MySport Myanmar

ယာမယ်လ်ကို မက်ဆီနဲ့ ခိုင်းနှိုင်းနေတာက သူ့အတွက် ဘာအကူအညီမှ မဖြစ်စေဘူးလို့ ဇာဗီ ဆို

ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီ ဟာနန်ဒက်ဇ်က အသင်းက ဆယ်ကျော်သက် လူငယ်ကြယ်ပွင့် ကစားသမားလေး လာမိုင်း ယာမယ်လ်ကို လီယွန်နယ် မက်ဆီနဲ့ ခိုင်းနှိုင်းနေခြင်းတွေက ကစားသမားလေးအတွက် ဘာအကူအညီမှ မဖြစ်လာစေဘူးလို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် (၁၆)နှစ်အရွယ်လေးသာ ရှိနေသေးတဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမားလေး ယာမယ်လ်ဟာ အသက်ငယ်ငယ်လေးနဲ့ ဘာစီလိုနာ စီနီယာအသင်းအတွက်သာမကပဲ စပိန်လက်ရွေးစင်အသင်းအတွက် ကစားခွင့် ရရှိနေသူလည်း ဖြစ်ပါတယ်။

Photo Credit : beIN SPORTS

ဒီချာတိတ်လေးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကနေ စတင်ပြီး ဘာစီလိုနာ အသင်းကြီးအတွက် စတင် ကစားခွင့် ရရှိခဲ့ရင်းနဲ့ ဒီရာသီမှာတော့ ဘာစီလိုနာရဲ့ အဓိက ကစားသမားပါ ဖြစ်လာခဲ့ရင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၃၇)ပွဲအထိပါ ပါဝင်ထားခဲ့ရသလို သွင်းဂိုး (၆)ဂိုးသွင်း (၇)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းက သူတို့ရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်ထားတာဖြစ်ပြီး ဒီကစားသမားတွေကလည်း အသင်းအတွက် အမြဲတမ်း အကျိုးပြုလျက် ရှိနေရာ အခုလည်း ယာမယ်လ်က ဘာစီလိုနာအသင်းအတွက် အတော်လေးကို အကျိုးပြုနေပါတယ်။

Photo Credit : Sport Brief

ဒီလို တောက်ပနေတဲ့ လာမယ်လ်က်ို မာယော့ကာအသင်းရဲ့ နည်းပြကိုယ်တိုင်ပါ ဘာစီလိုနာ ဂန္တဝင် ကစားသမားဟောင်းကြီး လီယွန်နယ် မက်ဆီနဲ့ ခိုင်းနှိုင်းပြီး ချီးကျူးမှုတွေ လုပ်ဆောင်လာခဲ့ရာ ဒါကို ဇာဗီကတော့ သိပ်သဘောကျခြင်း မရှိပဲ ပြန်လည် ရှင်းလင်း ပြောဆိုမှု ပြန်လုပ်ဆောင်ခဲ့ပါတယ်။

“လာမိုင်း ယာမယ်လည်း ကူဘာဆီလိုပဲ တကယ့်ကို အံ့အားသင့်စရာ ကစားသမားလေး တစ်ဦးပါ။ ဒါပေမယ့် သူ့ကို လီယွန်နယ် မက်ဆီနဲ့ အခုလို ခိုင်းနှိုင်း ပြောဆိုနေတာတွေက ဒီကစားသမားလေးအတွက် ဘာအကူအညီမှ မရလာစေပါဘူး။ ကျွန်တော်တို့တွေ စိတ်အေးအေးထားပြီး ကစားသမားလေးရဲ့ တိုးတက်လာမှုကိုပဲ စောင့်ကြည့်နေရမှာပါ။” လို့ ဇာဗီက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Exit mobile version