ေဘာလုံး သုံးသပ္ပညာရွင္ ဂယ္ရီ လုိင္ကာကေတာ့ အဂၤလန္ ပရီးမီးယားလိဂ္ ၿပိဳင္ပဲြမွာ နည္းျပ ဂြါဒီယိုလာက အျခား နည္းျပေတြထက္ လြမ္းမုိးမႈ ပုိရွိၿပီး၊ မန္ယူ နည္းျပေဟာင္း ဖာဂူဆန္ထက္ လြမ္းမုိးႏုိင္တယ္လုိ႔ ေျပာပါတယ္။ ဂယ္ရီ လုိင္ကာဟာ ကစားသမားဘဝမွာ တုိက္စစ္မွဴးအျဖစ္ ကစားခဲ့ၿပီး၊ အဂၤလန္ လက္ေရြးစင္ ကစားသမားေတြထဲက ဖိဖာ ကမၻာ့ဖလား ဗုိလ္လုပဲြစဥ္မွာ သြင္းဂုိး (၁၀) ဂုိးနဲ႔ ဖိဖာ ကမၻာ့ဖလား ဗုိလ္လုပဲြမွာ ဂိုးအမ်ားဆုံး သြင္းယူခဲ့တာပဲ ျဖစ္ပါတယ္။

Photo Credit: Allfootball

တုိက္စစ္မွဴးေဟာင္း ဂယ္ရီ လုိင္ကာဟာ လက္ရွိမွာေတာ့ ေဘာလုံး သုံးသပ္ပညာရွင္ အေနနဲ႔ ေဘာလုံးေလာကမွာ က်င္လည္ဆဲ ျဖစ္ၿပီး သူက မန္စီးတီးအသင္း နည္းျပ ပက္ ဂြါဒီယုိလာကုိ အထူး ခ်ီးက်ဴးသြားခဲ့ပါတယ္။ သူကေတာ့ သူ႔ရဲ႕ တြစ္တာ အေကာင့္မွာ မန္စီးတီး နည္းျပ ပက္ ဂြါဒီယုိလာက အဂၤလန္မွာ အလြမ္းမုိးဆုံး ျဖစ္ၿပီး၊ မန္ယူ နည္းျပေဟာင္း အဲလက္စ္ မာဂူဆန္က အဂၤလန္မွာ အေအာင္ျမင္ဆုံး နည္း ျဖစ္တယ္လုိ႔ အခုိင္အမာ ေရးသားသြားခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Allfootball

တြစ္တာမွာ ဂယ္ရီ လုိင္ကာက “ကြ်န္ေတာ္ နည္းျပ ဂြါဒီယုိလာအတြက္ ေျပာခ်င္တာ ရွိပါတယ္။ ျငင္းလုိ႔ မရတာကေတာ့ သူက ဘယ္နည္းျပထက္မဆုိ ၿပိဳင္ပဲြမွာ လြမ္းမုိးႏုိင္ပါတယ္။ ကြ်န္ေတာ္ နည္းျပ ဖာဂူဆန္ရဲ႕ ေအာင္ျမင္မႈကုိ တကယ္ ေလးစားၿပီး သူ အေအာင္ျမင္ဆုံး နည္းျပျဖစ္မွာပါ။ ဒါေပမဲ့ ဒါက လုံးဝ ျခားနားပါတယ္။ နည္းျပ ဂြါဒီယုိလာက ကစားတဲ့ ပုံစံ နဲ႔ ေတြးတဲ့ ပုံစံေတြကုိ ေျပာင္းလဲပစ္ခဲ့ပါတယ္။ သူက တုိက္ရုိက္ကစားနည္းကုိ သုံးတာပါ”လုိ႔ ေရးသားသြားပါတယ္။

{Unicode}

ဘောလုံး သုံးသပ်ပညာရှင် ဂယ်ရီ လိုင်ကာကတော့ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နည်းပြ ဂွါဒီယိုလာက အခြား နည်းပြတွေထက် လွမ်းမိုးမှု ပိုရှိပြီး၊ မန်ယူ နည်းပြဟောင်း ဖာဂူဆန်ထက် လွမ်းမိုးနိုင်တယ်လို့ ပြောပါတယ်။ ဂယ်ရီ လိုင်ကာဟာ ကစားသမားဘဝမှာ တိုက်စစ်မှူးအဖြစ် ကစားခဲ့ပြီး၊ အင်္ဂလန် လက်ရွေးစင် ကစားသမားတွေထဲက ဖိဖာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်မှာ သွင်းဂိုး (၁၀) ဂိုးနဲ့ ဖိဖာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဂိုးအများဆုံး သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Allfootball

တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်ကာဟာ လက်ရှိမှာတော့ ဘောလုံး သုံးသပ်ပညာရှင် အနေနဲ့ ဘောလုံးလောကမှာ ကျင်လည်ဆဲ ဖြစ်ပြီး သူက မန်စီးတီးအသင်း နည်းပြ ပက် ဂွါဒီယိုလာကို အထူး ချီးကျူးသွားခဲ့ပါတယ်။ သူကတော့ သူ့ရဲ့ တွစ်တာ အကောင့်မှာ မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက အင်္ဂလန်မှာ အလွမ်းမိုးဆုံး ဖြစ်ပြီး၊ မန်ယူ နည်းပြဟောင်း အဲလက်စ် မာဂူဆန်က အင်္ဂလန်မှာ အအောင်မြင်ဆုံး နည်း ဖြစ်တယ်လို့ အခိုင်အမာ ရေးသားသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Allfootball

တွစ်တာမှာ ဂယ်ရီ လိုင်ကာက “ကျွန်တော် နည်းပြ ဂွါဒီယိုလာအတွက် ပြောချင်တာ ရှိပါတယ်။ ငြင်းလို့ မရတာကတော့ သူက ဘယ်နည်းပြထက်မဆို ပြိုင်ပွဲမှာ လွမ်းမိုးနိုင်ပါတယ်။ ကျွန်တော် နည်းပြ ဖာဂူဆန်ရဲ့ အောင်မြင်မှုကို တကယ် လေးစားပြီး သူ အအောင်မြင်ဆုံး နည်းပြဖြစ်မှာပါ။ ဒါပေမဲ့ ဒါက လုံးဝ ခြားနားပါတယ်။ နည်းပြ ဂွါဒီယိုလာက ကစားတဲ့ ပုံစံ နဲ့ တွေးတဲ့ ပုံစံတွေကို ပြောင်းလဲပစ်ခဲ့ပါတယ်။ သူက တိုက်ရိုက်ကစားနည်းကို သုံးတာပါ”လို့ ရေးသားသွားပါတယ်။