ဘွန်ဒက်စ်လီဂါအင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်တ​ဲ့ အသက်၃၁နှစ်အရွယ် ပိုလန်သားကြီး လီဝန်ဒေါစကီးကတော့ သူဟာ ဒေါ့မွန်အသင်းမှာ ကစားစဉ်က ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းဆီပြောင်းရွှေ့ဖို့အတွက် နီးစပ်ခဲ့တယ် လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းထံ မပြောင်းရွှေ့မီမှာ ဘိုင်ယန်အသင်းရဲ့ ခါးသီးပြိုင်ဘက် ဖြစ်တဲ့ ဒေါ့မွန်အသင်းမှာ ကစားခဲ့သူတစ်ဦးပါ။

Photo Credit: Mirror.com

လီဝန်ဒေါစကီးက သူဟာ ဒေါ့မွန်အသင်းကို ရောက်ရှိပြီး ဒုတိယရာသီမှာပဲ မန်ယူအသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ဆီကနေ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ကြောင်းနဲ့ သူ့အနေနဲ့လဲ ဖာဂူဆန်ရှိရာ မန်ယူအသင်းဆီကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့ကြောင်း အင်တာဗျူးတစ်ခုမှာ ပြန်ပြောင်း ပြောပြသွားခဲ့တာပါ။ လီဝန်ဒေါစကီးရဲ့ ပြောပြချက်အရတော့ သူဟာ ဒေါ့မွန် အသင်းအတွက် တစ်ရာသီအတွင်း ဂိုး၃၀ သွင်းနိုင်ခဲ့တဲ့ ၂၀၁၂ခုနှစ်မှာ ဖာဂူဆန်ဆီကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့လာဖို့ စည်းရုံးတဲ့ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့တာလို့ သိရှိရပါတယ်။

Photo Credit: Mirror.com

ဖာဂူဆန်ဆီကနေ ဖုန်းခေါ်ဆိုမှု ရရှိခဲ့တာနဲ့ ပတ်သတ်ပြီး လီဝန်ဒေါစကီးက ” ကျွန်တော်က ဒေါ့မွန်အသင်းမှာ ဒုတိယမြောက်ရာသီကို ကစားနေတဲ့အချိန် ဖာဂူဆန်ဆီကနေ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့ပြီး အဲ့ဒီအချိန်က မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ အတော်လေးကို စိတ်ဝင်စားခဲ့တာပါ​။ ဘာလို့လဲဆိုတော့ ခင်ဗျားကို ဖုန်းခေါ်တဲ့သူက ဖာဂူဆန်ဖြစ်နေပြီး ပြောင်းရမယ့်အသင်းက မန်ယူဖြစ်နေလို့လေ။ ဒေါ့မွန် အသင်းကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး မရဘူး ၊ ဒါပဲဆိုပြီး ပြတ်ပြတ်သားသားကို တုန့်ပြန်ခဲ့တာပါ။ အသက်ငယ်သေးတဲ့ ကစားသမားတစ်ဦး အတွက် ဖာဂူဆန်ဆီကနေ ဖုန်းခေါ်ဆိုမှုတစ်ခုရတာက တကယ်ကို ကျေနပ်ဖို့ကောင်းပါတယ် ” လို့ ပြောကြားသွားခဲ့တာပါ။

[/fusion_text][/fusion_builder_column][/fusion_builder_row][/fusion_builder_container]