ဘာစီလိုနာအသင်းနဲ့ ပိုလန်လက်ရွေးစင်အသင်းတို့ရဲ့ ထိပ်တန်း တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးက ဘာစီလိုနာအသင်း legend ကစားသမားဟောင်းကြီးဖြစ်သူ လီယွန်နယ်မက်ဆီနဲ့အတူ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ တွဲဖက်ကစားချင်တယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။

Photo Credit : BeSoccer

ပိုလန်လက်ရွေးစင် အထောင်တိုက်စစ်ကစားသမား လီဝန်ဒေါစကီးက သူလက်ရှိ ပါဝင်ကစားနေတဲ့ ဘာစီလိုနာအသင်းမှာ အချိန်ကြာမြင့်စွာ ပါဝင်ကစားခဲ့ဖူးသလို အသင်းအတွက် ဂန္တဝင်ကစားသမားပါ ဖြစ်ခဲ့ရတဲ့ မက်ဆီနဲ့အတူ တွဲဖက်ကစားရဖို့က သူ့အတွက် အိမ်မက်တစ်ခုလိုပဲလို့ ပြောဆိုလိုက်ပါတယ်။ မက်ဆီဟာ လက်ရှိ ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းမှာ ပါဝင်ကစားနေတာ ဖြစ်ပေမယ့်လည်း ရာသီအကုန်မှာပဲ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းကုန်ချိန်မှာပဲ သူ့အသင်းဟောင်း ဘာစီလိုနာကို ပြန်လာဖွယ် ရှိနေတာကြောင့် လီဝန်ဒေါစကီးက မက်ဆီနဲ့ တွဲဖက် ကစားရဖို့ အခြေအနေမျိုးမှာ ရှိနေရပါတယ်။

Photo Credit : Marca

“မက်ဆီက အံ့အားသင့်စရာကောင်းတဲ့ ဘောလုံးပေးပို့မှုတွေနဲ့ တောက်ပနေခဲ့ပြီး သူက တိုက်စစ်မှူးအနေနဲ့လည်း ကစားနေတယ်။ ခင်ဗျား မက်ဆီအကြောင်းကို တွေးလိုက်မိပြီဆိုရင် သူက တိုက်စစ်မှူးတွေနဲ့ ကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေ ရှိတယ်ဆိုတာကို သိရလိမ့်မယ်။ သူက ပင်နယ်တီဧရိယာထဲ ဘောလုံးကို ဘယ်လိုထည့်ပေးရမလဲဆိုတာ ကွင်းလယ်ကနေ တိုက်စစ်လမ်းကြောထဲ ဘောလုံး ဘယ်လိုပေးပို့ရမလဲဆိုတာ သူသိတယ်။ အဲ့ဒီနေရာမှာတော့ မက်ဆီက ကမ္ဘာ့အကောင်းဆုံးပါပဲ” လို့ လီဝန်ဒေါစကီးက ချီးမွမ်းသွားခဲ့ပါတယ်။ ဆက်လက်ပြီး လီဝန်ဒေါစကီးက မက်ဆီနဲ့ ပတ်သတ်ပြီး “အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပေမယ့် တိုက်စစ်မှူးတစ်ယောက်အနေနဲ့ကတော့ လီယွန်နယ်မက်ဆီနဲ့ တွဲဖက် ကစားရဖို့ဆိုတာ သေချာပေါက် အိမ်မက်တစ်ခုပါပဲ” လို့ ဖွင့်ဟလိုက်ပါတယ်။ လီဝန်ဒေါစကီးဟာ လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံးသော အထောင်တိုက်စစ်မှူးတွေထဲကမှ တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ဒီလို N0(9) Striker မျိုးနဲ့ မက်ဆီလို GIAT ကြီး တစ်ဦးနဲ့ တစ်သင်းတည်းမှာ တွဲဖက် ကစားရမယ်ဆိုရင် ဒီကစားသမားနှစ်ဦးရဲ့ တိုက်စစ်အတွဲအဖက်က အတော်လေး ကြောက်မက်ဖွယ်ရာကောင်းလာနိုင်ပါတယ်။