေးချေမယ်လို့ လက်စတာအသင်းကို ကမ်းလှမ်းထားကြောင်း သိရပါတယ်။ လက်စတာအသင်းဟာ မာရက်ဇ် အသင်းကနေ ထွက်ခွာသွားချိန်မှာ လင်ဂတ်ကို ခေါ်ယူဖို့အတွက် ချိတ်ဆက်ခဲ့ဖူးတဲ့ အသင်းလည်း ဖြစ်ပါတယ်။
Photo Credit: Express.com
လက်စတာအသင်းနည်းပြ ရော်ဂျာကတော့ မက်ဒီဆင် ၊ အန်ဒီဒီ ၊ ဘန်ချီဝဲလ်စတဲ့ အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေကို မရောင်းချဘူးလို့ ယတိပြတ် ငြင်းဆိုထားခြင်းမရှိပဲ ခေါ်ယူလိုတဲ့ အသင်းတွေဟာ မိမိတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေးပမာဏကို ပေးမှသာ ကစားသမားတွေကိုရောင်းချမှာဖြစ်တယ်လို့ ဆိုထားတာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ မက်ဒီဆင်ကို ဇန်နဝါရီကာလမှာပဲ ခေါ်ယူနိုင်ဖို့ အလားအလာ ရှိပါတယ်။