နှစ်တိုင်းလိုုလိုမှာ သူရဲ့ကလပ်အသင်း ဘိုင်ယန်မြူးနစ်အတွက်ကိုရော နိုင်ငံလက်ရွေးစင်အသင်း ပိုလန်အတွက်ပါ သွင်းဂိုးတွေများစွာ ရယူပေးလေ့ရှိတဲ့ တိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီးကတော့ သူရဲ့အကောင်းဆုံးသော စွမ်းဆောင်ရည်များကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် တစ်နှစ်တာလုံးအတွက် ပိုလန်နိုင်ငံရဲ့အကောင်းဆုံးသော ဘောလုံးသမားဆုကို ပြန်လည်ပိုင်ဆိုင်ခဲ့ရပါတယ်။ လီဝန်ဒေါစကီးက အခုတစ်ကြိမ်နဲ့ဆိုရင် ပိုလန်ရဲ့ POTY (Player of the year) ဆုကို ပိုင်ဆိုင်နိုင်ခဲ့တာက ၈ကြိမ်မြောက်ထိ ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

Photo Credit : Goal.com

အသက်၃၁နှစ်အရွှယ် ရှိနေပေမယ့်လည်း ပိုလန်လက်ရွေးစင် တိုက်စစ်မှူးကြီးကတော့ အသက်ကြီးလေ သူရဲဲ့သွင်းဂိုးစွမ်းရည်တွေက ပိုကောင်းလာလေဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်အတွင်းမှာလည်း ဂိုးပေါင်းများစွာရယူနိုင်ခဲဲ့တာကြောင့် အခုလို တစ်နှစ်တာအကောင်းဆုံးဆုကို ပြန်လည်ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ၂၀၁၈ခုနှစ်ရဲ့ ပိုလန်အကောင်းဆုံးဆုကိုတော့ မပိုင်ဆိုင်နိုင်ခဲ့ပဲ လက်ရှိဝက်စ်ဟမ်းအသင်းရဲ့ ဂိုးသမားဖြစ်သူ ဖာဘီယန်စကီးက ရရှိခဲ့တာဖြစ်ပြီး ဒီတစ်ခေါက်တော့ ဖာဘီယန်စကီးဆီကနေ ပြန်လည်ရယူနိုင်ခဲဲ့တာဖြစ်ပါတယ်။

Photo Credit : UEFA

လီဝန်ဒေါစကီးဟာ ပိုလန်ကလပ် လက်ပေါ့ဇ်နန်အသင်းကနေ ဒေါ့မွန်အသင်းဆီကို ၂၀၁၀ခုနှစ်မှာ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ နောက်တစ်နှစ်အကြာ ၂၀၁၁ခုနှစ်မှာပဲ ပိုလန်ရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို စတင်ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ လီဝန်ဒေါစကီးက ပိုလန် POTY ဆုကို ၂၀၁၁ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ ရနှစ်ဆက်တိုက်ကို တောက်လျှောက်ပိုင်ဆိုင်ခဲဲ့ရတာဖြစ်ပြီး အခုတော့ တစ်နှစ်ခြားပြီး ၈ကြိမ်မြောက် ဆက်လက်ပိုင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ လက်ရှိဘောလုံးရာသီမှာလည်း ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒက်လီဂါမှာရော ချန်ပီယံလိဂ်မှာ သွင်းဂိုးတွေများစွာ ရယူထားခဲ့ပြီး ဥရောပရွှေဖိနပ်ဆုအတွက် အခြေအနေကောင်းလျက်ရှိနေပါတယ်။