မန်ယူအသင်း လက်ထောက် နည်းပြဟောင်း မူလန်စတင်းက မန်ယူအသင်းရဲ့ အိမ်မွေးခြံပေါက် လင်ဂတ်ဟာ ဘာစီလိုနာအသင်းအတွက် အင်နီယေစတာ ဘောလုံးဖြန့်နိုင်သလို မန်ယူအသင်းအတွက် ဘောလုံးဖြန့်နိုင်ခဲ့တယ်လို့ ပြောသွားပါတယ်။ လင်ဂတ်ဟာ အသက် (၇) နှစ်အရွယ်မှာ မန်ယူ လူငယ် အကယ်ဒမီကို ရောက်ရှိလာခဲ့ပြီး မန်ယူ နည်းပြဟောင်း ဖာဂူဆန်ရဲ့ လက်ထက်၊ (၂၀၁၁) ခုနှစ် နွေရာသီမှာ မန်ယူအသင်းနဲ့ ပရော်ဖယ်ရှင်နယ် စာချုပ်ကို ချုပ်ဆိုသွားခဲ့ပါတယ်။

Photo Credit: Goal

လင်ဂတ်ဟာ မန်ယူအသင်းနဲ့ ပရော်ဖယ်ရှင်နယ် စာချုပ် ချုပ်ဆိုပြီးပြီ ဖြစ်ပေမဲ့ ပွဲထွက်ခွင့် မရဘဲ အခြားအသင်းတွေကို အငှားနဲ့ သွားကစားခဲ့ရပြီး နည်းပြ ဗန်ဟားလ်ရဲ့ လက်ထက်မှာ ပရီးမီးယား လိဂ် ပွဲဦးထွက် ပွဲစဉ်ကို ကစားနိုင်ခဲ့ပါတယ်။ နည်းပြ ဖာဂူဆန်ရဲ့ လက်ထောက် နည်းပြဟောင်း မူလန်စတင်းကတော့ လင်ဂတ်ဟာ မန်ယူအသင်းအတွက် ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဘာစီလိုနာ ဂန္တဝင် ကွင်းလယ်လူဟောင်း အင်နီယေစတာလို ဘောလုံးဖြန့်နိုင်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

မူလန်စတင်းက “လင်ဂတ်က အသင်းများစွာကို အငှားနဲ့ သွားကစားခဲ့တယ်။ သူ ပြန်လာခဲ့တယ်။ အဲဒီအချိန်တုန်းက မန်ယူနည်းပြက ဗန်ဟားလ် ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ ဗန်ဟားလ်ဟာ လူငယ်ကစားသမားတွေကို အများကြီး ခေါ်ယူခဲ့ပါတယ်။ လင်ဂတ်က ပထမအသင်းမှာ ကစားဖို့ အခွင့်အရေး ရခဲ့တယ်။ ရက်ချ်ဖို့ဒ်လည်း ရခဲ့တယ်ပေါ့။ ဒါက ကစားသမားတွေ လိုအပ်တဲ့ ကံပါပဲ။ လင်ဂတ်က သူ ပါတဲ့ ပွဲစဉ်မှာ အင်နီယေစတာလို ဘောလုံး ဖြန့်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။