နည်းပြ ဇာဗီ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းဟာ အခု ဆောင်းရာသီစျေးကွက် မပိတ်သိမ်းခင်မှာပဲဆ ပီအက်စ်ဂျီအသင်းက စပိန်တိုက်စစ်ကစားသမား မားကို့ အဆန်စီယိုကို ခေါ်ယူ အားဖြည့်သွားချင်နေတယ်လို့ Sky Sports အာကစား မီဒီယာကြီးကနေ ဖော်ပြလာခဲ့ပါတယ်။

ဒီရာသီမှာ အသင်းရဲ့သွင်းဂိုးအတွက် အားထားရတဲ့ တိုက်စစ်မှူး ဘိုနီဖော့စ် မကြာသေးခင်ကမှ ဒဏ်ရာရသွားခဲ့တာကြောင့် ဧပြီလမှ ဘောလုံးပြန်ကစားနိုင်တော့မှာဖြစ်လို့ သူ့နေရာမှာ အစားထိုးဖို့အတွက် အစ်ဂလီစီယပ်စိကို ဘက်တစ်ကနေ အငှားနဲ့ ခေါ်ယူထားခဲ့ရပါတယ်။

Marco Asensio has not found form at PSG after Real Madrid move - AS USA

Photo Credit : AS USA

ဒါပေမယ့် လေဗာကူဆင်အနေနဲ့ကတော့ အခုဈေးကွက် မသိမ်းခင်မှာပဲ နောက်ထပ် ကစားသမားတစ်ဦးခန့် ထပ်မံ ဖြည့်တင်းသွားဖို့ ဆန္ဒရှိနေပြီး ပီအက်စ်ဂျီမှာ ပွဲကစားခွင့်တွေ သိပ်မရရှိတဲ့ အဆန်စီယိုကို ခေါ်ယူသွားချင်နေပါတယ်။

အသက် (၂၈)နှစ်အရွယ် ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်း အဆန်စီယိုက ဒီနွေမှ ရီးယဲလ်ကနေ ပီအက်စ်ဂျီအသင်းဆီကို အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီရာသီထဲ ပီအက်စ်ဂျီအတွက် လီဂူးဝမ်းပွဲစဉ် (၇)ပွဲလေးသာ ကစားထားရပါတယ်။

Photo Credit : Goal

အဆန်စီယိုအနေနဲ့ လာမယ့် ယူရို-၂၀၂၄ပြိုင်ပွဲမှာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ကစားရဖို့အတွက် ကလပ်အသင်းမှာ ပွဲကစားခွင့်တွေ ပိုမို ရရှိချင်နေပြီး လာမယ့်နွေမှာပါ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ကို စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ထားခဲ့ပါသေးတယ်။

အခုတော့ သူ့ကို ဘွန်ဒက်စ်လီဂါ ချန်ပီယံလောင်းအသင်း လေဗာကူဆင်က စတင် ချဉ်းကပ်လာခဲ့ပြီဖြစ်ပြီး ဆွေးနွေးမှုတွေလည်း လုပ်ဆောင်လျက် ရှိနေပြီ ဖြစ်ပေမယ့် ပီအက်စ်ဂျီကတော့ နွေကမှ ခေါ်ယူထားတဲ့ ကစားသမားတစ်ဦးကို လဝက်အတွင်းမှာပဲ အသင်းကနေ ရှင်းထုတ်တာမျိုး မလုပ်ဆောင်ချင်တဲ့အတွက် လာမယ့်နွေမှသာ အပြောင်းအရွှေ့ ဖြစ်ပေါ်လာနိုင်ပါတယ်။