မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ တနင်္ဂနွေနေ့ည (၁၁း၀၀) အချိန်မှာ ကစားသွားရမယ့် မန်စီးတီအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အရင်က ပွဲစဉ်လိုမျိုး အပြန်အလှန် သွင်းဂိုးတွေ သွင်းပြီး (၄-၃) ရလဒ် ထွက်ပေါ်လာဖို့ မျှော်လင့်ပါတယ်လို့ Skysports သတင်းမှာ ပြောသွားပါတယ်။ မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေ ဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ ချန်ပီယံရှစ် ဒါဘီကောင်တီအသင်းကို အဝေးကွင်းမှာ ပေးဂိုးမရှိဘဲ ဂိုးပြတ် (၃-ဝ) နဲ့ အနိုင်ရခဲ့တာကြောင့် အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ နောက်တစ်ဆင့်ကို တက်သွားခဲ့ပြီး ဖြစ်ပါတယ်။

Photo Credit: Skysports

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ဒါဘီကောင်တီအသင်းကို (၃-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၉) ပွဲဆက် ရှုံးပွဲမရှိတဲ့ စံချိန်ကို ရရှိနိုင်ခဲ့ပြီး တနင်္ဂနွေနေ့ညမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်ဖို့အတွက် မန်စီးတီးအသင်းနဲ့ ကစားသွားရမှာပါ။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) ပွဲ ကစာပြီးရာမှာ ရမှတ် (၄၂) မှတ်နဲ့ အဆင့် (၅) နေရာမှာ ရပ်တည်နေတာကြောင့် တနင်္ဂနွေနေ့ည မန်စီးတီးအသင်းကိုသာ အနိုင်ရမယ် ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ပိုပြီး နီးစပ်သွားမှာ ဖြစ်ပြီး နည်းပြ ဆိုးလ်ရှားကတော့ ဂန္တဝင် ပွဲစဉ် ဖြစ်အောင် ပြုလုပ်ချင်ပါတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Skysports

နည်းပြ ဆိုးလ်ရှားက “မန်စီးတီးအသင်းက ယုံကြည်မှု ပြည့်နေကြမှာပါ။ သူတို့က ပုံစံကောင်း ရရှိနေပါတယ်။ သူတို့က ကောင်းစွာ ကစားနေကြပါတယ်။ သူတို့အနေနဲ့ ဘာနေဗျူးကွင်းကို သွားရောက် ကစားပြီး အဲဒီမှာ အနိုင်ရခဲ့ပါတယ်။ ဖလားလုပွဲစဉ်မှာလည်း အနိုင်ရရှိခဲ့ပါတယ်။ ဒီတော့ သူတို့ အကောင်းဆုံး ကစားမှာ ဖြစ်ပြီး ကျွန်တေ်ာတို့လည်း အကောင်းဆုံး ကစားမှာပါ။ ဒီပွဲစဉ်က ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ဒီပွဲစဉ်မှာ (၄-၃) ရလဒ် ထွက်ပေါ်လာဖို့ မျှော်လင့်ပါတယ်။ အရင်က ကျွန်တော်တို့ မြင်ခဲ့တဲ့ ပွဲစဉ်လို ဖြစ်ချင်ပါတယ်။ အရင်က ပွဲစဉ်တွေမှာ ဂန္တဝင် ပွဲစဉ်တွေ အများကြီး ရှိခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီပွဲစဉ်ကို ဂန္တဝင် ပွဲစဉ် ဖြစ်အောင် ပြုလုပ်သွားချင်ပါတယ်”လို့ အခိုင်အမာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။