မနေ့ညက ကစားသွားခဲ့တဲ့ ဘိုင်ယန်မြုးနစ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်အတွင်းမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး သွင်းဂိုး(၂)ဂိုးအပြင် ဂိုးဖန်တီးမှု(၁)ကြိမ်ပါ ပူးတွဲပြုလုပ်ထားနိုင်ခဲ့တဲ့ ဘိုင်ယန်ရဲ့တိုက်စစ်ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးဟာ အခုဆိုရင် တစ်နှစ်တာအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးများစွာ ရယူထားနိုင်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့သွင်းဂိုးပမာဏနားကို ရောက်လာခဲ့ပြီဖြစ်ပေမယ့်လည်း လီဝန်ဒေါစကီးကတော့ အဲ့ဒီစံချိန်တွေကို အာရုံစိုက်ထားခြင်းမရှိဘူးလို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၃၁)နှစ်အရွှယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဘက်ကို (၂)ဂိုးထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၇)ပွဲအထိ ကစားထားနိုင်ခဲ့ပြီး သွင်းဂိုး(၁၃)ဂိုးအထိကို ရှိလာခဲ့ရပါတယ်။ ဒီသွင်းဂိုးပမာဏဟာ တိုက်စစ်ကစားသမား ၂၀၁၃-၂၀၄ ဘောလုံးရာသီအတွင်း တိုက်စစ်မှူးရော်နယ်ဒို ချန်ပီယံလိဂ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုအရေအတွက်နားကို ကပ်လာခဲ့ရပြီး သွင်းဂိုး(၄)ဂိုးသာ ကွာဟနေပါတော့တယ်။ ဒါပေမယ့်လည်း လီဝန်ဒေါစကီးက ရော်နယ်ဒိုရဲ့စံချိန်ကို လိုက်မှီဖို့ ကျော်ဖြတ်နိုင်ဖို့ထက် သူရဲ့ဘိုင်ယန်အသင်း အောင်မြင်ဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ပဲ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Twitter

လီဝန်ဒေါစကီးက “ကျွန်တော်ကတော့ ကျွန်တော့်အတွက် ပစ်မှတ်ထားတာ မရှိပါဘူး။ ကျွန်တော်တို့တွေက ရှေ့မှာ နောက်ထပ်ရှံးထွက်ပွဲစဉ်တစ်ပွဲကို ဆက်လက်ကစားရဦးမှာဖြစ်ပြီးတော့ အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ အရေးကြီးတဲ့အချက်ကတော့ အကောင်းဆုံး ကစားနိုင်ဖို့နဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းသွားနိုင်ဖို့ပါပဲ။ ကျွန်တော်တို့တွေက ဆီမီးဖိုင်နယ် တတ်လှမ်းခွင့်ရဖို့အတွက် ပြိုင်ဘက်အသင်းထက် ပိုကောင်းပြီး ပိုထိုက်တန်တဲ့ အသင်းတစ်သင်းဖြစ်နေတယ်ဆိုတာကို ပြသဖို့လိုအပ်ပါတယ်။ ဘာစီလိုနာအသင်းဆိုတာကလည်း အမြဲတမ်းအန္တရာယ်ရှိတဲ့ အသင်းတစ်သင်းဖြစ်ပြီး ကစားပုံကလည်း အရမ်းကောင်းပါတယ်။ ကျွန်တော်တို့အသင်းနဲ့ သူတို့အသင်းထဲက ပိုကောင်းတဲ့အသင်း ဆီမီးဖိုင်နယ်ကို ရောက်သွားမှာပါ” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ဒီနှစ်ဘောလုံးရာသီမှာ သွင်းဂိုးများစွာကို ရယူနိုင်ခဲ့ပြီး ဘွန်ဒစ်လီဂါမှာလည်း (၃၄)ဂိုး သွင်းယူနိုင်ခဲ့ကာ ရွှေဖိနပ်ဆုကို ပိုင်ဆိုင်ခဲ့ပေမယ့် ဥရောပရွှေဖိနပ်ဆုကိုတော့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် လာဇီယိုတိုက်စစ်မှူး အင်မိုဘီလီက (၃၆)ဂိုးနဲ့ ကျော်ဖြတ်သွားခဲ့တဲ့အတွက် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။