MySport Myanmar

ကစားသမားဘဝက အနားမယူခင် မက်ဆီနဲ့ တွဲကစားချင်တယ်လို့ လီဝန်ဒေါစကီး ဖွင့်ဟ

ဘာစီလိုနာအသင်းရဲ့ ပိုလန် ဝါရင့် တိုက်စစ်ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးက သူရဲ့ ဘောလုံးသမားဘဝကို အဆုံးမသတ်သေးခင်မှာ လက်ရှိ ဘောလုံးလောကရဲ့ GOAT ကြီးတစ်ဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့ တစ်သင်းတည်းမှာ တွဲဖက် ကစားသွားချင်တယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Sportskeeda

လက်ရှိ ဘောလုံးလောကရဲ့ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ မက်ဆီနဲ့ လီဝန်ဒေါစကီးတို့ဟာ ဘောလုံးပြိုင်ပွဲတွေအတွင်း ပြိုင်ဘက်တွေအဖြစ်နဲ့သာ မကြာခဏ တွေ့ဆုံထားခဲ့ကြပြီး အသင်းဖော်တွေအဖြစ်တော့ ခုထိ မကစားနိုင်သေးပဲ ရှိနေပါတယ်။ လက်ရှိမှာ လီဝန်ဒေါစကီးဟာ မက်ဆီရဲ့ ကလပ်အသင်းဟောင်း ဘာစီလိုနာမှာ ပါဝင်ကစားနေတာဖြစ်ပြီး မက်ဆီကတော့ ဘာစီလိုနာနဲ့ လမ်းခွဲပြီးနောက်ပိုင်း ပီအက်စ်ဂျီအသင်းမှာ ပါဝင်နေသလို အခုလည်း ပီအက်စ်ဂျီနဲ့ သက်တမ်းတိုးဖို့ပါ စီစဉ်နေတာကြောင့် ဒီကစားသမားနှစ်ဦးကို တစ်သင်းတည်းမှာ တွေ့မြင်ရဖို့က အခွင့်အလမ်း နည်းသထက် နည်းလာခဲ့ရပါတယ်။

Photo Credit : Marca

လီဝန်ဒေါစကီးက ကစားသမားဘဝက အနားမယူခင် မက်ဆီနဲ့ တွဲကစားချင်လားဆိုတဲ့ မေးခွန်းအပေါ် “သေချာတာပေါ့။ အခု သူက playmaker တစ်ယောက်လို ပိုမို ကစားနေတာကို တွေ့့နေရတယ်။ သူက ဂိုးတွေ သွင်းယူနေပေမယ့်လည်း သူရဲ့ ဂိုးတွေက အရေအတွက် နည်းလာနိုင်ပြီး သူ့အသင်းဖော်တွေကို ဘောလုံးပေးပို့မှုတွေ ပိုလုပ်လာနိုင်တယ်။ ဒါပေမယ့် တခြားသော အချိန်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အခုဆိုရင် ဘယ် တိုက်စစ်မှူးမျိုးဆို သူနဲ့ တွဲကစားဖို့ အိမ်မက်မက်နေမှာ သေချာပါတယ်” လို့ ဖြေဆိုလာခဲ့သလို မက်ဆီက (၈)ကြိမ်မြောက် Ballon d’Or ဆုကို ထပ်မံ ပိုင်ဆိုင်သွားနိုင်ဦးမလားဆိုတဲ့ မေးခွန်းကိုလည်း လီဝန်ဒေါစကီးက “အသေအချာပါပဲ။ အသင်းတစ်ခုတည်းအတွက် ကစားမယ့် နောက်ထပ် ကစားသမားတစ်ယောက် ရှိကောင်းရှိနိုင်ပေမယ့် ဒီရာသီမှာ ဘယ်သူ အနိုင်ရမလဲဆိုတာကို ဆုံးဖြတ်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုပဲ ရှိနေပြီး လီယိုက သူအောင်မြင်မှုတွေကြောင့် အရာရာတိုင်းအတွက် သေချာပေါက် ထိပ်တန်းနေရာကို ရောက်နေပါပြီ။ အခုတော့ သူပျော်နိုင်ပြီပေါ့” သုံးသပ် ဖြေကြားလာခဲ့ပါတယ်။

Exit mobile version