MySport Myanmar

အင်တာမိုင်ယာမီနဲ့ပွဲမှာ ဘာစီလိုနာအတွက် စတင် ကစားပေးဖွယ်ရှိတဲ့ လီဝန်ဒေါစကီး

နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း ဘိုင်ယန်မြူးနစ်အသင်းကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့လာခဲ့တဲ့ ပိုလန်တိုက်စစ်ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာပဲ အမေရိကန်နိုင်ငံကို ရောက်ရှိလာပြီး ဘာစီလိုနာနဲ့ ပူးပေါင်းလာခဲ့တာကြောင့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းနဲ့ ယှဉ်ပြိုင်မယ့် ရာသီကြို ခြေစမ်းပွဲမှာပါ အသင်းအတွက် စတင် ပါဝင်ကစားဖွယ် ရှိနေကြောင်း သိရပါတယ်။

Photo Credit : Telegraph India

နွေဈေးကွက်အတွင်း မထင်မှတ်ထားလောက်အောင် ကစားသမားသစ်တွေ ဆက်တိုက် ခေါ်ယူလို့နေတဲ့ ဘာစီလိုနာအသင်းဟာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ ပိုလန်လက်ရွေးစင် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးကိုပါ ယူရို(၄၅)သန်းနဲ့ (၃)နှစ်စာချုပ်နဲ့ ခေါ်ယူအားဖြည့်သွားခဲ့ပါတယ်။ လီဝန်ဒေါစကီးလို world-class no(9) striker မျိုးကို ခေါ်ယူနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ မနေ့ကအထိ အသင်းနဲ့ တရားဝင် စာချုပ်ချုပ်ဆိုခြင်းနဲ့ ကစားသမား မိတ်ဆက်ခြင်းတွေကို မပြုလုပ်ရသေးပေမယ့်လည်း လီဝန်ဒေါစကီးကိုယ်တိုင် အမေရိကခရီးစဉ် ရှိနေတဲ့ ဘာစီလိုနာအသင်းနဲ့ လာရောက်ပူးပေါင်းနိုင်ခဲ့တာကြောင့် မိုင်ယာမီအသင်းနဲ့ ခြေစမ်းပွဲမှာ ပါဝင်လာနိုင်ဖွယ် ရှိနေရပါတယ်။

Photo Credit : Daily Star

အသက်(၃၃)နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ဘိုင်ယန်အသင်းမှာ (၈)နှစ်တာလောက်အထိ ပါဝင်ခဲ့ပြီးနောက်မှာ အသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒရှိလာခဲ့ပြီး ကစားသမားဘဝ အဆုံးမသတ်ခင်မှာ သူ အလွန်ပြောင်းရွှေ့လိုတဲ့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းနဲ့ စတင် ပူးပေါင်းနေပြီဖြစ်တဲ့ လီဝန်ဒေါစကီးဟာ ဘာစီလိုနာကို ဥရောပရဲ့ ထိပ်ဆုံးနေရာအထိ ပြန်လည်ရောက်ရှိလာအောင် အစွမ်းကုန် ကူညီပေးသွားမယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပြီး သူ့အနေနဲ့ ဘိုင်ယန်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာဖို့အတွက်လည်း အလွယ်တကူ ဆုံးဖြတ်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ အခုလို ဘာစီလိုနာအတွက် ပါဝင်ကစားချင်နေတဲ့ လီဝန်ဒေါစကီးဟာ မနက်ဖြန် မနက်အစောပိုင်း မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းနဲ့ ယှဉ်ပြိုင်သွားမယ့် ရာသီကြို ခြေစမ်းပွဲစဉ်မှာ ပါဝင်လာရွယ် ရှိနေသလို တကယ်လို့ ဒီပွဲကို လွဲချော်ခဲ့ရမယ်ဆိုရင်လည်း ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်မယ့် အက်ကလက်စီကိုဒါဘီ ခြေစမ်းပွဲမှာ လီဝန်ဒေါစကီးကို သေချာပေါက် အသုံးပြုလာဖွယ် ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ အင်တာမိုင်ယာမီ ရီးယဲလ် ဂျုဗင်တပ်စ် နယူးယောက်ရက်ဘူးလ်အသင်းတွေနဲ့ ခြေစမ်းသွားမှာဖြစ်သလို UNAM အသင်းနဲ့လည်း ယိုအန်ဂမ်ပါ ဖိတ်ခေါ်ဖလားပွဲကိုလည်း ဆင်နွဲသွားမှာ ဖြစ်ပါတယ်။

Exit mobile version